အချိန်ကိုက်ထွက်ပေါ်လာတဲ့ NUG တောင်းဆိုချက်များ
ကိုဂျင်မီနဲ့ ကိုဇေယျာသော်အပါအဝင် လူလေးဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အပေါ် ကမ္ဘာတစ်ဝန်းက ဝိုင်းဝန်းပြစ်တင်ရှုတ်ချနေချိန်မှာ အမျိုးသားညီညွတ် ရေးအစိုးရရဲ့ ချိန်သားကိုက်တောင်းဆိုချက်တွေ ထွက်ပေါ်လာတယ်။




ဇူလိုင်လ ၂၈ ရက်မှာ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အရေးပေါ် နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောကြားရင်း နိုင်ငံတကာကို တောင်းဆိုခဲ့တဲ့အချက်တွေရှိတယ်။
ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးတို့အနေနဲ့ ပြည်သူ ပြည်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်နေတဲ့ အကြမ်း ဖက်စစ်အုပ်စုကို အသိအမှတ်ပြုဆက်ဆံခြင်း လုံးဝမပြုလုပ်ဖို့၊ စစ်အုပ်စုရဲ့ အဓိကဝင်ငွေ ပင်မလိုင်းတွေကို ဖြတ်တောက်ပစ်ကြဖို့၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေက ရရှိတဲ့ အခွန်ဘဏ္ဍာတွေကို တားဆီးပိတ်ပင်ဖို့၊ အမျိုး သားညီညွတ်ရေးအစိုးရ NUG သာ ပြည်သူ့အစိုးရဖြစ်လို့ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးကြဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေ ဝန်ဆောင်မှုပေးနေတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ပံ့ရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ ငွေကြေးနဲ့ နည်းပညာတွေ ကူညီထောက်ပံ့ပေးကြဖို့ စတဲ့ အချက်တွေကို တောင်းဆိုသွားတယ်။
ဒါ့အပြင် ယာယီသမ္မတက အန်ယူဂျီကို လက်နက်ထောက်ပံ့ဖို့ နိုင်ငံတကာကို ပထမဆုံးအကြိမ် တောင်းဆိုခဲ့တယ်။ဇူလိုင် ၃၀ ရက်မှာတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတကာကို အချက် ၄ ချက် ထပ်မံတောင်းဆိုပြန်တယ်။




နံပါတ် (၁) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့ရဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ထိထိရောက်ရောက် တတ်နိုင်သမျှ ဖြတ်တောက်ဖို့၊ နံပါတ် (၂) နိုင်ငံတကာမှာ စစ်ကောင်စီကိုယ်စားပြုတဲ့ ကိုယ် စားလှယ်တွေကို လက်မခံတားဆီးပေးကြဖို့၊ နံပါတ် (၃) ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ လက်နက်ကိုင်တော်လှန်နေတဲ့ လူမျိုးစုတွေ၊
ဒီမိုကရေစီအင်အားစုတွေဆီကို ခုခံကာကွယ်ပေးရေးတာဝန်ရှိမှု ဆိုတဲ့ R2P အရ အကူအညီတွေကို လျင်မြန်စွာဆောင်ရွက်ပေးဖို့၊ နံပါတ် (၄) အမျိုးသားညီညွတ် ရေးအစိုးရကို မြန်မာနိုင်ငံအစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုပြီး ကမ္ဘာပေါ်က အခြားဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအားလုံးနဲ့ တန်းတူဆက်ဆံဖို့ စတဲ့ အချက်တွေပဲဖြစ်ပါတယ်။




နိုင်ငံခြားရေးဝန်ကြီးရဲ့ထုတ်ပြန်တောင်းဆိုချက်က ပိုပြီးတိကျပြတ်သားသလို ပိုပြီး တင်းတင်းရင်းရင်းရှိတာ တွေ့ရတယ်။ ဒီထုတ်ပြန်တောင်းဆိုချက်တွေထွက်ပေါ်လာချိန်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်မယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။
အန်ယူဂျီအစိုးရရဲ့ နိုင်ငံတကာထံ တောင်းဆိုချက်တွေကို ချုပ်ကြည့်ရင် မြန်မာ့နွေဦးတော်လှန်ရေးကို လက် တွေ့ကျကျ ထောက်ကူပေးဖို့ဖြစ်တယ်။ ပြစ်တင်ရှုတ်ချတာတွေနဲ့ မလုံလောက်ဘူး။ တော်လှန်ရေးကို လက်တွေ့ကျကျကူညီပါ။ လက်နက်ထောက်ပံ့ပေးပါ။ အန်ယူဂျီအစိုးရကို ပေါ်ပေါ်တင်တင် အသိအမှတ်ပြုပြီး ငွေကြေးနဲ့ ပစ္စည်းအထောက်အကူပေးပါ။
အစုလိုက်အပြုံလိုက် ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်မှုတွေ ကြုံနေရတဲ့ ပြည်သူလူထုတွေကို သက်ဆိုင်ရာအစိုးရတွေက မကာကွယ်နိုင်တော့တဲ့အခါ၊ ဒါမှမဟုတ် ကာကွယ်ဖို့ ပျက်ကွက်နေတဲ့အခါမှာ နိုင်ငံတကာအသိုက်အဝန်းက ဝင်ရောက်ကာကွယ်ပေးရတဲ့ Responsibility to Protect – R2P ဝင်ပေးပါ။




လက်ရှိမြန်မာပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို လက်တွေ့ကျကျဖြေရှင်းပေးနိုင်ဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်တဲ့အချက်တွေပါ။ ကဲ၊ ဒါဖြင့် ဘယ်နိုင်ငံတွေက ထောက် ပံ့ကူညီမှုတွေ ရနိုင်မလဲ တွေးဆကြည့်ရင် အိမ်နီးချင်းတရုတ်နဲ့ အိန္ဒိယဆီက မျှော်လင့်လို့မရနိုင်ပါဘူး။
နိုင်ငံရေးအကျဉ်းသား လေးဦးကို ကွပ်မျက်လိုက်တော့ အမေရိကန်က ကန့်ကွက်ရှုတ်ချလိုက်ပြီး မြန်မာအပေါ် သြဇာရှိတဲ့ တရုတ်နိုင်ငံအနေနဲ့ ဝင်ရောက်ဖြေရှင်းပေးဖို့ ပြောတော့ သူများနိုင်ငံအတွင်းရေးကို တရုတ်က ဝင်ရောက်မစွက်ဖက်ဘူးလို့ တုံ့ပြန်ခဲ့တယ်။ အိန္ဒိယက သူ့နိုင်ငံနယ်စပ်မှာ ဆန္ဒပြတာတောင် တားမြစ်ခဲ့တယ်။
အာဆီယံနိုင်ငံတွေထဲကြည့်ရင် မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားလောက်ပဲ မြန်မာ့အကျပ်အတည်းကို ထဲထဲဝင်ဝင်စိတ်ဝင်စားတယ်။ တစ်ခုရှိတာက နိုင်ငံတကာက စစ်ကောင်စီကို အသိအမှတ်မပြုဘဲ အန်ယူဂျီကို အသိ အမှတ်ပြုပြီး ကိုယ်စားလှယ်ရုံးခန်းဖွင့်ခွင့်ပေးတာမျိုးရှိတယ်။ ဒါပေမဲ့ ငွေကြေးနဲ့ လက်နက်ထောက်ပံ့တာမျိုးမရှိသေးသလို တရားဝင်အသိအမှတ်ပြုသလားဆိုတော့လည်း မပြုပြန်ဘူး။




အခု စစ်ကောင်စီရဲ့ တစ်ရက်တစ်ရက် ရက်စက်ယုတ်မာမှုတွေ နိုင်ငံသားတွေကို အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်မီးရှို့လာနေချိန်မှာ နိုင်ငံတကာက ပြင်းထန်တဲ့အရေးယူမှုတွေ ဆက်တိုက်လုပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီကို ကူမှဖြစ်တော့မယ်။ ဒီလိုမှ မကူညီမထောက်ပံ့ဘူးဆိုရင် နိုင်ငံတကာဟာ စစ်ကောင်စီကို တစ်ဖက်လှည့်အသိအမှတ်ပြုသလိုဖြစ်နေပြီလို့ ဆိုရတော့မယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအနေနဲ့ အန်ယူဂျီအစိုးရကို တိတိပပအထောက်အကူမပေးရင် မြန်မာ့နွေဦးတော်လှန်ရေးက ရှည်ကြာသွားနိုင်တယ်။ ဒီအချိန်မှာ အကြမ်းဖက်စစ်ကောင်စီဟာ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးပြီး ကျဆုံးတိုင်းပြည်ဖြစ်လိုက ဖြစ်စေ။




သူတို့ရပ် တည်နိုင် ပြီးရောဆိုတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လုပ်မှာပဲဖြစ်တယ်။ နိုင်ငံတကာရဲ့ ထိရောက်တဲ့ ထောက်ပံ့ကူညီမှုတွေသာ အချိန်မီရောက်မလာခဲ့ရင် မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အတိဒုက္ခတွေ ပင်လယ်ဝေပြီး ကျဆုံးနိုင်ငံဖြစ်သွားနိုင်ခြေရှိနေပြီမို့ အန်ယူဂျီ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တောင်း ဆိုချက်တွေကို မြန်မြန်ဆန်ဆန်ဖြည့်ဆည်းပေးကြဖို့ ပြောလိုရင်းဖြစ်တယ်။
လေးစမ်းဝင်း
Crd
Unicode
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
အခ်ိန္ကိုက္ထြက္ေပၚလာတဲ့ NUG ေတာင္းဆိုခ်က္မ်ား




ကိုဂ်င္မီနဲ႕ ကိုေဇယ်ာေသာ္အပါအဝင္ လူေလးဦးကို စစ္ေကာင္စီက ကြပ္မ်က္လိုက္တဲ့အေပၚ ကမာၻတစ္ဝန္းက ဝိုင္းဝန္းျပစ္တင္ရႈတ္ခ်ေနခ်ိန္မွာ အမ်ိဳးသားညီၫြတ္ ေရးအစိုးရရဲ႕ ခ်ိန္သားကိုက္ေတာင္းဆိုခ်က္ေတြ ထြက္ေပၚလာတယ္။
ဇူလိုင္လ ၂၈ ရက္မွာ NUG အစိုးရ ယာယီသမၼတ ဒူဝါလရွီးလက အေရးေပၚ နိုင္ငံေတာ္အေျချပဳမိန႔္ခြန္းေျပာၾကားရင္း နိုင္ငံတကာကို ေတာင္းဆိုခဲ့တဲ့အခ်က္ေတြရွိတယ္။
ကုလသမဂၢနဲ႕ ကမာၻ႔နိုင္ငံအသီးသီးတို႔အေနနဲ႕ ျပည္သူ ျပည္သားေတြကို ဥပေဒမဲ့ သတ္ျဖတ္ေနတဲ့ အၾကမ္း ဖက္စစ္အုပ္စုကို အသိအမွတ္ျပဳဆက္ဆံျခင္း လုံးဝမျပဳလုပ္ဖို႔၊ စစ္အုပ္စုရဲ႕ အဓိကဝင္ေငြ ပင္မလိုင္းေတြကို ျဖတ္ေတာက္ပစ္ၾကဖို႔၊ ေရနံနဲ႕ သဘာဝဓာတ္ေငြ႕ေတြက ရရွိတဲ့ အခြန္ဘ႑ာေတြကို တားဆီးပိတ္ပင္ဖို႔၊ အမ်ိဳး သားညီၫြတ္ေရးအစိုးရ NUG သာ ျပည္သူ႕အစိုးရျဖစ္လို႔ NUG ကို တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳေပးၾကဖို႔နဲ႕ အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႕ မဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ေတြ ဝန္ေဆာင္မႈေပးေနတဲ့ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး၊ စစ္ေျပးဒုကၡသည္ေတြကို လူသားခ်င္းစာနာေထာက္ပံ့ေရး၊ ပညာေရးနဲ႕ က်န္းမာေရးက႑တို႔မွာ ေငြေၾကးနဲ႕ နည္းပညာေတြ ကူညီေထာက္ပံ့ေပးၾကဖို႔ စတဲ့ အခ်က္ေတြကို ေတာင္းဆိုသြားတယ္။




ဒါ့အျပင္ ယာယီသမၼတက အန္ယူဂ်ီကို လက္နက္ေထာက္ပံ့ဖို႔ နိုင္ငံတကာကို ပထမဆုံးအႀကိမ္ ေတာင္းဆိုခဲ့တယ္။ဇူလိုင္ ၃၀ ရက္မွာေတာ့ NUG နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က နိုင္ငံတကာကို အခ်က္ ၄ ခ်က္ ထပ္မံေတာင္းဆိုျပန္တယ္။
နံပါတ္ (၁) ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္နဲ႕ သူ႕ရဲ႕ အၾကမ္းဖက္စစ္တပ္ရဲ႕ ဝင္ေငြလမ္းေၾကာင္းေတြကို ထိထိေရာက္ေရာက္ တတ္နိုင္သမွ် ျဖတ္ေတာက္ဖို႔၊ နံပါတ္ (၂) နိုင္ငံတကာမွာ စစ္ေကာင္စီကိုယ္စားျပဳတဲ့ ကိုယ္ စားလွယ္ေတြကို လက္မခံတားဆီးေပးၾကဖို႔၊ နံပါတ္ (၃) ကုလသမဂၢလုံၿခဳံေရးေကာင္စီအေနနဲ႕ လက္နက္ကိုင္ေတာ္လွန္ေနတဲ့ လူမ်ိဳးစုေတြ၊
ဒီမိုကေရစီအင္အားစုေတြဆီကို ခုခံကာကြယ္ေပးေရးတာဝန္ရွိမႈ ဆိုတဲ့ R2P အရ အကူအညီေတြကို လ်င္ျမန္စြာေဆာင္႐ြက္ေပးဖို႔၊ နံပါတ္ (၄) အမ်ိဳးသားညီၫြတ္ ေရးအစိုးရကို ျမန္မာနိုင္ငံအစိုးရအျဖစ္ ခ်က္ခ်င္းအသိအမွတ္ျပဳၿပီး ကမာၻေပၚက အျခားဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ျမႇောက္ထားတဲ့ အစိုးရအားလုံးနဲ႕ တန္းတူဆက္ဆံဖို႔ စတဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။




နိုင္ငံျခားေရးဝန္ႀကီးရဲ႕ထုတ္ျပန္ေတာင္းဆိုခ်က္က ပိုၿပီးတိက်ျပတ္သားသလို ပိုၿပီး တင္းတင္းရင္းရင္းရွိတာ ေတြ႕ရတယ္။ ဒီထုတ္ျပန္ေတာင္းဆိုခ်က္ေတြထြက္ေပၚလာခ်ိန္ဟာ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္ အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးတက္ေရာက္မယ့္အခ်ိန္နဲ႕လည္း တိုက္ဆိုင္ေနတယ္။
အန္ယူဂ်ီအစိုးရရဲ႕ နိုင္ငံတကာထံ ေတာင္းဆိုခ်က္ေတြကို ခ်ဳပ္ၾကည့္ရင္ ျမန္မာ့ေႏြဦးေတာ္လွန္ေရးကို လက္ ေတြ႕က်က် ေထာက္ကူေပးဖို႔ျဖစ္တယ္။ ျပစ္တင္ရႈတ္ခ်တာေတြနဲ႕ မလုံေလာက္ဘူး။ ေတာ္လွန္ေရးကို လက္ေတြ႕က်က်ကဴညီပါ။ လက္နက္ေထာက္ပံ့ေပးပါ။ အန္ယူဂ်ီအစိုးရကို ေပၚေပၚတင္တင္ အသိအမွတ္ျပဳၿပီး ေငြေၾကးနဲ႕ ပစၥည္းအေထာက္အကူေပးပါ။
အစုလိုက္အၿပဳံလိုက္ ရက္စက္စြာ ဖိႏွိပ္သတ္ျဖတ္မႈေတြ ႀကဳံေနရတဲ့ ျပည္သူလူထုေတြကို သက္ဆိုင္ရာအစိုးရေတြက မကာကြယ္နိုင္ေတာ့တဲ့အခါ၊ ဒါမွမဟုတ္ ကာကြယ္ဖို႔ ပ်က္ကြက္ေနတဲ့အခါမွာ နိုင္ငံတကာအသိုက္အဝန္းက ဝင္ေရာက္ကာကြယ္ေပးရတဲ့ Responsibility to Protect – R2P ဝင္ေပးပါ။




လက္ရွိျမန္မာျပည္သူေတြ ႀကဳံေတြ႕ခံစားေနရတဲ့ အခက္အခဲ အက်ပ္အတည္းေတြကို လက္ေတြ႕က်က်ေျဖရွင္းေပးနိုင္ဖို႔ နိုင္ငံတကာကို ေတာင္းဆိုလိုက္တဲ့အခ်က္ေတြပါ။ ကဲ၊ ဒါျဖင့္ ဘယ္နိုင္ငံေတြက ေထာက္ ပံ့ကူညီမႈေတြ ရနိုင္မလဲ ေတြးဆၾကည့္ရင္ အိမ္နီးခ်င္းတ႐ုတ္နဲ႕ အိႏၵိယဆီက ေမွ်ာ္လင့္လို႔မရနိုင္ပါဘူး။
နိုင္ငံေရးအက်ဥ္းသား ေလးဦးကို ကြပ္မ်က္လိုက္ေတာ့ အေမရိကန္က ကန႔္ကြက္ရႈတ္ခ်လိဳက္ၿပီး ျမန္မာအေပၚ ၾသဇာရွိတဲ့ တ႐ုတ္နိုင္ငံအေနနဲ႕ ဝင္ေရာက္ေျဖရွင္းေပးဖို႔ ေျပာေတာ့ သူမ်ားနိုင္ငံအတြင္းေရးကို တ႐ုတ္က ဝင္ေရာက္မစြက္ဖက္ဘူးလို႔ တုံ႕ျပန္ခဲ့တယ္။ အိႏၵိယက သူ႕နိုင္ငံနယ္စပ္မွာ ဆႏၵျပတာေတာင္ တားျမစ္ခဲ့တယ္။
အာဆီယံနိုင္ငံေတြထဲၾကည့္ရင္ မေလးရွား၊ စင္ကာပူနဲ႕ အင္ဒိုနီးရွားေလာက္ပဲ ျမန္မာ့အက်ပ္အတည္းကို ထဲထဲဝင္ဝင္စိတ္ဝင္စားတယ္။ တစ္ခုရွိတာက နိုင္ငံတကာက စစ္ေကာင္စီကို အသိအမွတ္မျပဳဘဲ အန္ယူဂ်ီကို အသိ အမွတ္ျပဳၿပီး ကိုယ္စားလွယ္႐ုံးခန္းဖြင့္ခြင့္ေပးတာမ်ိဳးရွိတယ္။ ဒါေပမဲ့ ေငြေၾကးနဲ႕ လက္နက္ေထာက္ပံ့တာမ်ိဳးမရွိေသးသလို တရားဝင္အသိအမွတ္ျပဳသလားဆိုေတာ့လည္း မျပဳျပန္ဘူး။




အခု စစ္ေကာင္စီရဲ႕ တစ္ရက္တစ္ရက္ ရက္စက္ယုတ္မာမႈေတြ နိုင္ငံသားေတြကို အေၾကာင္းမဲ့ပစ္ခတ္ သတ္ျဖတ္မီးရွို႔လာေနခ်ိန္မွာ နိုင္ငံတကာက ျပင္းထန္တဲ့အေရးယူမႈေတြ ဆက္တိုက္လုပ္ၿပီး အမ်ိဳးသားညီၫြတ္ေရးအစိုးရ အန္ယူဂ်ီကို ကူမွျဖစ္ေတာ့မယ္။ ဒီလိုမွ မကူညီမေထာက္ပံ့ဘူးဆိုရင္ နိုင္ငံတကာဟာ စစ္ေကာင္စီကို တစ္ဖက္လွည့္အသိအမွတ္ျပဳသလိုျဖစ္ေနၿပီလို႔ ဆိုရေတာ့မယ္။
ကုလသမဂၢလုံၿခဳံေရးေကာင္စီအပါအဝင္ နိုင္ငံတကာအေနနဲ႕ အန္ယူဂ်ီအစိုးရကို တိတိပပအေထာက္အကူမေပးရင္ ျမန္မာ့ေႏြဦးေတာ္လွန္ေရးက ရွည္ၾကာသြားနိုင္တယ္။ ဒီအခ်ိန္မွာ အၾကမ္းဖက္စစ္ေကာင္စီဟာ တစ္တိုင္းျပည္လုံးမွာရွိတဲ့ ျပည္သူေတြကို ဒုကၡအမ်ိဳးမ်ိဳးေပးၿပီး က်ဆဳံးတိုင္းျပည္ျဖစ္လိုက ျဖစ္ေစ။သူတို႔ရပ္ တည္နိုင္ ၿပီးေရာဆိုတဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ဆက္လုပ္မွာပဲျဖစ္တယ္။




နိုင္ငံတကာရဲ႕ ထိေရာက္တဲ့ ေထာက္ပံ့ကူညီမႈေတြသာ အခ်ိန္မီေရာက္မလာခဲ့ရင္ ျမန္မာျပည္သူေတြ ရင္ဆိုင္ေနရတဲ့ အတိဒုကၡေတြ ပင္လယ္ေဝၿပီး က်ဆဳံးနိုင္ငံျဖစ္သြားနိုင္ေျခရွိေနၿပီမို႔ အန္ယူဂ်ီ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ေတာင္း ဆိုခ်က္ေတြကို ျမန္ျမန္ဆန္ဆန္ျဖည့္ဆည္းေပးၾကဖို႔ ေျပာလိုရင္းျဖစ္တယ္။
ေလးစမ္းဝင္း
Crd