ပုသိမ်ကြီးမြို့အဝင် နာရီစင်အနီးက ရွှေဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရပြန်
MFP ၊ ဒီဇင္ဘာ – ၂၂
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့အဝင်၊ နာရီစင်အနီးက ရွှေဆိုင်တစ်ဆိုင် ယမန် နေ့လည်ပိုင်း ဓားပြတိုက် ခံရပြီး ရွှေ(၅၀)ကျပ်သား ထက်မနည်း ပါသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ(၂၂)ရက် နေ့လည်(၁)နာရီခွဲမှာ ပုသိမ်ကြီးမြို့၊ မြို့အဝင် နာရီစင်အနီး၊ မန္တလေး – ရန်ကင်းတောင်လမ်းပေါ်၊ မြိုသာကုန်းရွာက ရွှေဆိုင်ကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦးက သေနတ်ပစ်ဖောက်ပြီး လုယက်ဓားပြတိုက် သွားတာလို့ ဆိုပါတယ်။
ပုသိမ်ကြီး မြို့အဝင်က ရွှေဆိုင် ဓားပြတိုက် မခံရမီ ဒီမနက်ပိုင်း စစ်အုပ်စုက ပုသိမ်ကြီးမြို့ပေါ်က ရွှေဆိုင်ပိုင်ရှင်တွေကို အစည်းအဝေးခေါ်ခဲ့သလို လွန်ခဲ့တဲ့ တစ်ပါတ်ကလည်း ယခု ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်ကို ဓားပြတိုက်မယ်ဆိုတဲ့ သတင်းကြားလို့ ကင်းစောင့် ပေးတာဆိုပြီး ပျူတွေက ရွှေဆိုင်ရဲ့ အခြေအနေကို လာကြည့်သွားသေးတယ်လို့ ပုသိမ်ကြီးမြို့နယ် မြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Patheingyi Information -PIF က ဆိုပါတယ်။
“ရွှေဆွဲကြိုး သုံးဗန်းနဲ့ အထည်အကြီးတွေ၊ ငွေသားတွေရော ပါသွားကြောင်း၊ လာတာ လေးယောက် သေနတ်လည်း ဖောက်သွားတယ်။ ဆိုင်ရှင်အမျိုးသားနဲ့ ဆိုင်စောင့် ဦးလေးကြီးကို ဓားနဲ့ထောက်ပြီး အေးအေးဆေးဆေး ယူသွားတာလို့ CCTV record တွေ ပြန်ကြည့်ခဲ့သူက ပြောကြောင်းသိရ။
မနက်တုန်းကလည်း ပုသိမ်ကြီးရှိ ရွှေဆိုင်အကုန်လုံးကို စကစမှ အစည်းအဝေး ခေါ်သေးကြောင်းသိရ။ ပြည်သူ တစ်ဦးကလည်း လွန်ခဲ့တဲ့ ရက်တွေက အောင်သပြေရွှေဆိုင် ဓားပြတိုက်မယ် သတင်းရလို့ဆိုပြီး ပျူခေါင်းဆောင် အပါအဝင် စခတွေ၊ ရခတွေ (၁၀)ယောက်ခန့် ဆိုင်အတွင်းအပြင် လာစောင့်နေသေးတယ်၊ သူတို့(စကစ)က ကောင်တွေပဲ နေမှာပဲ ဆိုပြီး လာပြောထားပါသည်” လို့ PIF က ဖော်ပြပါတယ်။
ဒီဇင်ဘာ(၂၀)ရက် မနက်ပိုင်းကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုမြို့သစ်မှာ ရွှေဆိုင်ပိုင်ရှင်တစ်ဦး အိမ်ရှေ့မှာ ဓားပြတိုက်ခံရလို့ ရွှေတစ်ပိဿာကျော် ပါသွားခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ဆိုး၊ လုယက်၊ ဓားပြ၊ မုဒိန်း၊ လူသတ်သမားတွေ အားလုံးကို ထောင်ကနေ အကုန် လွှတ်ပေးထားသလို မန္တလေးမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ တချို့သော ဓားပြတိုက်၊ လုယက်မှုတွေမှာ စစ်ယူနီဖောင်း ဝတ်ထားသူတွေ ကိုယ်တိုင် ပါဝင်ကျူးလွန်နေပြီး စစ်အုပ်စုကလည်း ဓားပြတိုက်၊ လုယက်၊ ခိုးယူနေတဲ့ တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးတာ မရှိပါဘူး။
ပုသိမ်ကြီးမြို့အဝင် နာရီစင်အနီးက ရွှေဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရပြီး ရွှေ(၅၀)ကျပ်သား ပါသွား၊
MFP ၊ ဒီဇင်ဘာ – ၂၂

crd