ဝိုင်ဘီအက်စ်ပေါ်မှာ သားသမီးချင်း ကိုယ်ချင်းမစာတဲ့ သက်ကြားအို ထောက်လှမ်းရေး

အသက်က သင်္ချိုင်းရောက်ပေမယ့် တဏှာကြီးနေသေးတဲ့ ခရမ်းရောင်အင်္ကျီနဲ့ အဘိုးကြီးအကြောင်း အမျိုးသမီးများ သတိထားရအောင် ကြုံခဲ့ရတာလေးကို တင်ချင်ပါတယ်။

ဒီမနက် ၆၂ ကားပေါ်မှာ မြေနီကုန်း (မှတ်တိုင် သေချာ မမှတ်မိ) က တက်လာတဲ့ အဲ့အဖိုးကြီးက ညီမရှေ့က အမျိုးသမီးဘေး ဝင်ထိုင်တယ်။ အဲ့အဘိုးကြီးလက်က ပထမပုံမှာ မြင်တဲ့အတိုင်း လက်က ခုံ နှစ်ခုံကြားထဲ ထားထားတာပါ။ ကျမတွေ့လို့ ရိုက်ထားတာပါ။

နောက်အမျိုးသမီးက ထသွားတော့ သူ့လက်က အဲ့အမျိုးသမီး ပေါင်နားကပ်ပါ သွားပါတယ်။ အဲ့အခြေအနေကို ဓာတ်ပုံ မရိုက်လိုက်ရပါဘူး။ အဲ့အဘိုးကြီး ကျမကို လှည့်ကြည့်ပါတယ်။ အဲ့တုံးက ကျမဘေးမှာ ထိုင်တဲ့လူရှိတယ်ရှင့်။ အဲဒါနဲ့ အဲဒီအလိုးကြီးက ဒုတိယပုံမှာ မြှားပြထားတဲ့သူနား သွားပြောင်းထိုင်ပါတယ်။ နောက်တော့ ကျမဘေးက လူ ထသွားတာ အဲဒီအဘိုးကြီးမြင်တော့ ကျမနားလာဖို့ ထလာပါတယ်။

ဘာလို့ဆို ကျမက နောက်ဆုံးတန်းမှာ တယောက်ထဲ နောက်ဆုံး တတန်းလုံး ဘယ်သူမှ မရှိတော့ဘူးလေ။ ဒါပေမယ့် သူကျမဆီအလာ ပေါ်တင်ပဲ ကျမ သူ့ကို ဓာတ်ပုံရိုက်လိုက်ပါတယ်။ အဲ့ပုံက ဒုတိယပုံပါ။ အဲဒီနောက်တော့ ကျမ မြှားပြထားတဲ့ ကောင်မလေးနဲ့ ဝင်ထိုင်လိုက်ပါတယ်။

အဲဒီတုန်းက သူက တဏှာအတွက် ခွေးနေရာမရ ဖြစ်နေတာ (ကျမဆီ လျှောက်လာတုန်း ကျမက ကမန်းကတမ်း ဓာတ်ပုံရိုက်ပြီး နေရာ ပြောင်းလိုက်တာ) အဲ့အဘိုးကြီး ညဈေး မှတ်တိုင်မှာ ဆင်းသွားပါတယ်။

ကျမသတိထားမိတာတခုက သူက အမျိုးသမီးကြီးဘေး လုံးဝ မထိုင်ပါဘူး။ အမျိုးသမီးငယ်ဘေးတွေမှာပဲ နေရာယူထိုင်ပါတယ်။ (သူ့စိတ်ထဲ အမျိုးသမီးငယ်တွေ ရှက်ကြောက်ပြီး ငြိမ်ခံနေမယ်ထင်တာလား မသိ) အငြိမ်ခံပါဘူး။

အသက်ကြည့်တော့ ကျမအဖေထက်တောင် ကြီးတယ်။ သားသမီးချင်း ကိုယ်ချင်းမစာ အဲ့အဘိုးကြီး ဒီမနက် လိုက်ထိနေတဲ့လူ ကျမ မပါရင်တောင် နှစ်ယောက် ရှိတယ်။ ပုံပါအတိုင်း တခြား အမျိုးသားတွေလဲ ရှိတယ်။ မသိသလိုဘဲ။ ဒါကြောင့် ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်လုံခြုံရေး ကိုယ် ကာကွယ်ပါရှင့်။ (Nan Nan)

Crd

Zawgyi

အသက္က သခ်ႋဳင္းေရာက္ေပမယ့္ တဏွာႀကီးေနေသးတဲ့ ခရမ္းေရာင္အက်ႌနဲ႔ အဘိုးႀကီးအေၾကာင္း အမ်ိဳးသမီးမ်ား သတိထားရေအာင္ ႀကဳံခဲ့ရတာေလးကို တင္ခ်င္ပါတယ္။

ဒီမနက္ ၆၂ ကားေပၚမွာ ေျမနီကုန္း (မွတ္တိုင္ ေသခ်ာ မမွတ္မိ) က တက္လာတဲ့ အဲ့အဖိုးႀကီးက ညီမေရွ႕က အမ်ိဳးသမီးေဘး ဝင္ထိုင္တယ္။ အဲ့အဘိုးႀကီးလက္က ပထမပုံမွာ ျမင္တဲ့အတိုင္း လက္က ခုံ ႏွစ္ခုံၾကားထဲ ထားထားတာပါ။ က်မေတြ႕လို႔ ႐ိုက္ထားတာပါ။

ေနာက္အမ်ိဳးသမီးက ထသြားေတာ့ သူ႔လက္က အဲ့အမ်ိဳးသမီး ေပါင္နားကပ္ပါ သြားပါတယ္။ အဲ့အေျခအေနကို ဓာတ္ပုံ မ႐ိုက္လိုက္ရပါဘူး။ အဲ့အဘိုးႀကီး က်မကို လွည့္ၾကည့္ပါတယ္။ အဲ့တုံးက က်မေဘးမွာ ထိုင္တဲ့လူရွိတယ္ရွင့္။ အဲဒါနဲ႔ အဲဒီအလိုးႀကီးက ဒုတိယပုံမွာ ျမႇားျပထားတဲ့သူနား သြားေျပာင္းထိုင္ပါတယ္။ ေနာက္ေတာ့ က်မေဘးက လူ ထသြားတာ အဲဒီအဘိုးႀကီးျမင္ေတာ့ က်မနားလာဖို႔ ထလာပါတယ္။

ဘာလို႔ဆို က်မက ေနာက္ဆုံးတန္းမွာ တေယာက္ထဲ ေနာက္ဆုံး တတန္းလုံး ဘယ္သူမွ မရွိေတာ့ဘူးေလ။ ဒါေပမယ့္ သူက်မဆီအလာ ေပၚတင္ပဲ က်မ သူ႔ကို ဓာတ္ပုံ႐ိုက္လိုက္ပါတယ္။ အဲ့ပုံက ဒုတိယပုံပါ။ အဲဒီေနာက္ေတာ့ က်မ ျမႇားျပထားတဲ့ ေကာင္မေလးနဲ႔ ဝင္ထိုင္လိုက္ပါတယ္။

အဲဒီတုန္းက သူက တဏွာအတြက္ ေခြးေနရာမရ ျဖစ္ေနတာ (က်မဆီ ေလွ်ာက္လာတုန္း က်မက ကမန္းကတမ္း ဓာတ္ပုံ႐ိုက္ၿပီး ေနရာ ေျပာင္းလိုက္တာ) အဲ့အဘိုးႀကီး ညေဈး မွတ္တိုင္မွာ ဆင္းသြားပါတယ္။

က်မသတိထားမိတာတခုက သူက အမ်ိဳးသမီးႀကီးေဘး လုံးဝ မထိုင္ပါဘူး။ အမ်ိဳးသမီးငယ္ေဘးေတြမွာပဲ ေနရာယူထိုင္ပါတယ္။ (သူ႔စိတ္ထဲ အမ်ိဳးသမီးငယ္ေတြ ရွက္ေၾကာက္ၿပီး ၿငိမ္ခံေနမယ္ထင္တာလား မသိ) အၿငိမ္ခံပါဘူး။

အသက္ၾကည့္ေတာ့ က်မအေဖထက္ေတာင္ ႀကီးတယ္။ သားသမီးခ်င္း ကိုယ္ခ်င္းမစာ အဲ့အဘိုးႀကီး ဒီမနက္ လိုက္ထိေနတဲ့လူ က်မ မပါရင္ေတာင္ ႏွစ္ေယာက္ ရွိတယ္။ ပုံပါအတိုင္း တျခား အမ်ိဳးသားေတြလဲ ရွိတယ္။ မသိသလိုဘဲ။ ဒါေၾကာင့္ ကိုယ့္အား ကိုယ္ကိုးၿပီး ကိုယ့္လုံၿခဳံေရး ကိုယ္ ကာကြယ္ပါရွင့္။ (Nan Nan)

Crd

Leave a Reply

Your email address will not be published. Required fields are marked *