နဂါးနန္းေတာ္ ေ႐ႊဆိုင္ဝန္ထမ္းမ်ားအား ေသနတ္ျပၿခိမ္းေျခာက္၍ ေ႐ႊထည္မ်ားလုယက္သူကို ဆိုင္ဝန္ထမ္းမ်ားကဖမ္းဆီးႏိုင္ခဲ့
မႏၲေလးၿမိဳ႕၊ခ်မ္းေအးသာစံၿမိဳ႕နယ္၊ကၪၥနမဟီရပ္ကြက္ရွိ “နဂါးနန္းေတာ္”စိန္ေ႐ႊရတနာဆိုင္တြင္ ဒီဇင္ဘာ ၂၅ ရက္မြန္းလြဲပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းေန႔မြန္းလြဲ ၂ နာရီေက်ာ္ခန္႔က အမ်ိဳးသားတစ္ဦးသည္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ကၪၥနမဟီရပ္ကြက္၊
၇၇ လမ္း၊ ၃၂ လမ္းႏွင့္ ၃၃ လမ္းၾကား၌ ဖြင့္လွစ္ထားသည့္ “နဂါးနန္းေတာ္”စိန္ေ႐ႊရတနာဆိုင္သို႔ ေရာက္ရွိလာခဲ့သည္။
ထို႔ေနာက္ အသင့္ပါလာသည့္ေသနတ္ျဖင့္ ေ႐ႊဆိုင္ဝန္ထမ္းမ်ားအားၿခိမ္းေျခာက္ကာ အိတ္အတြင္းသို႔
ေ႐ႊထည္ပစၥည္းမ်ားအားထည့္ခိုင္းရာ ဆိုင္ဝန္ထမ္းမ်ားက လုံးေထြးဖမ္းဆီးခဲ့ၾကေၾကာင္း သိရသည္။
“ေ႐ႊဆိုင္ကဝန္ထမ္းေတြရဲ႕သတၱိကေတာ့ အရမ္းေကာင္းတယ္ ေသနတ္နဲ႔လူကိုလုံးေထြးၿပီး ဖမ္းေနတုန္း
ေအာ္ၿပီးအကူအညီလည္းေတာင္းတဲ့အ တြက္ ျဖတ္သြားတဲ့လုံၿခဳံေရးအဖြဲ႕ေတြပါတဲ့ကားကခ်က္ျခင္းရပ္ၿပီး ဝိုင္းဖမ္းခဲ့တာပါ”ဟု လုံၿခဳံ ေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။
ဖမ္းဆီးရမိသူအား စစ္ေဆးရာ ၎၏ေက်ာပိုး အိတ္အတြင္းမွ အရက္ပုလင္းခြံ ၄ လုံးအားပူးကာတိပ္ျဖင့္ပတ္၍
ႏွစ္ပင္လိမ္ဝါယာႀကိဳးအား ဆားကစ္ျပားျဖင့္တပ္ၿပီး အိတ္အမည္းျဖင့္အုပ္ထားသည့္ မိုင္းအတုတစ္ခုႏွင့္ဓားတစ္ေခ်ာင္းတို႔အား သိမ္းဆည္းရမိခဲ့သည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိသူအား ဥပေဒအရထိေရာက္စြာအေရးယူရန္ သက္ဆိုင္ရာရဲစခန္းသို႔ ပို႔ေဆာင္၍အမႈဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
unicode
နဂါးနန်းတော် ရွှေဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်များလုယက်သူကို ဆိုင်ဝန်ထမ်းများကဖမ်းဆီးနိုင်ခဲ့
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ကဥ္စနမဟီရပ်ကွက်ရှိ “နဂါးနန်းတော်”စိန်ရွှေရတနာဆိုင်တွင် ဒီဇင်ဘာ ၂၅ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနေ့မွန်းလွဲ ၂ နာရီကျော်ခန့်က အမျိုးသားတစ်ဦးသည် ချမ်းအေးသာစံမြို့နယ်၊ကဥ္စနမဟီရပ်ကွက်၊
၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၌ ဖွင့်လှစ်ထားသည့် “နဂါးနန်းတော်”စိန်ရွှေရတနာဆိုင်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် အသင့်ပါလာသည့်သေနတ်ဖြင့် ရွှေဆိုင်ဝန်ထမ်းများအားခြိမ်းခြောက်ကာ အိတ်အတွင်းသို့
ရွှေထည်ပစ္စည်းများအားထည့်ခိုင်းရာ ဆိုင်ဝန်ထမ်းများက လုံးထွေးဖမ်းဆီးခဲ့ကြကြောင်း သိရသည်။
“ရွှေဆိုင်ကဝန်ထမ်းတွေရဲ့သတ္တိကတော့ အရမ်းကောင်းတယ် သေနတ်နဲ့လူကိုလုံးထွေးပြီး ဖမ်းနေတုန်း
အော်ပြီးအကူအညီလည်းတောင်းတဲ့အ တွက် ဖြတ်သွားတဲ့လုံခြုံရေးအဖွဲ့တွေပါတဲ့ကားကချက်ခြင်းရပ်ပြီး ဝိုင်းဖမ်းခဲ့တာပါ”ဟု လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖမ်းဆီးရမိသူအား စစ်ဆေးရာ ၎င်း၏ကျောပိုး အိတ်အတွင်းမှ အရက်ပုလင်းခွံ ၄ လုံးအားပူးကာတိပ်ဖြင့်ပတ်၍
နှစ်ပင်လိမ်ဝါယာကြိုးအား ဆားကစ်ပြားဖြင့်တပ်ပြီး အိတ်အမည်းဖြင့်အုပ်ထားသည့် မိုင်းအတုတစ်ခုနှင့်ဓားတစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူအား ဥပဒေအရထိရောက်စွာအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်၍အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
credit