ပရိသတ်ကြီးရေ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ လေးဖြူသီဆိုထားတဲ့ “ငါရဲ့လမင်း” သီချင်းလေးနဲ့အတူ မလာပါနဲ့ လက်ခံပေးပါ ဓါတ်ပြားဟောင်း ၃ နာရီ စတဲ့ ကိုမျိုးကြီးရဲ့ သီချင်းတွေများစွာကို ရေးစပ်ပေးခဲ့တဲ့ ဖန်တီးရှင်ကတော့ တေးရေးဆရာ ရယ်ဂျီ(Reggie Lwin) ပါပဲ။
ဒါအပြင် ပရိသတ်အကြိုက် သီချင်းကောင်းတွေဖြစ်တဲ့ လှမ်းခဲ့တော့အချစ်ငှက်ငယ်ရေ(ဂရေဟမ်) ၊ မင်း၊တွဲလက်များ(ထူးအယ်လ်လင်း+မီးမီးခဲ) အစရှိတဲ့ သီချင်းတွေကိုလဲ ရေးစပ်ပေးခဲ့ပါသေးတယ်။
တေးရေးဆရာ ရယ်ဂျီ ရေးစပ်ပေးခဲ့တဲ့ သီချင်းတွေအားလုံးဟာ ပရိသတ်တွေရင်ထဲမှာ အခုချိန်ထိ နေရာယူထားဆဲပါ။
ဂီတလောကအတွက် ကိုယ်ပိုင်သံစဉ် သီချင်းကောင်းများစွာ ရေးစပ်ပေးခဲ့တဲ့ တေးရေး ရယ်ဂျီ ဟာ ရုတ်တရက် Heart attack ကြောင့် ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
တေးရေး ရယ်ဂျီ ကွယ်လွန်သွားတဲ့ သတင်းကြောင့် အဆိုတော် အသိုင်းအဝိုင်းနဲ့ တေးရေးဆရာအသိုင်းအဝိုင်း က မြန်မာ့ဂီတလောကအတွက် ဆုံးရှုံးမှု့ကြီးမားလွန်းတယ်လို့ ဆိုကြပါတယ်။
အဆိုတော်တစ်ဦးဖြစ်တဲ့ လင်းနစ် ကလဲ တန်ဖိုးရှိတဲ့လူကောင်းတွေပဲ တဖြုတ်ဖြုတ်ကြွေလွင့်နေတာကြောင့် စိတ်မကောင်းတဲ့အကြောင်းကို
” FB ဖွင့်ဖွင့်ချင်း တေးရေးကိုရယ်ဂျီနဲ့ ဂန္တဝင်ဘောလုံးသမားကြီး ပီလီဆုံးပြီဆိုတဲ့သတင်းတွေတွေ့လိုက်ရတယ် ကောင်းရာဘုံဌာနမှာ အေးချမ်းကြပါစေ
ဒီလိုနဲ့ပဲ တန်ဖိုးရှိတဲ့လူကောင်းတွေ တစ်ဖြုတ်ဖြုတ်နဲ့ကြွေလွင့်…”ဆိုပြီး သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားမျှဝေထားပါတယ်။
ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဂီတကြယ်ပွင့်တစ်ပ်ငင့် ထပ်မံကြွေလွင့်ခဲ့ရလို့ မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းမိပါတယ်။ Rest In Peace ကိုရယ်ဂျီ…
တန္ဖိုးရွိတဲ့လူေကာင္းေတြပဲ တျဖဳတ္ျဖဳတ္ေႂကြလြင့္ေနတာေၾကာင့္ လန႔္မိတယ္ဆိုတဲ့ အဆိုေတာ္ လင္းနစ္
ပရိသတ္ႀကီးေရ နာမည္ႀကီးသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ ေလးျဖဴသီဆိုထားတဲ့ “ငါရဲ႕လမင္း” သီခ်င္းေလးနဲ႔အတူ မလာပါနဲ႔ လက္ခံေပးပါ ဓါတ္ျပားေဟာင္း ၃ နာရီ စတဲ့ ကိုမ်ိဳးႀကီးရဲ႕ သီခ်င္းေတြမ်ားစြာကို ေရးစပ္ေပးခဲ့တဲ့ ဖန္တီးရွင္ကေတာ့ ေတးေရးဆရာ ရယ္ဂ်ီ(Reggie Lwin) ပါပဲ။
ဒါအျပင္ ပရိသတ္အႀကိဳက္ သီခ်င္းေကာင္းေတြျဖစ္တဲ့ လွမ္းခဲ့ေတာ့အခ်စ္ငွက္ငယ္ေရ(ဂေရဟမ္) ၊ မင္း၊တြဲလက္မ်ား(ထူးအယ္လ္လင္း+မီးမီးခဲ) အစရွိတဲ့ သီခ်င္းေတြကိုလဲ ေရးစပ္ေပးခဲ့ပါေသးတယ္။
ေတးေရးဆရာ ရယ္ဂ်ီ ေရးစပ္ေပးခဲ့တဲ့ သီခ်င္းေတြအားလုံးဟာ ပရိသတ္ေတြရင္ထဲမွာ အခုခ်ိန္ထိ ေနရာယူထားဆဲပါ။
ဂီတေလာကအတြက္ ကိုယ္ပိုင္သံစဥ္ သီခ်င္းေကာင္းမ်ားစြာ ေရးစပ္ေပးခဲ့တဲ့ ေတးေရး ရယ္ဂ်ီ ဟာ ႐ုတ္တရက္ Heart attack ေၾကာင့္ ဒီကေန႔ ဒီဇင္ဘာလ ၃၀ ရက္ေန႔မွာ ကြယ္လြန္ခဲ့ပါတယ္။
ေတးေရး ရယ္ဂ်ီ ကြယ္လြန္သြားတဲ့ သတင္းေၾကာင့္ အဆိုေတာ္ အသိုင္းအဝိုင္းနဲ႔ ေတးေရးဆရာအသိုင္းအဝိုင္း က ျမန္မာ့ဂီတေလာကအတြက္ ဆုံးရႈံးမႈ႕ႀကီးမားလြန္းတယ္လို႔ ဆိုၾကပါတယ္။
အဆိုေတာ္တစ္ဦးျဖစ္တဲ့ လင္းနစ္ ကလဲ တန္ဖိုးရွိတဲ့လူေကာင္းေတြပဲ တျဖဳတ္ျဖဳတ္ေႂကြလြင့္ေနတာေၾကာင့္ စိတ္မေကာင္းတဲ့အေၾကာင္းကို
” FB ဖြင့္ဖြင့္ခ်င္း ေတးေရးကိုရယ္ဂ်ီနဲ႔ ဂႏၲဝင္ေဘာလုံးသမားႀကီး ပီလီဆုံးၿပီဆိုတဲ့သတင္းေတြေတြ႕လိုက္ရတယ္ ေကာင္းရာဘုံဌာနမွာ ေအးခ်မ္းၾကပါေစ
ဒီလိုနဲ႔ပဲ တန္ဖိုးရွိတဲ့လူေကာင္းေတြ တစ္ျဖဳတ္ျဖဳတ္နဲ႔ေႂကြလြင့္…”ဆိုၿပီး သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားမွ်ေဝထားပါတယ္။
ကက္သလစ္ဘာသာဝင္တစ္ဦးျဖစ္တဲ့ ဂီတၾကယ္ပြင့္တစ္ပ္ငင့္ ထပ္မံေႂကြလြင့္ခဲ့ရလို႔ မိသားစုနဲ႔အတူ ထပ္တူ ဝမ္းနည္းမိပါတယ္။ Rest In Peace ကိုရယ္ဂ်ီ…
crd