မနေ့ ညနေက ယှဉ်ပြိုင်သွားတဲ့ အာဆီယံအဖွဲ့ချုပ်ဖလား ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အုပ်စုတွင်း အားအနည်းဆုံး အသင်းဖြစ်တဲ့ လာအိုအသင်းနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့ပါတယ်။
လာအိုအသင်းဟာ မြန်မာအသင်းကို ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ် သွင်းယူပြီး မိနစ် ၉၀ ကျော်အထိ ၂-၁ ဂိုးနဲ့ ဦးဆောင်ထားတာ ဖြစ်ပါတယ်။ မိနစ် ၉၀ ကျော်မှ မြန်မာအသင်းဟာ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပွဲတပွဲလုံးမှာ လာအိုအသင်းဟာ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပေမယ့်လည်း ထို ၂ ကြိမ်ကနေ ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ငယ်နိုင်ဖြစ်တဲ့ လာအိုအသင်းကို အသည်းအသန် နောက်က လိုက်ကစားခဲ့ပြီး သရေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုပွဲ သရေကျတာကြောင့် မြန်မာအသင်းဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ကစားခဲ့တဲ့ ၁၀ ပွဲမှာ တပွဲမှ အနိုင် မရရှိခဲ့ဘဲ သရေ ၂ ပွဲ၊ ရှုံးပွဲ ၈ ပွဲနဲ့ မှတ်တမ်းဝင် စံချိန်ချိုးသွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၇-၁၂-၂၀၂၂ ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲတွေမှာ စင်ကာပူနဲ့ ဗီယက်နမ်တို့က ပြိုင်ဖက် အသီးသီးကို အနိုင်ရရှိခဲ့တာကြောင့် မြန်မာအသင်းဟာ ယခုပွဲကို မကန်ခင်ကတည်းက ပြိုင်ပွဲက နှုတ်ဆက် ထွက်ခွာ သွားခဲ့ရပြီ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ချုပ်ဖလားမှာ တပွဲမှ မနိုင်ခဲ့ပါက မြန်မာအသင်းရဲ့ ကမ္ဘာ့အဆင့်ဟာ ထပ်မံကျဆင်းသွားမှာ ဖြစ်ပြီး အာဆီယံမှာလည်း ၁၁ နိုင်ငံရှိရာမှာ အဆင့် (၈) နေရာကို ပိုင်ပိုင်နိုင်နိုင် ရရှိသွားမှာပဲ ဖြစ်ပါတယ်။ အိပ်ပျော်နေတဲ့ အာရှကျားကြီးဟာ မနိုးသော အိပ်ခြင်းတွေနဲ့ အိပ်သွားပြီလားဆိုတာကတော့…
Credit
Zawgyi
မေန႔ ညေနက ယွဥ္ၿပိဳင္သြားတဲ့ အာဆီယံအဖြဲ႕ခ်ဳပ္ဖလား ၿပိဳင္ပြဲ အုပ္စု (ခ) ပြဲစဥ္မွာ ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးအသင္းဟာ အုပ္စုတြင္း အားအနည္းဆုံး အသင္းျဖစ္တဲ့ လာအိုအသင္းနဲ႔ ၂-၂ ဂိုးစီ သေရက်ခဲ့ပါတယ္။
လာအိုအသင္းဟာ ျမန္မာအသင္းကို ဦးေဆာင္ဂိုးေတြ အႀကိမ္ႀကိမ္ သြင္းယူၿပီး မိနစ္ ၉၀ ေက်ာ္အထိ ၂-၁ ဂိုးနဲ႔ ဦးေဆာင္ထားတာ ျဖစ္ပါတယ္။ မိနစ္ ၉၀ ေက်ာ္မွ ျမန္မာအသင္းဟာ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ပြဲတပြဲလုံးမွာ လာအိုအသင္းဟာ ဂိုးေပါက္တည့္မႈ ၂ ႀကိမ္သာ ရွိခဲ့ေပမယ့္လည္း ထို ၂ ႀကိမ္ကေန ဂိုး ၂ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ျမန္မာအသင္းဟာ ငယ္ႏိုင္ျဖစ္တဲ့ လာအိုအသင္းကို အသည္းအသန္ ေနာက္က လိုက္ကစားခဲ့ၿပီး သေရ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ယခုပြဲ သေရက်တာေၾကာင့္ ျမန္မာအသင္းဟာ ၂၀၂၂ ခုႏွစ္အတြင္းမွာ ကစားခဲ့တဲ့ ၁၀ ပြဲမွာ တပြဲမွ အႏိုင္ မရရွိခဲ့ဘဲ သေရ ၂ ပြဲ၊ ရႈံးပြဲ ၈ ပြဲနဲ႔ မွတ္တမ္းဝင္ စံခ်ိန္ခ်ိဳးသြားခဲ့ၿပီ ျဖစ္ပါတယ္။ ၂၇-၁၂-၂၀၂၂ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ပြဲေတြမွာ စင္ကာပူနဲ႔ ဗီယက္နမ္တို႔က ၿပိဳင္ဖက္ အသီးသီးကို အႏိုင္ရရွိခဲ့တာေၾကာင့္ ျမန္မာအသင္းဟာ ယခုပြဲကို မကန္ခင္ကတည္းက ၿပိဳင္ပြဲက ႏႈတ္ဆက္ ထြက္ခြာ သြားခဲ့ရၿပီ ျဖစ္ပါတယ္။
အာဆီယံအဖြဲ႕ခ်ဳပ္ဖလားမွာ တပြဲမွ မႏိုင္ခဲ့ပါက ျမန္မာအသင္းရဲ႕ ကမာၻ႔အဆင့္ဟာ ထပ္မံက်ဆင္းသြားမွာ ျဖစ္ၿပီး အာဆီယံမွာလည္း ၁၁ ႏိုင္ငံရွိရာမွာ အဆင့္ (၈) ေနရာကို ပိုင္ပိုင္ႏိုင္ႏိုင္ ရရွိသြားမွာပဲ ျဖစ္ပါတယ္။ အိပ္ေပ်ာ္ေနတဲ့ အာရွက်ားႀကီးဟာ မႏိုးေသာ အိပ္ျခင္းေတြနဲ႔ အိပ္သြားၿပီလားဆိုတာကေတာ့…
Credit