စစ်ကိုင်း – မုံရွာလမ်းမှာ စစ်ကား မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ခရီးသည်တင်ကားကို ရန်ပြု ရမ်းကား ပစ်ခတ်၊
ကလေးမိခင်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ၊
MFP ၊ ဒီဇင္ဘာ – ၂၄
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှရွာအနီး၊ စစ်ကိုင်း – မုံရွာ ကားလမ်းပေါ်မှာ မနေ့က ညနေပိုင်း ခိုးရာပါ ပစ္စည်းသယ် စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ခရီးသည်တင်ကားတစ်စီးကို ရမ်းပြု ရမ်းကား ပစ်ခတ်ခဲ့ရာ ကလေးမိခင်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
ဒီဇင်ဘာ(၂၃)ရက် ညနေ(၄)နာရီက စစ်ကိုင်းမြို့ တပ်မ(၃၃)ထဲကနေ မြင်းမူဘက် မောင်းလာတဲ့ စစ်ကားကို စစ်ကိုင်း – မုံရွာလမ်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှရွာ ဇရပ်အနီးမှာ ဒေသကာကွယ်ရေး တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကိုင်း တပ်မ(၃၃)ကနေ မြင်းမူဘက်ကို ဦးတည်မောင်နှင်လာတဲ့ စစ်ကား မိုင်းဆွဲ တိုက်ခိုက်ခံရပါတယ်။ စစ်ကောင်စီရဲ့ စစ်ကားကလည်း အပြင်းမောင်းနှင်ရင်း ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ စစ်ကောင်စီ စစ်ကားကို ကျော်တက်ဖို့ ကြိုးစားနေတဲ့ ပြင်ဦးလွင် – မုံရွာ – နေပြည်တော် ပြေးဆွဲတဲ့ ဟိန်းစတား ခရီးသည်တင် အံစာတုံးကားကို ကျည်များ ထိမှန်ခဲ့ပါတယ်။
စစ်ကောင်စီ စစ်ကားပေါ်က ပစ်ခတ်လိုက်တဲ့ ကျည်များ ထိမှန်ပြီး ကားပေါ်ပါ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ကားသမား မျက်လုံးကျည်ထိမှန်၊ အဖွားအိုတစ်ဦး ခြေထောက် ကျည်ထိမှန်ခဲ့ပါတယ်။ စစ်ကောင်စီ ပစ်ခတ်လိုက်လို့ သေဆုံး ထိခိုက်ခဲ့သူတွေကို ကားအသင်းက တာဝန်ရှိတွေ လိုက်လာပြီး ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကျန်ခရီးသည် အချို့ကို ကားပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားပြည်သူများ အနေဖြင့် စစ်ကောင်စီ ကားများကို တက်နိုင်သမျှ ဝေးဝေးရှောင်ကြရန် တိုက်တွန်း သတိပေးအပ်ပါတယ်” လို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။
စစ်အုပ်စုက ခရီးသည်တင်ကားကို ရန်ပြု ရမ်းကား ပစ်ခတ်လို့ သေဆုံးသူဟာ မန္တလေးတိုင်း၊ ပြင်ဦးမြို့နယ်၊ သုံးတောင်ရွာနေ အသက်(၃၀)ရွယ် ကလေးမိခင် မပွင့်သူနိူင် (ခ) မဘဲဥ ဖြစ်ပြီး ဒီမနက်ပိုင်းမှာပဲ စစ်ကိုင်းမြို့ ယုန်ဖြူသုသာန်မှာ သြင်္ဂိုဟ်ခဲ့တယ်လို့ စစ်ကိုင်းမြို့ အိုးဘို လူမှုကူညီရေးအသင်းက ဆိုပါတယ်။
စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ မီးရှို့ပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို စစ်ကိုင်းမြို့က တပ်မ(၃၃)ထဲ သယ်ယူနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေဟာ သူတို့ တိုက်ခိုက်ခံရတိုင်း အနီးဆုံးမှာ ရှိတဲ့ ပြည်သူကို ရန်ပြု ရမ်းကားလေ့ရှိပြီး ယမန်နေ့ကလည်း စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရွာ ရဲစခန်းရှေ့ လမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စု ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ရန်ပြုသောင်းကျန်းကာ ညပိုင်းမှာ ရဲစခန်းအနီးက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့တွေ အားလုံးထဲမှာ အကောက်ကျစ်၊ အယုတ်မာဆုံးအဖြစ် နာမည်ထွက်ပြီး တပ်မ(၃၃)ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကြောင့် အမေရိကန်အစိုးရက တပ်မ(၃၃)ကို သီးခြား ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။
စစ်အုပ်စုက ခရီးသည်တင်ကားကို ပစ်ခတ်လို့ သေဆုံးတဲ့ မဘဲဥ နှင့် ဒဏ်ရာရတဲ့ ယာဉ်မောင်း/Photo – CJ
စစ်ကိုင်း – မုံရွာလမ်းမှာ စစ်ကား မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ခရီးသည်တင်ကားကို ရန်ပြု ရမ်းကား ပစ်ခတ်၊
ကလေးမိခင်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရ၊
MFP ၊ ဒီဇင်ဘာ – ၂၄
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှရွာအနီး၊ စစ်ကိုင်း – မုံရွာ ကားလမ်းပေါ်မှာ မနေ့က ညနေပိုင်း ခိုးရာပါ ပစ္စည်းသယ် စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ခရီးသည်တင်ကားတစ်စီးကို ရမ်းပြု ရမ်းကား ပစ်ခတ်ခဲ့ရာ ကလေးမိခင်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
ဒီဇင်ဘာ(၂၃)ရက် ညနေ(၄)နာရီက စစ်ကိုင်းမြို့ တပ်မ(၃၃)ထဲကနေ မြင်းမူဘက် မောင်းလာတဲ့ စစ်ကားကို စစ်ကိုင်း – မုံရွာလမ်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှရွာ ဇရပ်အနီးမှာ ဒေသကာကွယ်ရေး တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကိုင်း တပ်မ(၃၃)ကနေ မြင်းမူဘက်ကို ဦးတည်မောင်နှင်လာတဲ့ စစ်ကား မိုင်းဆွဲ တိုက်ခိုက်ခံရပါတယ်။ စစ်ကောင်စီရဲ့ စစ်ကားကလည်း အပြင်းမောင်းနှင်ရင်း ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ စစ်ကောင်စီ စစ်ကားကို ကျော်တက်ဖို့ ကြိုးစားနေတဲ့ ပြင်ဦးလွင် – မုံရွာ – နေပြည်တော် ပြေးဆွဲတဲ့ ဟိန်းစတား ခရီးသည်တင် အံစာတုံးကားကို ကျည်များ ထိမှန်ခဲ့ပါတယ်။
စစ်ကောင်စီ စစ်ကားပေါ်က ပစ်ခတ်လိုက်တဲ့ ကျည်များ ထိမှန်ပြီး ကားပေါ်ပါ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ကားသမား မျက်လုံးကျည်ထိမှန်၊ အဖွားအိုတစ်ဦး ခြေထောက် ကျည်ထိမှန်ခဲ့ပါတယ်။ စစ်ကောင်စီ ပစ်ခတ်လိုက်လို့ သေဆုံး ထိခိုက်ခဲ့သူတွေကို ကားအသင်းက တာဝန်ရှိတွေ လိုက်လာပြီး ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကျန်ခရီးသည် အချို့ကို ကားပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားပြည်သူများ အနေဖြင့် စစ်ကောင်စီ ကားများကို တက်နိုင်သမျှ ဝေးဝေးရှောင်ကြရန် တိုက်တွန်း သတိပေးအပ်ပါတယ်” လို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။
စစ်အုပ်စုက ခရီးသည်တင်ကားကို ရန်ပြု ရမ်းကား ပစ်ခတ်လို့ သေဆုံးသူဟာ မန္တလေးတိုင်း၊ ပြင်ဦးမြို့နယ်၊ သုံးတောင်ရွာနေ အသက်(၃၀)ရွယ် ကလေးမိခင် မပွင့်သူနိူင် (ခ) မဘဲဥ ဖြစ်ပြီး ဒီမနက်ပိုင်းမှာပဲ စစ်ကိုင်းမြို့ ယုန်ဖြူသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ စစ်ကိုင်းမြို့ အိုးဘို လူမှုကူညီရေးအသင်းက ဆိုပါတယ်။

crd