“ဘုန်းမီးနေလမဟာအသောက” ဇာတ်ကားမှမင်းသမီး တူနီရှာရှာမာ မိမိကိုယ်ကိုအဆုံးစီရင်မှု နောက်ဆက်တွဲ
မြန်မာနိုင်ငံ၌ 5 Plus ရုပ်သံလိုင်းတွင်ပြသခဲ့သည့် ”
ဘုန်းမီးနေလမဟာအသောက” ဇာတ်လမ်းမှသရုပ်ဆောင်မင်းသမီး တူနီရှာရှာမာသည် ဒီဇင်ဘာလ ၂၄ ရက်နေ့က မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်းသိရှိရသည်။
သူသည်အဆုံးစီရင်သွားချိန်တွင် အသက် ၂၀ အရွယ်သာရှိသေးပြီး လက်ရှိတွင် အလီဘာဘာဇာတ်လမ်းတွဲအား မင်းသား ရှီဇန်မိုဟာမဒ်ခန်းနှင့်
အတူရိုက်ကူးနေပြီး ဇာတ်ကားရိုက်ကူးနေစဉ် မိတ်ကပ်အခန်းအတွင်း ကြိုးဆွဲချအဆုံးစီရင်သွားခြင်းဖြစ်ကြောင်းသိရှိရသည်။
သိသိချင်းပင်သူ့အားဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း အသက်မမီတော့ကြောင်း ဆရာဝန်များကဆေးရုံသို့ရောက်ချိန်၌ပြောကြားခဲ့သည်။
သူ့ကိုယ်သူအဆုံးစီရင်သွားချိန်တွင် သူနှင့်တွဲဖက်သရုပ်ဆောင်နေသည့် မင်းသားရှီဇန်မိုဟာမဒ်ခန်း၏ အဝတ်လဲခန်းအတွင်း အဆုံးစီရင်သွားခြင်းဖြစ်သည်ဟုသိရှိရသည်။
သူ၏ခန္ဓာကိုယ်အား ရင်ခွဲဆေးစစ်ရန်အတွက် ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရှိရသည်။
မင်းသမီး တူနီရှာနှင့်ယခင်ကအလုပ်တွဲလုပ်ခဲ့ဖူးသည့် မင်းသမီး ဆိုင်မရန်ဘဒ်ဟာရပ်ပ်ကလည်း တူနီရှာ၌ စိတ်လှုပ်ရှားလွယ်ပြီး စိတ်ကျရောဂါမျိုးရှိသည်ဟုပြောကြားခဲ့သည်။
ယင်းအပြင်သူ၏ မိသားစုဘဝသည်လည်း အကောင်းဆုံးမဟုတ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
တူနီရှာ၏သေဆုံးမှုနှင့်ပတ်သက်၍ သူ၏မိခင်က မင်းသားရှီဇန်အား သတ်သေရန်အားပေးမှုဖြင့်ပြစ်တင်ဝေဖန်ခဲ့သည်။
အတည်မပြုနိုင်သေးသောသတင်းများအရ မင်းသားနှင့်မင်းသမီးတို့သည် ချစ်သူများဖြစ်ခဲ့ကြပြီး ကွဲသွားခြင်းဖြစ်သည်ဟုလည်းဆိုသဖြင့်
မင်းသမီးသေဆုံးမှုနှင့်ပတ်သက်၍ မင်းသားအား ရဲများကဖမ်းခေါ်သွားကြောင်းသိရှိရသည်။
နောက်ဆုံးရသတင်းအရမင်းသမီး၌ ကိုယ်ဝန်ရှိနေသည်ဟုလည်းသတင်းထွက်လာသဖြင့် အမှန်ဟုတ်မဟုတ်ရဲများအားမေးမြန်းရာ ရင်ခွဲစစ်ဆေးမှုပြုလုပ်နေဆဲဖြစ်သဖြင့်
အတည်မပြုနိုင်သေးကြောင်းပြောကြားခဲ့ပြီး သူ၏သေဆုံးမှုအား လူသတ်မှုနှင့်အဆုံးစီရင်မှုရှုထောင့်နှစ်မျိုးလုံးမှ စစ်ဆေးသွားမည်ဟုလည်းပြောကြားခဲ့သည်။
Source :India Today
==============
Zawgyi
“ဘုန္းမီးေနလမဟာအေသာက” ဇာတ္ကားမွမင္းသမီး တူနီရွာရွာမာ မိမိကိုယ္ကိုအဆုံးစီရင္မႈ ေနာက္ဆက္တြဲ
ျမန္မာနိုင္ငံ၌ 5 Plus ႐ုပ္သံလိုင္းတြင္ျပသခဲ့သည့္ ”
ဘုန္းမီးေနလမဟာအေသာက” ဇာတ္လမ္းမွသ႐ုပ္ေဆာင္မင္းသမီး တူနီရွာရွာမာသည္ ဒီဇင္ဘာလ ၂၄ ရက္ေန႔က မိမိကိုယ္ကိုအဆုံးစီရင္သြားေၾကာင္းသိရွိရသည္။
သူသည္အဆုံးစီရင္သြားခ်ိန္တြင္ အသက္ ၂၀ အရြယ္သာရွိေသးၿပီး လက္ရွိတြင္ အလီဘာဘာဇာတ္လမ္းတြဲအား မင္းသား ရွီဇန္မိုဟာမဒ္ခန္းႏွင့္
အတူရိုက္ကူးေနၿပီး ဇာတ္ကားရိုက္ကူးေနစဥ္ မိတ္ကပ္အခန္းအတြင္း ႀကိဳးဆြဲခ်အဆုံးစီရင္သြားျခင္းျဖစ္ေၾကာင္းသိရွိရသည္။
သိသိခ်င္းပင္သူ႔အားေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေသာ္လည္း အသက္မမီေတာ့ေၾကာင္း ဆရာဝန္မ်ားကေဆး႐ုံသို႔ေရာက္ခ်ိန္၌ေျပာၾကားခဲ့သည္။
သူ႔ကိုယ္သူအဆုံးစီရင္သြားခ်ိန္တြင္ သူႏွင့္တြဲဖက္သ႐ုပ္ေဆာင္ေနသည့္ မင္းသားရွီဇန္မိုဟာမဒ္ခန္း၏ အဝတ္လဲခန္းအတြင္း အဆုံးစီရင္သြားျခင္းျဖစ္သည္ဟုသိရွိရသည္။
သူ၏ခႏၶာကိုယ္အား ရင္ခြဲေဆးစစ္ရန္အတြက္ ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္းသိရွိရသည္။
မင္းသမီး တူနီရွာႏွင့္ယခင္ကအလုပ္တြဲလုပ္ခဲ့ဖူးသည့္ မင္းသမီး ဆိုင္မရန္ဘဒ္ဟာရပ္ပ္ကလည္း တူနီရွာ၌ စိတ္လႈပ္ရွားလြယ္ၿပီး စိတ္က်ေရာဂါမ်ိဳးရွိသည္ဟုေျပာၾကားခဲ့သည္။
ယင္းအျပင္သူ၏ မိသားစုဘဝသည္လည္း အေကာင္းဆုံးမဟုတ္ခဲ့ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
တူနီရွာ၏ေသဆုံးမႈႏွင့္ပတ္သက္၍ သူ၏မိခင္က မင္းသားရွီဇန္အား သတ္ေသရန္အားေပးမႈျဖင့္ျပစ္တင္ေဝဖန္ခဲ့သည္။
အတည္မျပဳနိုင္ေသးေသာသတင္းမ်ားအရ မင္းသားႏွင့္မင္းသမီးတို႔သည္ ခ်စ္သူမ်ားျဖစ္ခဲ့ၾကၿပီး ကြဲသြားျခင္းျဖစ္သည္ဟုလည္းဆိုသျဖင့္
မင္းသမီးေသဆုံးမႈႏွင့္ပတ္သက္၍ မင္းသားအား ရဲမ်ားကဖမ္းေခၚသြားေၾကာင္းသိရွိရသည္။
ေနာက္ဆုံးရသတင္းအရမင္းသမီး၌ ကိုယ္ဝန္ရွိေနသည္ဟုလည္းသတင္းထြက္လာသျဖင့္ အမွန္ဟုတ္မဟုတ္ရဲမ်ားအားေမးျမန္းရာ ရင္ခြဲစစ္ေဆးမႈျပဳလုပ္ေနဆဲျဖစ္သျဖင့္
အတည္မျပဳနိုင္ေသးေၾကာင္းေျပာၾကားခဲ့ၿပီး သူ၏ေသဆုံးမႈအား လူသတ္မႈႏွင့္အဆုံးစီရင္မႈရႈေထာင့္ႏွစ္မ်ိဳးလုံးမွ စစ္ေဆးသြားမည္ဟုလည္းေျပာၾကားခဲ့သည္။
Source :India Today
crd