ကားပေါ်မှာ ခါးပိုက်နှိုက် ပါတယ်လို့ အော်ပြောတာတောင် ဘယ်သူမှ အရေးမလုပ်ကြဘူး (ကိုယ်တွေ့ပါ)

(21.12.2022) YBS 2 ပေါ်ဖြစ်ခဲ့တဲ့ကိစ္စလေးပါ.. စာလေးကိုသေချာဖတ်ပေးဖို့ တောင်းဆိုပါတယ်ဗျ.. ဒီမနက်ရုံးသွားဖို့ YBS 2 ကားစီးပါတယ် ၇ နာရီ ၅၀ မိနစ်လောက်ကပါ.. မြောက်ဒဂုံ ဗထူးစျေးမှတ်တိုင်မှာ ဆင်းခါနီးအပေါက်ဝမို့ အိတ်ကိုအရှေ့က လွယ်ပါတယ်.. လူ ၄ , ၅ ယောက်လောက်က ကျတော့ကိုဝိုင်းထားပြီး ခါးပိုက်စနှိုက်ပါတယ်။

အမြဲသတိရှိတဲ့သူမို့ ဖုန်းထည့်ထားတဲ့ အိတ်ကိုစမ်းကြည့်တော့ အိတ်က ဇစ်ပွင့်နေပြီး ဖုန်းက တဝက်ထွက်နေပါပြီ။ မှတ်တိုင်ရောက်တော့ ကားပေါ်က ဆင်းဆင်းချင်း သူတို့ပါ လိုက်မဆင်းတာနဲ့ ကျတော့်လို အခြေခံလူတန်းစားတွေပဲမို့ ကိုယ်ချင်းစာစိတ်နဲ့ ကားပေါ်က ခရီးသည်တွေ သတိထားရအောင် ကျတော့်ကို ခါးပိုက်နှိုက်တွေရန်ရှာမှာ သိသိကြီးနဲ့ ခရီးသည်တွေကြားရအောင် ကားပေါ်မှာ ခါးပိုက်နှိုက်ပါတယ်ဆိုပြီး ၃ ကြိမ် ၄ ကြိမ် ထက်မနည်း အသံအကျယ်ကြီးနဲ့အော်ခဲ့တာတောင် သူတို့နဲ့မဆိုင်သလိုပါပဲ..

အဲ့မှာစတာပဲ ကျတော့်ကို အော်ရမလားဆိုပြီး အဲ့ခါးပိုက်နှိုက်တွေပါ ကားပေါ်က လိုက်ဆင်းပြီးကျတော့် နောက်ကို လူ ၄ , ၅ ယောက်လောက် “ဟျောင့်နေအုံးညီလေး နေအုံး” ဆိုပြီးလိုက်လာပါတယ်။ ပထမတော့ လမ်းသွားလမ်း လာတွေ ဆိုက်ကားဂိတ်ကလူတွေကို အကူအညီတောင်းမို့ပါပဲ ကားပေါ်က ခရီးသည်တွေ သူတို့နဲ့မဆိုင်သလိုပဲနေနေတဲ့ ပုံတွေကိုတွေးပြီး ဘယ်သူ့ကိုမှအကူအညီမတောင်းပဲ အမြန်ပြေးခဲ့ရပါတယ်။

နောက်နေ့ ဒီကောင်တွေထက်ရန်ရှာမှာ စိုးရိမ်နေရပါတယ်ဗျာ။ ဖြစ်လာရင် ဘယ်သူကမှမကူညီကြပါဘူး ကိုယ်တိုင်ပဲ ဂရုစိုက်ကြပါ။ သင်ခန်းစာလည်းရပါတယ်။ ဘယ်သူ့ကိုမှလည်း သတိပေး မကူညီချင်တော့ပါဘူး။

ပုံကတော့ ကျတော့်ကိုနှိုက်တဲ့အချိန် သိလိုက်ရတဲ့မြင်ကွင်းကို အတိအကျပြန်ရိုက်ပြပေးထားပါတယ်။

Crd

Zawgyi

(21.12.2022) YBS 2 ေပၚျဖစ္ခဲ့တဲ့ကိစၥေလးပါ.. စာေလးကိုေသခ်ာဖတ္ေပးဖို႔ ေတာင္းဆိုပါတယ္ဗ်.. ဒီမနက္႐ုံးသြားဖို႔ YBS 2 ကားစီးပါတယ္ ၇ နာရီ ၅၀ မိနစ္ေလာက္ကပါ.. ေျမာက္ဒဂုံ ဗထူးေစ်းမွတ္တိုင္မွာ ဆင္းခါနီးအေပါက္ဝမို႔ အိတ္ကိုအေရွ႕က လြယ္ပါတယ္.. လူ ၄ , ၅ ေယာက္ေလာက္က က်ေတာ့ကိုဝိုင္းထားၿပီး ခါးပိုက္စႏႈိက္ပါတယ္။

အၿမဲသတိရွိတဲ့သူမို႔ ဖုန္းထည့္ထားတဲ့ အိတ္ကိုစမ္းၾကည့္ေတာ့ အိတ္က ဇစ္ပြင့္ေနၿပီး ဖုန္းက တဝက္ထြက္ေနပါၿပီ။ မွတ္တိုင္ေရာက္ေတာ့ ကားေပၚက ဆင္းဆင္းခ်င္း သူတို႔ပါ လိုက္မဆင္းတာနဲ႔ က်ေတာ့္လို အေျခခံလူတန္းစားေတြပဲမို႔ ကိုယ္ခ်င္းစာစိတ္နဲ႔ ကားေပၚက ခရီးသည္ေတြ သတိထားရေအာင္ က်ေတာ့္ကို ခါးပိုက္ႏႈိက္ေတြရန္ရွာမွာ သိသိႀကီးနဲ႔ ခရီးသည္ေတြၾကားရေအာင္ ကားေပၚမွာ ခါးပိုက္ႏႈိက္ပါတယ္ဆိုၿပီး ၃ ႀကိမ္ ၄ ႀကိမ္ ထက္မနည္း အသံအက်ယ္ႀကီးနဲ႔ေအာ္ခဲ့တာေတာင္ သူတို႔နဲ႔မဆိုင္သလိုပါပဲ..

အဲ့မွာစတာပဲ က်ေတာ့္ကို ေအာ္ရမလားဆိုၿပီး အဲ့ခါးပိုက္ႏႈိက္ေတြပါ ကားေပၚက လိုက္ဆင္းၿပီးက်ေတာ့္ ေနာက္ကို လူ ၄ , ၅ ေယာက္ေလာက္ “ေဟ်ာင့္ေနအုံးညီေလး ေနအုံး” ဆိုၿပီးလိုက္လာပါတယ္။ ပထမေတာ့ လမ္းသြားလမ္း လာေတြ ဆိုက္ကားဂိတ္ကလူေတြကို အကူအညီေတာင္းမို႔ပါပဲ ကားေပၚက ခရီးသည္ေတြ သူတို႔နဲ႔မဆိုင္သလိုပဲေနေနတဲ့ ပုံေတြကိုေတြးၿပီး ဘယ္သူ႔ကိုမွအကူအညီမေတာင္းပဲ အျမန္ေျပးခဲ့ရပါတယ္။

ေနာက္ေန႔ ဒီေကာင္ေတြထက္ရန္ရွာမွာ စိုးရိမ္ေနရပါတယ္ဗ်ာ။ ျဖစ္လာရင္ ဘယ္သူကမွမကူညီၾကပါဘူး ကိုယ္တိုင္ပဲ ဂ႐ုစိုက္ၾကပါ။ သင္ခန္းစာလည္းရပါတယ္။ ဘယ္သူ႔ကိုမွလည္း သတိေပး မကူညီခ်င္ေတာ့ပါဘူး။

ပုံကေတာ့ က်ေတာ့္ကိုႏႈိက္တဲ့အခ်ိန္ သိလိုက္ရတဲ့ျမင္ကြင္းကို အတိအက်ျပန္႐ိုက္ျပေပးထားပါတယ္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *