တစ်နာရီ အမြင့်ဆုံး ဒေါ်လာ ၁၀၀၀ အထိ ရနိုင်တဲ့ “ဧယဉ်ကျုး” (သို့) အသုဘမှာ အငှားငိုပေးရတဲ့ အလုပ်…
အသုဘမှာအခကြေးငွေနဲ့အငှားငိုပေးတဲ့လုပ်ငန်းအာရှနိုင်ငံအချို့မှာခေတ်စားပါတယ်။မြန်မာယဉ်ကျေးမှုမှာလည်းရှိပါတယ်။“ဧယဉ်ကျုး” တယ်ဆိုတာ။အချို့လူငယ်သိချင်မှသိမယ်။
ဘုန်းကြီးပျံပွဲမှာပျံလွန်သွားတဲ့ဘုန်းတော်ကြီးရဲ့ဂုဏ်သတင်းနဲ့အထ္ထုပတ္တိကိုဖွဲ့နွဲ့သီဆိုငိုကြွေးကြတာပါ။
“ဧယဉ်ကျူး ” ကျွမ်းကျင်တဲ့အမျိုးသမီးသီးသန့်ရှိတယ်။ဧယဉ်ကျုးတာအနုပညာတစ်မျိုးယူဆတယ်။မြန်မာ့ဆိုင်းဝိုင်းကြီးပါတယ်။လွမ်းဆွေးရမယ့်နေရာဆိုရင် “နှဲ” ဆွေးဆွေးမြေ့မြေ့မှုတ်တယ်။
အရှေ့အလယ်ပိုင်းမြေထဲပင်လယ်ဒေသနိုင်ငံအသုဘအခမ်းအနားမှာအခကြေးငွေနဲ့ကျွမ်းကျွမ်းကျင်ကျင်ငိုပေးတဲ့ဝန်ဆောင်မှုပေါ်တာကြာပါပြီ။
အားရပါးရဝမ်းနည်းငိုကြွေးပြီးအသုဘရှုလာတဲ့ပရိသတ်ရဲ့ငြိူးငယ်တဲ့နှလုံးသားကိုစွဲဆောင်နိုင်ဖို့အတွက်အခကြေးငွေနဲ့အငှားငိုပေးတဲ့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပါ။
အိန္ဒိယနိုင်ငံရာဂျက်စသန်ပြည်နယ်မှာအသုဘအခမ်းအနားမှာအခကြေးငွေနဲ့ငိုကြွေးတာကျွမ်းကျင်တဲ့မိန်းမအများကြီးရှိတယ်။အလုပ်လည်းရကြတယ်။
တရုတ်နိုင်ငံမှာအသုဘမှာအခကြေးငွေနဲ့ကျယ်ကျယ်လှောင်လှောင်ငိုကြွေးပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းရှိတယ်။
စင်္ကာပူတရုတ်အသုဘမှာအလံကိုင်လမ်း လျှောက်ပေးတာအသုဘတပွဲ SCD 30-40 ဈေးရှိတယ်။အန်ပေါင်းရတာထည့်တွက်ရင်ကြေးမဆိုးဘူး။
မျက်နာမှာမျက်ရည်မရှိပဲအသုဘ အခမ်းအနားကျင်းပတာသေဆုံးသူမကြိုက်ပဲအသုဘရှင်ကိုယ်တိုင်ကြက်သရေမရှိဘူးတရုတ်ရိုးရာယုံကြည်မှုရှိတယ်။
အသုဘရှင်ကအများအားဖြင့်အူလှိုက်သည်းလှိုက်ငိုကြွေးပေးတဲ့မိန်းမပိုငှားကြတယ်။
အငိုကောင်းပေမယ့်ယောင်္ကျားလေးသိတ်မငှားရဘူးတရုတ်ပြည်တောင်ပိုင်း Fujian ပြည်နယ်အငှားငိုကြွေးဝန်ဆောင်မှုလုပ်ငန်းတာဝန်ခံကပြောတယ်။
လုပ်ငန်းတစ်ခါငှားရမ်းရင်လူ ၇ ယောက်သွားငိုကြွေးပေးရတယ်။အများအားဖြင့်ဖွဲ့ဖွဲ့နွဲ့နွဲ့ငိုအားကောင်းတဲ့မိန်းကလေးတွေပါ။
ငိုခကိုအသုဘရှင်ဓနအနေအထားငိုကြွေးကြာမြင့်ချိန်တွက်ချက်ကောက်ခံပါတယ်။
အသုဘအခမ်းအနားတစ်ခုကိုပုံမှန်စျေး USD 600/-နဲ့ အသုဘရှင်ကျေနပ်အောင်အကောင်းဆုံးငိုပေးကြပါတယ်။
အငှားငိုပေးမယ့်သူကိုအသုဘရှင်ကငှားတာမဟုတ်ပဲ အသုဘမလာဖြစ်တဲ့သူက အသုဘမှာမိမိကိုယ်စားသွားငိုခိုင်းတာလည်းရှိတယ်။
အငိုအငှားလိုက်တဲ့ (One Package) ကို ကျွမ်းကျင်အဆင့် လူ ၇ ယောက်ပါပြီးမရပ်တမ်းအားရပါးရငိုကြွေးပေးကြမှာပါ။
ထိုင်ဝမ်မှာအနုပညာနယ်ပယ်ကနာမည်မရသေးတဲ့သူတွေပုံမှန်ဝင်ငွေအတွက်အသုဘအခမ်းအနားမှာအငှားငိုဝန်ဆောင်မှုလုပ်ပေးကြတယ်။
အားရပါးရငိုကြွေးရင်းအင်္ကျီကျွတ်အောင်၊စုတ်ပြဲအောင်၊ဘောင်းဘီစကတ်ကျွတ်ကျအောင်ငိုကြွေးပေးရင်အခကြေးငွေပိုပေးရတယ်။
“ပူလောင်နေရမယ်၊ဆူညံနေရမယ်” ဆိုတာအသုဘမှာအခကြေးငွေနဲ့ငိုပေးသူရဲ့လက်သုံးစကားပါ။
အသုဘအခမ်းအနားလာတဲ့သူတွေပူလောင်နေပြီးငိုကြွေးသံတွေနဲ့ဆူညံနေဖို့ကသူတို့အလုပ်ပါ။
အငှားငိုကြွေးသူကစပြီးကျယ်ကျယ်လှောင်လှောင်ငိုချလိုက်တာနဲ့အသုဘလာတဲ့သာမန်ဧည့်သည်လည်းရောပြီးသူတို့နဲ့အတူမျက်ရည်စက်လက်နဲ့အားရပါးရငိုကြွေးနိုင်ကြပါတယ်။
အချို့ကကိုယ်တိုင်ငိုဖို့တွန့်ဆုတ်ပေမယ့်ကိုယ့်ရှေ့ငိုသူရှိနေရင်ကိုယ်တိုင်ရောငိုဖို့ဝန်မလေးကြဘူး။အသုဘမှာအခကြေးငွေနဲ့ငိုပေးတဲ့လုပ်ငန်းတစ်ခုကဒီလိုကြော်ငြာထားပါတယ်။
(၁) ရိုးရိုးငို USD 50/- (တစ်နာရီ)
(၂)မြေပေါ်လူးလိမ့်ငိုခ USD 100/-
(၃)အသုဘမြုပ်နှံမယ့်တွင်းထဲခုန်ဆင်းမလိုလုတ်ပြီးလူးလိမ့်ငိုခ USD 200/-
(၄)အသုဘမြုပ်နှံမယ့်တွင်းထဲခုန်ဆင်းလူးလိမ့်ငိုခ USD 1000/-
တစ်ကယ်ဆိုအငှားငိုပေးရတဲ့လုပ်ငန်းကဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုပါ။
အငိုခက်သူတွေအတွက်အငိုကျင့်တဲ့နည်းလမ်းကောင်းတွေအများကြီးရှိပြီးထင်ရှားတဲ့နည်းတစ်ခုက။
ဝမ်းနည်းစရာကိစ္စကိုသိတ်မစဉ်းစားပါနဲ့… ဖြည်းဖြည်းခြင်းသမ်းဝေလိုက်ပါ…နောက်တစ်ခါထပ်သမ်းလိုက်ပါ…
မျက်လုံးမှာမျက်ရည်ဝဲလာတဲ့အထိထပ်သမ်းဝေလိုက်ပါ……အခါ ၂၀ လောက်မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုတ်လိုက်ပါ……
၁၅ စက္ကန့်မျက်တောင်မခတ်ပဲနေလိုက်ပါ…နောက် ၁၀ ခါမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပါ……မျည်ရည်စပြီးဝဲလာပါလိမ့်မယ်။
မူရင်း လွင်ဦး_ရန်ကင်း ထံမှ ပြန်လည်မျှဝေပါသည်။ လေးစားစွာ ခရက်ဒစ်