တက္ကစီငှားစီးတဲ့ ဇနီးမောင်နှံကို ကားသမားက အိပ်မွေ့ချကာ ပစ္စည်းတွေယူသွားတဲ့ ဖြစ်စဉ် အပြည့်အစုံ

ရန်ကုန်မြို့မှာ မြောက်ဥက္ကလာပမြို့နယ်သို့ လှိုင်သာယာမှ အငှားယာဉ်နဲ့ လိုက်ပါလာတဲ့ ညားခါစ ဆယ်ကျော်သက် ဇနီးမောင်နှံ ၂ ဦး နေအိမ်သို့ မရောက်ရှိဘဲ အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့ပြီးနောက် ၂ ရက်ကျော်အကြာ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြန်လည် ရှာတွေ့ခဲ့ပါတယ်။

ညားခါစ ဆယ်ကျော်သက် ဇနီးမောင်နှံ ၂ ဦးဟာ အမျိုးသမီး ဖြစ်သူရဲ့ မိဘတွေ နေထိုင်ရာ မြောက်ဥက္ကလာသို့ လှိုင်သာယာမှ အငှားယာဉ်နဲ့ ထွက်ခွာလာပြီးနောက် အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ် မြောင်းတကာ ဆောက်လုပ်ရေး မှတ်တိုင်အနီး လမ်းဘေး မုန့်ဆိုင်ပိုင်ရှင်က ကူညီ ဆက်သွယ်ပေးခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကလေးတွေက မျက်နှာငယ်လေးတွေနဲ့ လမ်းလျှောက်လာတာ မြင်တော့ မေးလိုက်တာ။ သူတို့ ၂ ယောက် တောထဲက ဇရပ်ပေါ်မှာ ၂ ည အိပ်ခဲ့ရတယ်။ ဆေးအရှိန်နဲ့ မူးပြီး အိပ်ပျော်သွားတာလည်း ပါမယ်။ လမ်းပေါ်တက်ပြီး ၂၈ ရက်နေ့ကလည်း သူတို့ အကူညီ တောင်းကြတယ်။ ဒီကာလမှာ ကြတော့ လူတိုင်းက မသိဘဲတော့ ဘယ်ကူညီရဲမလဲ။ ပြီးတော့မှ ကောင်မလေးရဲ့ အဖေကို ဖုန်းဆက်ပေးလိုက်ပြီး သက်ဆိုင်ရာ လူတွေနဲ့ လာပြီး ခေါ်သွားကြတာ” လို့ မျက်မြင်တွေ့သူ တစ်ဦးက ရှင်းပြပါတယ်။

ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်း ၂ နာရီက ဇနီးဖြစ်သူ မမြတ်သိမ်မွေ့ထွန်း (ခ) ဂျူးဂျူး ရဲ့ မိဘတွေ နေထိုင်ရာ မြောက်ဥက္ကလာ နေအိမ်သို့ တက္ကစီတစ်စီးကို လှိုင်သာယာမှ ငှားကာ သွားခဲ့ရာ မြောက်ဥက္ကလာပ (ဃ‌) ဈေးအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မိဘများနှင့် နောက်ဆုံးအကြိမ် ဖုန်းအဆက်သွယ်ရခဲ့ပြီး အိမ်သို့ရောက်ရှိမလာဘဲ အဆက်အသွယ် လုံးဝ ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့ပါတယ်။

“ကောင်မလေးက မူးတယ်ဆိုပြီး ဖုန်းပြောပြီး ကားပေါ်မှာ အိပ်ပျော်သွားတယ်။ ကောင်လေးလည်း ကားသမားနဲ့ စကားပြောပြီး အိပ်ချင်သလို ဖြစ်လာပြီး မေ့သွားတယ်။ သူတို့ ၂ ယောက်လုံး နိုးတော့ ညနေ ၅ နာရီ ဝန်းကျင်ရှိပြီလို့ ပြောတယ်။ သူတို့ ရောက်နေတဲ့ နေရာမှာ ဘုရားတစ်ဆူနဲ့ ဇရပ်ပျက် တစ်ခုရှိတယ်။ အဲ့ဒီမှာ ငိုရင်း လင်မယား ၂ ယောက် အိပ်ရတာပေါ့။

ဒီဇင်ဘာ ၂၈ ရက်နေ့ကျတော့ ကားလမ်းပေါ် ရောက်အောင်သွားပြီး လမ်းသွားလမ်းလာတွေကို အကူအညီတောင်းလို့ မရတော့ နောက်တစ်ည ထပ်အိပ်ကြတယ်။ ၂၉ ရက်နေ့ မနက်ကျတော့ တစ်နာရီလောက် လမ်းလျှောက်ပြီး မုန့်ဆိုင်က ကူညီပေးတဲ့ ဦးဝင်းမောင်နဲ့ တွေ့တာ။ သူက ကူညီပြီး ဖုန်းဆက်လို့ ကလေးတွေ ပြန်တွေ့ရတာ” လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

ဇနီးမောင်နှံဟာ အသက် ၁၉ နှစ်အရွယ် မောင်ထက်အာကာထွန်း(ခ) ဒေါ်လာနဲ့ အသက် ၁၈ နှစ်အရွယ် မမြတ်သိမ်မွေ့ထွန်း (ခ) ဂျူးဂျူး တို့ဖြစ်ကြပြီး သတိရချိန်မှာတော့ သူတို့ ဝတ်ဆင်ထားတဲ့ ရွှေထည် ပစ္စည်းတွေ လက်ကိုင်ဖုန်းနဲ့ ငွေကျပ် ၄ သိန်း အပါအဝင် စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၂၀ ဝန်းကျင် ပျောက်ဆုံးခဲ့တယ်လို့ သူကပြောပါတယ်။

“ကားစီးတဲ့အခါ သတိထားပြီး ယာဉ်မောင်း အချက်အလက်ပါတဲ့ ဆိုင်းဘုတ်လေး ပါမပါစစ်ပါ။ ကားနံပါတ်ကို ဓာတ်ပုံရိုက် မှတ်ထားပါ။ အဲ့လို ခွင့်မပြုရင် အဲလိုကားကို မစီးနဲ့။ ရန်ကုန်မှာ အပေါဆုံးက Taxi ပါ။ အိပ်မွေ့ချပြီး လူကို ဘာမှ လုပ်မသွားတာ ကံကောင်းတယ်လို့ ပြောလို့ရတယ်။ သတိထားပြီး သွားကြပါ” လို့ အငှားယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လှိုင်သာယာ အရှေ့ပိုင်း ရဲစခန်းမှာ လူပျောက်မှု ဖွင့်ထားတဲ့အတွက် အမျိုးသမီး ဖခင်ဖြစ်သူမှ ဇနီးမောင်နှံ ၂ ဦးကို အန္တရယ်ကင်းစွာ ပြန်လည်တွေ့ရှိခဲ့လို့ လူပျောက်မှုကို ပြန်လည်ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

Crd

Zawgyi

ရန္ကုန္ၿမိဳ႕မွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္သို႔ လႈိင္သာယာမွ အငွားယာဥ္နဲ႔ လိုက္ပါလာတဲ့ ညားခါစ ဆယ္ေက်ာ္သက္ ဇနီးေမာင္ႏွံ ၂ ဦး ေနအိမ္သို႔ မေရာက္ရွိဘဲ အဆက္အသြယ္ျပတ္ ေပ်ာက္ဆုံးခဲ့ၿပီးေနာက္ ၂ ရက္ေက်ာ္အၾကာ ဒီဇင္ဘာ ၂၉ ရက္ေန႔က ျပန္လည္ ရွာေတြ႕ခဲ့ပါတယ္။

ညားခါစ ဆယ္ေက်ာ္သက္ ဇနီးေမာင္ႏွံ ၂ ဦးဟာ အမ်ိဳးသမီး ျဖစ္သူရဲ႕ မိဘေတြ ေနထိုင္ရာ ေျမာက္ဥကၠလာသို႔ လႈိင္သာယာမွ အငွားယာဥ္နဲ႔ ထြက္ခြာလာၿပီးေနာက္ အဆက္အသြယ္ မရေတာ့ဘဲ ေပ်ာက္ဆုံးခဲ့တာျဖစ္ၿပီး ေမွာ္ဘီၿမိဳ႕နယ္ ေျမာင္းတကာ ေဆာက္လုပ္ေရး မွတ္တိုင္အနီး လမ္းေဘး မုန႔္ဆိုင္ပိုင္ရွင္က ကူညီ ဆက္သြယ္ေပးခဲ့တာလို႔ ေဒသခံ တစ္ဦးက ေျပာပါတယ္။

“ကေလးေတြက မ်က္ႏွာငယ္ေလးေတြနဲ႔ လမ္းေလွ်ာက္လာတာ ျမင္ေတာ့ ေမးလိုက္တာ။ သူတို႔ ၂ ေယာက္ ေတာထဲက ဇရပ္ေပၚမွာ ၂ ည အိပ္ခဲ့ရတယ္။ ေဆးအရွိန္နဲ႔ မူးၿပီး အိပ္ေပ်ာ္သြားတာလည္း ပါမယ္။ လမ္းေပၚတက္ၿပီး ၂၈ ရက္ေန႔ကလည္း သူတို႔ အကူညီ ေတာင္းၾကတယ္။ ဒီကာလမွာ ၾကေတာ့ လူတိုင္းက မသိဘဲေတာ့ ဘယ္ကူညီရဲမလဲ။ ၿပီးေတာ့မွ ေကာင္မေလးရဲ႕ အေဖကို ဖုန္းဆက္ေပးလိုက္ၿပီး သက္ဆိုင္ရာ လူေတြနဲ႔ လာၿပီး ေခၚသြားၾကတာ” လို႔ မ်က္ျမင္ေတြ႕သူ တစ္ဦးက ရွင္းျပပါတယ္။

ဒီဇင္ဘာ ၂၇ ရက္ ေန႔လယ္ပိုင္း ၂ နာရီက ဇနီးျဖစ္သူ မျမတ္သိမ္ေမြ႕ထြန္း (ခ) ဂ်ဴးဂ်ဴး ရဲ႕ မိဘေတြ ေနထိုင္ရာ ေျမာက္ဥကၠလာ ေနအိမ္သို႔ တကၠစီတစ္စီးကို လႈိင္သာယာမွ ငွားကာ သြားခဲ့ရာ ေျမာက္ဥကၠလာပ (ဃ‌) ေဈးအနီးသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း မိဘမ်ားႏွင့္ ေနာက္ဆုံးအႀကိမ္ ဖုန္းအဆက္သြယ္ရခဲ့ၿပီး အိမ္သို႔ေရာက္ရွိမလာဘဲ အဆက္အသြယ္ လုံးဝ ျပတ္ေတာက္ကာ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။

“ေကာင္မေလးက မူးတယ္ဆိုၿပီး ဖုန္းေျပာၿပီး ကားေပၚမွာ အိပ္ေပ်ာ္သြားတယ္။ ေကာင္ေလးလည္း ကားသမားနဲ႔ စကားေျပာၿပီး အိပ္ခ်င္သလို ျဖစ္လာၿပီး ေမ့သြားတယ္။ သူတို႔ ၂ ေယာက္လုံး ႏိုးေတာ့ ညေန ၅ နာရီ ဝန္းက်င္ရွိၿပီလို႔ ေျပာတယ္။ သူတို႔ ေရာက္ေနတဲ့ ေနရာမွာ ဘုရားတစ္ဆူနဲ႔ ဇရပ္ပ်က္ တစ္ခုရွိတယ္။ အဲ့ဒီမွာ ငိုရင္း လင္မယား ၂ ေယာက္ အိပ္ရတာေပါ့။

ဒီဇင္ဘာ ၂၈ ရက္ေန႔က်ေတာ့ ကားလမ္းေပၚ ေရာက္ေအာင္သြားၿပီး လမ္းသြားလမ္းလာေတြကို အကူအညီေတာင္းလို႔ မရေတာ့ ေနာက္တစ္ည ထပ္အိပ္ၾကတယ္။ ၂၉ ရက္ေန႔ မနက္က်ေတာ့ တစ္နာရီေလာက္ လမ္းေလွ်ာက္ၿပီး မုန႔္ဆိုင္က ကူညီေပးတဲ့ ဦးဝင္းေမာင္နဲ႔ ေတြ႕တာ။ သူက ကူညီၿပီး ဖုန္းဆက္လို႔ ကေလးေတြ ျပန္ေတြ႕ရတာ” လို႔ မိသားစုဝင္ တစ္ဦးက ေျပာပါတယ္။

ဇနီးေမာင္ႏွံဟာ အသက္ ၁၉ ႏွစ္အ႐ြယ္ ေမာင္ထက္အာကာထြန္း(ခ) ေဒၚလာနဲ႔ အသက္ ၁၈ ႏွစ္အ႐ြယ္ မျမတ္သိမ္ေမြ႕ထြန္း (ခ) ဂ်ဴးဂ်ဴး တို႔ျဖစ္ၾကၿပီး သတိရခ်ိန္မွာေတာ့ သူတို႔ ဝတ္ဆင္ထားတဲ့ ေ႐ႊထည္ ပစၥည္းေတြ လက္ကိုင္ဖုန္းနဲ႔ ေငြက်ပ္ ၄ သိန္း အပါအဝင္ စုစုေပါင္း တန္ဖိုး က်ပ္သိန္း ၂၀ ဝန္းက်င္ ေပ်ာက္ဆုံးခဲ့တယ္လို႔ သူကေျပာပါတယ္။

“ကားစီးတဲ့အခါ သတိထားၿပီး ယာဥ္ေမာင္း အခ်က္အလက္ပါတဲ့ ဆိုင္းဘုတ္ေလး ပါမပါစစ္ပါ။ ကားနံပါတ္ကို ဓာတ္ပုံ႐ိုက္ မွတ္ထားပါ။ အဲ့လို ခြင့္မျပဳရင္ အဲလိုကားကို မစီးနဲ႔။ ရန္ကုန္မွာ အေပါဆုံးက Taxi ပါ။ အိပ္ေမြ႕ခ်ၿပီး လူကို ဘာမွ လုပ္မသြားတာ ကံေကာင္းတယ္လို႔ ေျပာလို႔ရတယ္။ သတိထားၿပီး သြားၾကပါ” လို႔ အငွားယာဥ္ေမာင္း တစ္ဦးက ေျပာပါတယ္။

အခုျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး လႈိင္သာယာ အေရွ႕ပိုင္း ရဲစခန္းမွာ လူေပ်ာက္မႈ ဖြင့္ထားတဲ့အတြက္ အမ်ိဳးသမီး ဖခင္ျဖစ္သူမွ ဇနီးေမာင္ႏွံ ၂ ဦးကို အႏၲရယ္ကင္းစြာ ျပန္လည္ေတြ႕ရွိခဲ့လို႔ လူေပ်ာက္မႈကို ျပန္လည္ပိတ္သိမ္းခဲ့တယ္လို႔ သိရပါတယ္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *