နောက်၂၄နာရီအတွင်းပြာသိုလ ခွာညိုမိုးတွေရွာဦးမယ့် ဒေသတွေကို ပြောပြလတဲ့ မိုးလေဝသ ဆရာမလေး စုစုစံ

26/12/2022 ?နောက်၂၄နာရီအတွင်းပြာသိုလ ခွာညိုမိုးတွေရွာဦးမယ်

26/12/2022 ?????

နောက်၂၄နာရီအတွင်းပူတာအိုခရိုင်မြစ်ကြီးနားခရိုင်ဒေသတွေမှာမိုးတွေရွာနိုင်ပါတယ်

ရာဘာစေးခြစ်သူများအကြိုက် ရာသီဥတုမွန်ပြည်နယ် ကရင်ပြည်နယ်အအေးပိုနေပါလိမ့်မယ်

အနွေးထည်လှလှလေးတွေဝတ်ဆင်ကြပြီးရာဘာစေးခြစ်ကြပါနော်

26/12/2022 ❄❄❄❄

ပဲခူးတိုင်းအရှေ့ပိုင်း ဆောင်းသီးနှံအကြိုက်ရာသီဥတုအေးမြသာယာနေပါလိမ့်မယ်

မိုးမရှိပါဘူး အပင်အားတိုးဆေးတွေပက်ဖြန်းနိုင်ပါတယ်????????

25/12/2022 6:30PM(MMT)

အချိန်မှ နောက် ၂၄နာရီမှ ၄၈နာရီအတွင်း

ဖားကန့် လုံးခင်း ကံဆီး ကားမိုင်း မိုးကောင်း မြစ်ကြီးနား ကန်ပိုက်တီ ပန်းဝါ ခေါင်လန်ဖူး အထက်ဆန်ခေါင် ပန်နန်းဒင် ခေါင်လန်ဖူး မချမ်းဘော ပူတာအို ဆွမ်ပရာဘွမ် မကော ဒေသများတွင် မိုးများစွာရွာသွန်းနိုင်ပါတယ်

ရက်ကြိုတင်ပြီးခန့်မှန်းပေးပြီးသားလည်းဖြစ်ပါတယ်

၂၇ရက်နေ့ ၂၈ရက်နေ့တွေမှာ မိုးညှင်းနဲ့ အင်းတော်ကြီးဒေသတွေမှာ မိုးရွာနိုင်ပါတယ်

ပြာသိုလ ခွာညိုမိုးတွေရွာဦးမယ် ???????

၂၀၂၂ဒီဇင်ဘာလ ၂၆ရက်နေ့မှ ၂၀၂၃ ဇန်နဝါရီလ ၁ရက်နေ့အတွင်း

ကချင်ပြည်နယ်ကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပြာသိုလ ခွာညိုမိုးတွေရွာနိုင်ပါတယ်

နေ့ရက်အလိုက် ဒေသအလိုက် ခွဲခြမ်းစိတ်ဖြာပြီးအသေးစိတ်အချက်အလက်များကိုတွက်ချက်စီစစ်ပြီး အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်

လာနီညာသည် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ကြားနေဘက်သို့ ဦးတည်သွားမည်ဖြစ်ပါတယ်သြစတျေးသြ A + အပူပိုင်းဒေသ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း IOD သည် နွေရာသီနှောင်းပိုင်းမြန်မာ့မိုးဦးရာသီအထိဆက်လက်တည်မြဲနိုင်သဖြင့် ၂၀၂၃ မေလအတွင်း အန်ဒမန်ပင်လယ် ခေါ် ကပ္ပလီပင်လယ်ပြင်ကို အနောက်တောင်မုတ်သုန်လေ စောစီးစွာဝင်ရောက်လာနိုင်ပါတယ်

တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်းတောင်ပိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်ဒေသတွေမှာ ၂၀၂၃ မေလနောက်ဆုံးပတ်အတွင်း အနောက်တောင်မုတ်သုန်လေရရှိစေကာ မိုးဦးစောစေနိုင်ပါတယ်

သတိပြုရမည့်အချက်ကတော့ ကောက်ပဲသီးနှံစိုက်ပျိုးထားကြသူများသည်၂၀၂၃ ဧပြီလနောက်ဆုံးပတ်နဲ့ မေလ ပထမပတ်အတွင်း မုတ်သုန်ကြိုမိုးတွေရွာနိုင်သဖြင့် ဧပြီလမှာ အပြီးရိတ်သိမ်းအခြောက်လှမ်းကြပြီး ပျက်စီးမှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်ထားကြဖို့လိုပါတယ်

အုတ်လုပ်ငန်း ဆားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူတွေလည်း ဧပြီလမကုန်ခင် တိုးမြှင့်ထုတ်လုပ်ကြပါလို့အကြံပြုလိုက်ပါတယ်နော်

crd

Leave a Reply

Your email address will not be published. Required fields are marked *