ရေးမြို့ ကျောင်းရွာတွင် ခမရ ၅၉၈ တပ်ရင်းမှ စစ်ကားကို YE ဘီလူးမှ ပိတ်ဆို့ပစ်ပစ်ခတ်လို့ စစ်သား ၂ ဦးသေဆုံး
ဧရာဝတီတိုင်းမ်
(ရေး)၊ ဒီဇင်ဘာလ ၂၇ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာတွင် ယနေ့ဒီဇင်ဘာလ ၂၇ ရက် မနက် ၈ နာရီ ၁၇မိနစ်က စစ်ကောင်စီ၏ ခမရ ၅၉၈ လက်အောက်ခံတပ်မှ တပ်သားများလိုက်ပါလာသည့် စစ်ကားအား YEဘီလူး အဖွဲ့မှ ပိတ်ဆို့ပစ်ခဲ့ကြောင်း သိရသည်။
ယနေ့ မနက် ၈ နာရီ ၁၇မိနစ်တွင် ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၈ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ကားမှာ ရွာထဲသို့လာရာလမ်းတွင် YEဘီလူးအဖွဲ့မှ ပိတ်ဆို့ပစ်ခတ်ခဲ့ရာ ကားနောက်ခန်းတွင် လိုက်ပါခဲ့သည့် တပ်သား ၂ ဦးသေဆုံးပြီး ကျန်လူများမှာ ကားမောင်း၍ထွက်ပြေးသွားကြောင်း YE ဘီလူးအဖွဲ့ထံမှ သိရသည်။
“၅၉၁ တပ်ရင်းကတပ်သားတွေ၊ သူတို့ကျောင်းရွာထဲဝင်တော့ ကျွန်တော်တို့အဖွဲ့ကစောင့်ပစ်တာ။ စစ်ကားကမောင်းပြေးတာ့ နောက်ခန်းက ၂ ယောက်ကထိပြီး သေသွားတယ်။ ခေါင်းခန်းကသူတွေကတော့လွတ်သွားတယ်။ အားလုံးပေါင်းတော့ ၄ယောက် ၅ ယောက်လောက် ကားပေါ်ပါခဲ့တယ်”ဟု ရေးဘီလူးခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောင်းရွာအဝင်တွင် ကားကိုပိတ်ဆို့ပစ်ခတ်ခဲ့ရာ ကားပေါ်ပါတပ်သားများမှာ ပြန်လည်ပစ်ခတ်ချိန်မရပဲ ၂ ဦးမှာ ကျည်ထိမှန်သေဆုံးခဲ့ပြီး ကားခေါင်းခန်းရှိ ကားဒရိုက်ဘာနှင့် ကားစပါယ်ယာမှာ ကားမောင်းပြီး ထွက်ပြေးသွားကြောင်းသိရသည်။
YEဘီလူးအဖွဲ့သည် ဒီဇင်ဘာလ ၂၀ ရက်ကလည်း ရေးမြို့နယ်အခြေစိုက် ခမရ(၅၈၆)တပ်ရင်းအား RPGဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း YE ဘီလူးအဖွဲ့ထံမှ သိရသည်။

crd