ပုစွန်ပြီးတော့ ပေါက်စီ လာပြန်ပါပြီ (မြန်မာပြည်သူတွေရဲ့ အစားအသောက် လုံခြုံမှု မရှိတဲ့ ဘဝ)
လူမှုကွန်ရက်ပေါ်မှာ အဖွဲ့ဝင် ၁.၁ သန်းကျော် ရှိတဲ့ စားကြမယ်၊ ချက်ကြမယ် ဂရုမှာ အဖွဲ့ဝင် တဦး တင်ထားတဲ့ ပေါက်စီ အကြောင်းအရာကတော့ လူပြောများလျက် ရှိပါတယ်။ ပေါက်စီထဲမှာ အမျိုးအမည် မသိတဲ့ အကောင် တမျိုး ပါဝင်လာတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။
အပူရှိန် မြင့်မားတဲ့ ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ ပေါက်စီထဲမှာ အမျိုးအမည် မသိတဲ့ အကောင် တကောင် အသက်ရှင်နေတယ်ဆိုတဲ့ ကိစ္စဟာ အတော်ထူးဆန်းတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
မူရင်းပို့စ်မှာ ပေါက်စီရဲ့ တံဆိပ်ကို ဖော်ပြထားပေမယ့်လည်း ကိစ္စရပ် တချို့ကြောင့် ယခုပို့စ်မှာ ချန်လှပ်ထားခဲ့ပါမယ်။ ဂျပန်နပန်းသမား နာမည်နဲ့ ပေါက်စီတံဆိပ် ဖြစ်ပါတယ်။
လက်ရှိအချိန် မြန်မာနိုင်ငံပြည်သူတွေ နေ့စဉ်စားသောက်နေရတဲ့ အစားအသောက်တွေဟာ သန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ညီညွှတ်မှု အားနည်းနေကြတာကို တွေ့ရပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် အမြတ်အစွန်း ရရှိမှု နည်းပါးလာကြတဲ့ အစားအသောက် ပြုလုပ်သူတွေဟာ ဖြစ်သလိုလုပ်လာကြတာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေ အနေနဲ့လည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို ရွေးချယ် ချက်ပြုတ် စားသောက်မယ်ဆိုပါက ရရှိတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် သိသိနဲ့ပဲ ဝယ်ယူစားသောက်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ပြည်သူတွေရဲ့ လူမှုနေထိုင်မှု ဘဝတွေ မလုံခြုံနေသလို အစားအ သောက်ပါ လုံခြုံမှု မရှိတဲ့ အနေအထား ဖြစ်နေပါတယ်။
မြန်မာနိုင်ငံ အစားအသောက်ကွပ်ကဲမှု အဖွဲ့ကလည်း အမည်သာရှိပြီး အလုပ်ကို မည်ကာမတ္တသာ လုပ်နေတာကြောင့်လည်း အခြေအနေတွေက ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။ ဝိသမလောဘသားတွေအနေနဲ့ကလည်း မိမိ အမြတ်အစွန်း ရရှိရေးကိုသာ မကြည့်ဘဲ ပြည်သူတွေဖက်ကို တချက်လှည့်ကြည့်သင့်ပါတယ်။
ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သမျှ ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ဖို့ ကြိုးစားသင့်ပါတယ်။ ဈေးသက်သာပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို ရွေးချယ် စားသောက်ဖို့ အရေးကြီးပါတယ်။
အစားအသောက် ထုတ်လုပ်ရောင်းချသူတွေအနေနဲ့လည်း “မလှူတတ်ရင် ဈေးရောင်း” ဆိုတဲ့ စကားပုံနဲ့ အညီ ထိုက်သင့်တဲ့ အမြတ်အစွန်း ရရှိမယ်ဆိုရင် ပြည်သူတွေ ကျန်းမာရေးအတွက် အနည်းငယ်မျှလောက်ကို ရှေးရှုပြီး လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။
Credit to original Uploader
Zawgyi
ပုစြန္ၿပီးေတာ့ ေပါက္စီ လာျပန္ပါၿပီ (ျမန္မာျပည္သူေတြရဲ့ အစားအေသာက္ လုံျခဳံမႈ မရွိတဲ့ ဘဝ)
လူမႈကြန္ရက္ေပၚမွာ အဖြဲ႕ဝင္ ၁.၁ သန္းေက်ာ္ ရွိတဲ့ စားၾကမယ္၊ ခ်က္ၾကမယ္ ဂ႐ုမွာ အဖြဲ႕ဝင္ တဦး တင္ထားတဲ့ ေပါက္စီ အေၾကာင္းအရာကေတာ့ လူေျပာမ်ားလ်က္ ရွိပါတယ္။ ေပါက္စီထဲမွာ အမ်ိဳးအမည္ မသိတဲ့ အေကာင္ တမ်ိဳး ပါဝင္လာတဲ့ အေၾကာင္းအရာပဲ ျဖစ္ပါတယ္။
အပူရွိန္ ျမင့္မားတဲ့ ေရေႏြးေငြ႕နဲ႔ ေပါင္းထားတဲ့ ေပါက္စီထဲမွာ အမ်ိဳးအမည္ မသိတဲ့ အေကာင္ တေကာင္ အသက္ရွင္ေနတယ္ဆိုတဲ့ ကိစၥဟာ အေတာ္ထူးဆန္းတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။
မူရင္းပို႔စ္မွာ ေပါက္စီရဲ့ တံဆိပ္ကို ေဖာ္ျပထားေပမယ့္လည္း ကိစၥရပ္ တခ်ိဳ႕ေၾကာင့္ ယခုပို႔စ္မွာ ခ်န္လွပ္ထားခဲ့ပါမယ္။ ဂ်ပန္နပန္းသမား နာမည္နဲ႔ ေပါက္စီတံဆိပ္ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္ ျမန္မာနိုင္ငံျပည္သူေတြ ေန႔စဥ္စားေသာက္ေနရတဲ့ အစားအေသာက္ေတြဟာ သန႔္ရွင္းမႈ၊ က်န္းမာေရးနဲ႔ ညီညႊတ္မႈ အားနည္းေနၾကတာကို ေတြ႕ရပါတယ္။ ကုန္ေဈးႏႈန္း ႀကီးျမင့္လာမႈေၾကာင့္ အျမတ္အစြန္း ရရွိမႈ နည္းပါးလာၾကတဲ့ အစားအေသာက္ ျပဳလုပ္သူေတြဟာ ျဖစ္သလိုလုပ္လာၾကတာ ျဖစ္ပါတယ္။
ျမန္မာျပည္သူေတြ အေနနဲ႔လည္း က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအေသာက္ေတြကို ေရြးခ်ယ္ ခ်က္ျပဳတ္ စားေသာက္မယ္ဆိုပါက ရရွိတဲ့ဝင္ေငြနဲ႔ ဘယ္လိုမွ မျဖစ္နိုင္တာေၾကာင့္ သိသိနဲ႔ပဲ ဝယ္ယူစားေသာက္ေနရတဲ့ အေျခအေန ျဖစ္ေနပါတယ္။ ျပည္သူေတြရဲ့ လူမႈေနထိုင္မႈ ဘဝေတြ မလုံျခဳံေနသလို အစားအ ေသာက္ပါ လုံျခဳံမႈ မရွိတဲ့ အေနအထား ျဖစ္ေနပါတယ္။
ျမန္မာနိုင္ငံ အစားအေသာက္ကြပ္ကဲမႈ အဖြဲ႕ကလည္း အမည္သာရွိၿပီး အလုပ္ကို မည္ကာမတၱသာ လုပ္ေနတာေၾကာင့္လည္း အေျခအေနေတြက ပိုမိုဆိုးရြားလာတာ ျဖစ္ပါတယ္။ ဝိသမေလာဘသားေတြအေနနဲ႔ကလည္း မိမိ အျမတ္အစြန္း ရရွိေရးကိုသာ မၾကည့္ဘဲ ျပည္သူေတြဖက္ကို တခ်က္လွည့္ၾကည့္သင့္ပါတယ္။
ျပည္သူေတြအေနနဲ႔လည္း တတ္နိုင္သမၽွ ကိုယ့္ဘာသာ ခ်က္ျပဳတ္စားေသာက္ဖို႔ ႀကိဳးစားသင့္ပါတယ္။ ေဈးသက္သာၿပီး က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအစာေတြကို ေရြးခ်ယ္ စားေသာက္ဖို႔ အေရးႀကီးပါတယ္။
အစားအေသာက္ ထုတ္လုပ္ေရာင္းခ်သူေတြအေနနဲ႔လည္း “မလႉတတ္ရင္ ေဈးေရာင္း” ဆိုတဲ့ စကားပုံနဲ႔ အညီ ထိုက္သင့္တဲ့ အျမတ္အစြန္း ရရွိမယ္ဆိုရင္ ျပည္သူေတြ က်န္းမာေရးအတြက္ အနည္းငယ္မၽွေလာက္ကို ေရွးရႈၿပီး လုပ္ကိုင္ေဆာင္ရြက္သင့္ေၾကာင္း အသိေပးႏွိုးေဆာ္လိုက္ရပါတယ္ ခင္ဗ်ာ။
Credit to original Uploader