ကွန်ပျူတာတက္ကသိုလ်နှင့်ပညာရေးတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသူနှစ်ဦး ထောင်ဒဏ်(၁၀)နှစ်စီချမှတ်ခံရ

ကွန်ပျူတာတက္ကသိုလ်နှင့်ပညာရေးတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသူနှစ်ဦး ထောင်ဒဏ်(၁၀)နှစ်စီချမှတ်ခံရ

BVJ-ဒီဇင်ဘာ ၃၀၊ ၂၀၂၂
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးနဲ့ ‌ရန်ကုန်ပညာ ရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးတို့ကို စစ်ကောင်စီက ထောင် ဒဏ်(၁၀)နှစ်စီ ချမှတ်လိုက်တယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေကနေ အသိပေးထုတ်ပြန်ပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သူ မနန်းတွယ်တာဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေပုဒ်မ၅၀(ည) နဲ့ ထောင်ဒဏ် (၁၀)နှစ်ကို မနေ့ကချမှတ်လိုက်တာဖြစ်ပါတယ်။

အလားတူပဲ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကွန်ပျူတာသိပ္ပံ၊ နောက်ဆုံးနှစ်ကျောင်းသူဖြစ်တဲ့ မအေးသွဲ့ကဗျာကိုလည်း အရှေ့ပိုင်းခရိုင်တရားရုံးကနေ ထောင်ဒဏ်(၁၀)နှစ် မနေ့ကချမှတ်လိုက်ပါတယ်။

အခုနှစ် ဇွန်လကဖမ်းဆီးခံခဲ့ရတဲ့ မအေးသွဲ့ကဗျာဟာ ခြောက်လအကြာမှာ အကြမ်းဖက်ဥပဒေပုဒ်မ၅၀(ည) နဲ့ စစ်ကောင်စီကထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မအေးသွဲ့ကဗျာအပါအဝင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ဖမ်းဆီးထောင် ဒဏ်ချမှတ်ခံရတဲ့ ကျောင်းသား (၄)ဦးရှိနေပြီလို့လည်း UCSYက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း ဗကသများအဖွဲ့ချုပ်၊ဗဟိုအမှုဆောင်အဖွဲ့ဝင် (၃)ဦးကို စစ်ကောင်စီကအမြင့်ဆုံး ထောင်ဒဏ်တွေဖြစ်တဲ့ ထောင်ဒဏ်(၂၂)စီချမှတ်ခဲ့ပါသေးတယ်။

ပုံစာ-မအေးသွဲ့ကဗျာနှင့် မနန်းတွယ်တာဦး(ဓါတ်ပုံ-UCSY၊YUOE)

Zawgyi(version)

ကြန္ပ်ဴတာတကၠသိုလ္ႏွင့္ပညာေရးတကၠသိုလ္မွ ေနာက္ဆုံးႏွစ္ေက်ာင္းသူႏွစ္ဦး ေထာင္ဒဏ္(၁၀)ႏွစ္စီခ်မွတ္ခံရ

BVJ-ဒီဇင္ဘာ ၃၀၊ ၂၀၂၂
ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္းသူတစ္ဦးနဲ႕ ရန္ကုန္ပညာ ေရးတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္းသူတစ္ဦးတို႔ကို စစ္ေကာင္စီက ေထာင္ ဒဏ္(၁၀)ႏွစ္စီ ခ်မွတ္လိုက္တယ္လို႔ ေက်ာင္းသားသမဂၢအဖြဲ႕အစည္းေတြကေန အသိေပးထုတ္ျပန္ပါတယ္။

ရန္ကုန္ပညာေရးတကၠသိုလ္ ေနာက္ဆုံးႏွစ္ေက်ာင္းသူ၊ ရန္ကုန္ပညာေရးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢရဲ႕ တြဲဖက္အတြင္းေရးမႉးလည္းျဖစ္သူ မနန္းတြယ္တာဦးကို စစ္ေကာင္စီက အၾကမ္းဖက္ဥပေဒပုဒ္မ၅၀(ည) နဲ႕ ေထာင္ဒဏ္ (၁၀)ႏွစ္ကို မေန႕ကခ်မွတ္လိုက္တာျဖစ္ပါတယ္။

အလားတူပဲ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္ ကြန္ပ်ဴတာသိပၸံ၊ ေနာက္ဆုံးႏွစ္ေက်ာင္းသူျဖစ္တဲ့ မေအးသြဲ႕ကဗ်ာကိုလည္း အေရွ႕ပိုင္းခရိုင္တရား႐ုံးကေန ေထာင္ဒဏ္(၁၀)ႏွစ္ မေန႕ကခ်မွတ္လိုက္ပါတယ္။

အခုႏွစ္ ဇြန္လကဖမ္းဆီးခံခဲ့ရတဲ့ မေအးသြဲ႕ကဗ်ာဟာ ေျခာက္လအၾကာမွာ အၾကမ္းဖက္ဥပေဒပုဒ္မ၅၀(ည) နဲ႕ စစ္ေကာင္စီကေထာင္ဒဏ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

မေအးသြဲ႕ကဗ်ာအပါအဝင္ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္က ဖမ္းဆီးေထာင္ ဒဏ္ခ်မွတ္ခံရတဲ့ ေက်ာင္းသား (၄)ဦးရွိေနၿပီလို႔လည္း UCSYက အသိေပးထားပါတယ္။

ၿပီးခဲ့တဲ့ရက္ကလည္း ဗကသမ်ားအဖြဲ႕ခ်ဳပ္၊ဗဟိုအမႈေဆာင္အဖြဲ႕ဝင္ (၃)ဦးကို စစ္ေကာင္စီကအျမင့္ဆုံး ေထာင္ဒဏ္ေတြျဖစ္တဲ့ ေထာင္ဒဏ္(၂၂)စီခ်မွတ္ခဲ့ပါေသးတယ္။

ပုံစာ-မေအးသြဲ႕ကဗ်ာႏွင့္ မနန္းတြယ္တာဦး(ဓါတ္ပုံ-UCSY၊YUOE)

crd

Leave a Reply

Your email address will not be published. Required fields are marked *