နှစ်သစ်ကူးညမှာ ကာလ်ဖျူးစ် ရုတ်ပေးမယ်ဆိုတာကို သွေးရိုးသားရိုးလို့ လုံးဝယုံကြည်လို့ မရဘူး။
USက NDAA လက်မှတ်ထိုးထားတဲ့ကိစ္စ သံရုံးရှေ့ထိ ငါးထောင်စားတွေလွှတ်တာမျိုး ကတုန်ကရင် သွေးရူးသွေးတန်း ဖြစ်နေချိန်မှာ USဘက်က ကူညီဖို့ တွန့်အောင် PDFတွေက ပြည်သူတွေကို အကြမ်းဖက် ဗုံးခွဲပါတယ်လို့ ပုံဖျက်ဖို့ ကြံစည်နေမှာပဲ။
သွားသတိ၊ လာသတိနဲ့ အသက်ကို ဉာဏ်စောင့်ကြပါ။ ဘေးမသီ ရန်မခ၊ မအဘအသုဘအထိ ရှင်သန်အောင် နေထိုင်ကြရအောင်ပါ။
ရန်ကုန်မှာ New Year ညအတွက် စစ်တပ်က ညမထွက်ရအမိန့် ခေတ္တရုတ်သိမ်းတာ မူမမှန်ဘူးလို့ တော် လှန်ရေးအင်အားစုတွေ သုံးသပ်
▪︎လူစုလူဝေးနဲ့ ပျော်ပါးတဲ့နေရာတွေကို စစ်ကောင်စီကဖောက်ခွဲလုပ်ကြံပုံဖျက်နိုင်လို့ ပြည်သူတွေနေအိမိမှာပဲမိသားစုနဲ့နေကြဖို့ တိုက်တွန်း
ကျော်ဇော/People’s Spring
စစ်ကောင်စီတပ်က ရန်ကုန်မြို့မှာ လာမဲ့နိုင်ငံတကာ နှစ်သစ်ကူး(New Year)ညအတွက်ရည်ရွယ်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ခေတ္တရုတ်သိမ်းလိုက်တာဟာ မူမှန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက သုံးသပ်ပါတယ်။
အရပ်သားပြည်သူတွေ စုဝေးပျော်ပါးကြမယ့် ဒီလိုညမျိုးမှာ စစ်အုပ်စုက အရပ်သားတွေကိုပစ်မှတ်ထားပြီး မိုင်းထောင်ဖောက်ခွဲတာတွေ လုပ်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
“အရပ်သား လူစုလူဝေးနေရာတွေကို ပစ်မှတ်ထားဗုံးထောင်ဖောက်ခွဲပြီး ဝောာ်လှန်ရေးအဖွဲ့အစည်းက လုပ်တာပါလို့ ပုံဖော်ချင်လာနိုင်တယ်။ တကယ်လည်း စစ် တပ်က ယုတ်မာမှာ။ သတို့အာဏာတည်မြဲဖို့အတွက်ဆို မလုပ်ရဲတာ ဘာမှမရှိတဲ့ အကြမ်းဖက်စစ်တပ်ဖြစ်တယ်” လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်ပီတာက မှတ်ချက်ပေးပါတယ်။
“နှစ်သစ်ကူးည ငြိမ်းချမ်းစွာပျော်ရွှင်နေသည့်အရပ်သားပြည်သူများကို အကြမ်းဖက်သမား PDFများက ဗုံးခွဲတိုက်ခိုက်”ဆိုတဲ့ ခေါင်းစဉ်မျိုးကို စစ်တပ်က ကျယ်ကျယ်လောင်လောင်အော်ချင်နေပြီး တော်လှန်ရေးကိုပုံဖျက်ချင်တာလို့ ရဲဘော်ပီတာက ဆိုပါတယ်။
အလားတူဖြစ်ရပ်များကို စစ်ကောင်စီတပ်က ကြိမ်ဖန် များစွာ လုပ်ဆောင်ခဲ့ဖူးပြီး အဲဒီထဲက ဒီဇင်ဘာ ၁၈ ရက်
ဒလသင်္ဘောပေါ် ဗုံးပေါက်ကွမှု၊ ဒီဇင်ဘာ ၂၃ ရက်က ကျောက်မြောင်းပွဲဈေးတန်း ဗုံးဖောက်မှု စတဲ့ဖြစ်စဉ်တွေဟာ UG တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်တပ်က ပုံဖျက်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ပြည်သူတွေက ထောက်ပြကြပါတယ်။
အခုလည်း လာမဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူး New Years ညမှာ ညမထွက်ရအမိန့်အဖြစ် ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို ခေတ္တရုတ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းအစိုးရဆိုသူတွေက ဒီဇင်ဘာ ၂၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
“လူစုလူဝေးနဲ့လုပ်တဲ့ ပျော်ပွဲရွှင်ပွဲများဟာ စစ်တပ်ရဲ့ပစ်မှတ်ထားဖာက်ခွဲတိုက်ခိုင်နိုင်တဲ့အတွက်ကြောင့် အရမ်းအန္တရာယ်များပါတယ်။ ရန်ကုန်မြို့နေပြည်သူများကို အိမ်မှာ မိသားစုနဲ့ပျော်ပွဲရွှင်ပွဲလုပ်ပြီး ဖြတ်သန်းကြဖို့ တိုက်တွန်းလိုပါတယ်”လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
ဒါကြောင့် New Years ညမှာ အရပ်သားပြည်သူတွေ လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲလုပ်တာတွေ ရှောင်ကျည်ရန်လိုအပ်ပြီး မိသားစုနဲ့အတူမိမိအိမ်တွေမှာသာပျော်ပါးကြဖို့တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

crd