ဗိုလ်နဂါးတပ်တော်အတွက်ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်

ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်

People’s Spring

ဧရာဝတီတံတား(ပခုက္ကူ )မှာ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်က ဖမ်းမိတဲ့လူငယ် ၄ ဦးဟာ စစ်ကိုင်းတိုင်း ၊ပုလဲဒေသမှာ

ဒရုန်းသင်တန်းသွားပေးမယ့် PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီလူငယ် ၄ ဦးကို ဒီဇင်ဘာလ ၁၆ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

လူငယ် ၄ ဦးဟာ ရန်ကုန်ကနေ ပခုက္ကူမြို့ကိုခရီးသည်တင်ကားနဲ့ထွက်လာချိန် ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတာလို့သိရပါတယ်။

ဖမ်းခံရသူ လူငယ် ၄ ဦးဟာ ကိုအောင်ကျော်ကျော်မြတ် ၂၃ နှစ် စမ်းချောင်းမြို့နယ် ၊ ကိုကောင်းမြတ်ထက်

၂၀ နှစ် မြောက်ဥက္ကလာပမြို့နယ် ၊ ကိုဖြိုးမင်းသူ ၂၀ နှစ် ကျောက်တံတားမြို့နယ် ၊ ကိုစိုင်းစည်သူအောင် ၂၄ နှစ် လှိုင်မြို့နယ်တို့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းထုတ်ပြန်ချက်မှာ လူငယ် ၄ ဦးဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊

ပိန္နဲကုန်းကျေးရွာအနီး တပ်မဟာ(၁) တပ်ရင်း(၃)မှာ ဒရုန်းမောင်းနည်းသင်တန်းတက်ရောက်ခဲ့သူတွေလို့စွပ်စွဲထားပါတယ်။

ဒါအပြင် ပုလဲနယ်က ဗိုလ်နဂါးတပ်တော်အတွက်ဒရုန်းသင်တန်းပို့ချဖို့ အသွားမှာ ဖမ်းဆီးလိုက်တာလို့လည်းစစ်ကောင်စီဘက်က ဆိုထားပါတယ်။

zawgyi,


People’s Spring










ပုလဲနယ္ဆီ ဒရုန်းသင္တန်းပေးဖို့ သြားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ္လို့စစ်ကောင္စီဝါဒျဖန့်

People’s Spring

crd

Leave a Reply

Your email address will not be published. Required fields are marked *