အဖြစ်ဆိုးလိုက်တဲ့ မိသားစုလေးဗျာ (ကောင်းရာဘုံဘဝ ရောက်ရှိနိုင်ကြပါစေ)
ကျောက်ဖြူတွင် ၃နှစ်အရွယ်ကလေး ၁ဦးနှင့် ၉တန်းကျောင်းသူ ၁ဦးအပါအဝင် မိခင်ဖြစ်သူပါ ရေနစ် သေဆုံး
Western News| ဒီဇင်ဘာ၊ ၂၂ ရက်
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာ၏ ဥယာဉ်ခြံ ဘေးနားက ချောင်းတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ရေနစ်ပြီး သေဆုံးနေသည့် အလောင်းသုံးလောင်းအား တွေ့ရှိခဲ့ကြောင်း ကျေးရွားသားများက Western News ကို ပြောသည်။
အသက် ၃၈ နှစ်အရွယ်ရှိသူ မိခင်ဖြစ်သူ ဒေါ်မဖြူတင်၊ အသက် ၁၆ နှစ်အရွယ်ရှိသူ ကိုးတန်းကျောင်းသူ မစုမြတ်လှိုင်နှင့် အသက် ၃ နှစ်အရွယ်ရှိသူ မစုမြတ်နှင်း တို့မှာ ဥယာဉ်ခြံ၏ ဘေးနားချောင်းအတွင်း သေဆုံးလျှက် တွေ့ရှိခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
ကုလားဘာကျေးရွာ၏ တဖာလုံကျော်တွင်ရှိသည့် မိမိ၏ ဥယာဉ်ခြံတွင် နေစဉ်သွားလေ့ ရှိကာ အဆိုပါ ဖြစ်စဉ်တွင် သားမိနှစ်ယောက်ဥယာဉ်ခြံ အပင်များအား ရေလောင်းနေစဉ်
သားဖြစ်သူ က ရေထဲသို့ ကျသွားခြင်း ဖြစ်နိုင်ကြောင်း မိသားစုဝင်တစ်ဦးဖြစ်သည့် ကုလားဘာကျေးရွာမှ ဦးကျော်လှထွန်းက Western News ကို ပြောသည်။
“သူ့ယောကျ်ား သွားတဲ့အချိန်မှာ သုံးယောက်လုံးရေနစ်ပြီ သေဆုံးနေတာကို တွေ့တာပါ။ သမီးအငယ်ဆုံးရယ် ပြီးတော့ သမီးကြီးရယ်၊ သူ့မိန်းမရယ်၊ ဥယာဉ်ခြံအနားချောင်းမှာ အလောင်းပေါ်နေတာကိုတွေ့တာပါ။
သူပြောချက်အရကတော့ ကလေးကပထမ ကစားရင်းချောင်းထဲ ကျသွားနိုင်တယ်လို့ဆိုတယ်။ ပြီးတော့ သူ့သမီးက သွားကယ်တယ်။
အဲ့ဒီမှာ အမေဖြစ်သူကလည်း သွားကယ်တာဖြစ်နိုင်တယ်။ အဲ့ဒီမှာ အားလုံးရေနစ်ပြီး သေဆုံးသွားတာဖြစ်နိုင်တယ်လို့ ပြောတယ် “ဟုဆိုသည်။
သေဆုံးသူ၏ ဒေါ်မဖြူတင် ခင်ပွန်းဖြစ်သူမှာ ဥယာဉ်ခြံသို့ လာရောက်စဉ်အတွင်း နေရနစ်မြုပ်နေသည့် ဇနီး၊ သမီးနှင့် သားဖြစ်သူ၏ ရုပ်အလောင်းများကို တွေ့ရပြီး
ကျေးရွာသားများခေါ်ယူကာ သေဆုံးသူများကို ယူဆောင်လာခြင်းဖြစ်ကြောင်း ကုလားကျေးရွာမှ ဦးကျော်လှထွန်းက ဆက်ပြောသည်။
အဆိုပါချောင်းမှာ ဒီရေများအတက်အကျ မရှိဘဲ ကုလားဘာ ကျေးရွာမှ အရှေ့တွင် အရေအတက်အကျများကို ပိတ်လှောင်ထားသည့် ဆည်ဖြစ်ပြီး ဖြစ်ပြီး အဆိုပါ ဥယာဉ်ခြံ၏ ဘေးနာတွင် ရှိသည့်ချောင်းသည် ၈ ပေလောက် နက်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
သေဆုံးသူများအား ကျေးရွာရှိ သုသာန်၌ ညချင်းတွင် မြေမြုပ် သင်္ဂြိုဟ်သွားရန် ပြန်ဆင်နေကြောင်းနှင့် ယခုဖြစ်စဉ်သည် ယင်းကျေးရွာတွင် နှစ်ပေါင်း ၄၀ အတွင်း ပထမဦးဆုံးအကြိမ်းဖြစ်ကြောင်း ဦးကျော်လှထွန်းက ပြောသည်။
“အခုပဲ သေဆုံးသူရဲ့ ရုပ်လောင်းကို မြေမြုပ်ဖို့ တွင်းတူးနေကြပါတယ်။ ညချင်းပဲ မြုပ်ရမှာပေါ့။ ကျနော်တို့က ချက်ချင်းဆိုတော့ ယုံကြုံမရ ဖြစ်ရပါတယ်။
ကလေးအဖေကတော့ ရူးမတက်အောင်ဖြစ်နေတယ်။ သူတို့ ပုံမှန် ဥယာဉ်ခြံကို သွားနေကြပေါ့လေ။ ဒီလို ချက်ချင်းကြီးဖြစ်မယ်ဆိုတာကတော့ ဘယ်လိုထင်မလဲ။ စိတ်မကောင်းစရာတွေပါ ” ဟုပြောသည်။
Western News-WN
ကုလားဘာကျေးရွာမှ ရေနစ်သေဆုံးသွားသည့် မိသားစုသုံးဦးကိုတွေ့ရစဉ်။
Zawgyi
အျဖစ္ဆိုးလိုက္တဲ့ မိသားစုေလးဗ်ာ (ေကာင္းရာဘုံဘဝ ေရာက္ရွိနိုင္ၾကပါေစ)
ေက်ာက္ျဖဴတြင္ ၃ႏွစ္အရြယ္ကေလး ၁ဦးႏွင့္ ၉တန္းေက်ာင္းသူ ၁ဦးအပါအဝင္ မိခင္ျဖစ္သူပါ ေရနစ္ ေသဆုံး
Western News| ဒီဇင္ဘာ၊ ၂၂ ရက္
ရခိုင္ျပည္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကုလားဘာေက်းရြာ၏ ဥယာဥ္ၿခံ ေဘးနားက ေခ်ာင္းတြင္ ဒီဇင္ဘာလ ၂၂ ရက္ေန႔ မြန္းလြဲ ၃ နာရီခန႔္က ေရနစ္ၿပီး ေသဆုံးေနသည့္ အေလာင္းသုံးေလာင္းအား ေတြ႕ရွိခဲ့ေၾကာင္း ေက်းရြားသားမ်ားက Western News ကို ေျပာသည္။
အသက္ ၃၈ ႏွစ္အရြယ္ရွိသူ မိခင္ျဖစ္သူ ေဒၚမျဖဴတင္၊ အသက္ ၁၆ ႏွစ္အရြယ္ရွိသူ ကိုးတန္းေက်ာင္းသူ မစုျမတ္လွိုင္ႏွင့္ အသက္ ၃ ႏွစ္အရြယ္ရွိသူ မစုျမတ္ႏွင္း တို႔မွာ ဥယာဥ္ၿခံ၏ ေဘးနားေခ်ာင္းအတြင္း ေသဆုံးလၽွက္ ေတြ႕ရွိျခင္းျဖစ္ေၾကာင္း ေက်းရြာသားမ်ားက ေျပာသည္။
ကုလားဘာေက်းရြာ၏ တဖာလုံေက်ာ္တြင္ရွိသည့္ မိမိ၏ ဥယာဥ္ၿခံတြင္ ေနစဥ္သြားေလ့ ရွိကာ အဆိုပါ ျဖစ္စဥ္တြင္ သားမိႏွစ္ေယာက္ဥယာဥ္ၿခံ အပင္မ်ားအား ေရေလာင္းေနစဥ္
သားျဖစ္သူ က ေရထဲသို႔ က်သြားျခင္း ျဖစ္နိုင္ေၾကာင္း မိသားစုဝင္တစ္ဦးျဖစ္သည့္ ကုလားဘာေက်းရြာမွ ဦးေက်ာ္လွထြန္းက Western News ကို ေျပာသည္။
“သူ႔ေယာက်္ား သြားတဲ့အခ်ိန္မွာ သုံးေယာက္လုံးေရနစ္ၿပီ ေသဆုံးေနတာကို ေတြ႕တာပါ။ သမီးအငယ္ဆုံးရယ္ ၿပီးေတာ့ သမီးႀကီးရယ္၊ သူ႔မိန္းမရယ္၊ ဥယာဥ္ၿခံအနားေခ်ာင္းမွာ အေလာင္းေပၚေနတာကိုေတြ႕တာပါ။
သူေျပာခ်က္အရကေတာ့ ကေလးကပထမ ကစားရင္းေခ်ာင္းထဲ က်သြားနိုင္တယ္လို႔ဆိုတယ္။ ၿပီးေတာ့ သူ႔သမီးက သြားကယ္တယ္။
အဲ့ဒီမွာ အေမျဖစ္သူကလည္း သြားကယ္တာျဖစ္နိုင္တယ္။ အဲ့ဒီမွာ အားလုံးေရနစ္ၿပီး ေသဆုံးသြားတာျဖစ္နိုင္တယ္လို႔ ေျပာတယ္ “ဟုဆိုသည္။
ေသဆုံးသူ၏ ေဒၚမျဖဴတင္ ခင္ပြန္းျဖစ္သူမွာ ဥယာဥ္ၿခံသို႔ လာေရာက္စဥ္အတြင္း ေနရနစ္ျမဳပ္ေနသည့္ ဇနီး၊ သမီးႏွင့္ သားျဖစ္သူ၏ ႐ုပ္အေလာင္းမ်ားကို ေတြ႕ရၿပီး
ေက်းရြာသားမ်ားေခၚယူကာ ေသဆုံးသူမ်ားကို ယူေဆာင္လာျခင္းျဖစ္ေၾကာင္း ကုလားေက်းရြာမွ ဦးေက်ာ္လွထြန္းက ဆက္ေျပာသည္။
အဆိုပါေခ်ာင္းမွာ ဒီေရမ်ားအတက္အက် မရွိဘဲ ကုလားဘာ ေက်းရြာမွ အေရွ႕တြင္ အေရအတက္အက်မ်ားကို ပိတ္ေလွာင္ထားသည့္ ဆည္ျဖစ္ၿပီး ျဖစ္ၿပီး အဆိုပါ ဥယာဥ္ၿခံ၏ ေဘးနာတြင္ ရွိသည့္ေခ်ာင္းသည္ ၈ ေပေလာက္ နက္နိုင္ေၾကာင္း ၎က သုံးသပ္ေျပာဆိုသည္။
ေသဆုံးသူမ်ားအား ေက်းရြာရွိ သုသာန္၌ ညခ်င္းတြင္ ေျမျမဳပ္ သၿဂႋဳဟ္သြားရန္ ျပန္ဆင္ေနေၾကာင္းႏွင့္ ယခုျဖစ္စဥ္သည္ ယင္းေက်းရြာတြင္ ႏွစ္ေပါင္း ၄၀ အတြင္း ပထမဦးဆုံးအႀကိမ္းျဖစ္ေၾကာင္း ဦးေက်ာ္လွထြန္းက ေျပာသည္။
“အခုပဲ ေသဆုံးသူရဲ့ ႐ုပ္ေလာင္းကို ေျမျမဳပ္ဖို႔ တြင္းတူးေနၾကပါတယ္။ ညခ်င္းပဲ ျမဳပ္ရမွာေပါ့။ က်ေနာ္တို႔က ခ်က္ခ်င္းဆိုေတာ့ ယုံၾကဳံမရ ျဖစ္ရပါတယ္။
ကေလးအေဖကေတာ့ ႐ူးမတက္ေအာင္ျဖစ္ေနတယ္။ သူတို႔ ပုံမွန္ ဥယာဥ္ၿခံကို သြားေနၾကေပါ့ေလ။ ဒီလို ခ်က္ခ်င္းႀကီးျဖစ္မယ္ဆိုတာကေတာ့ ဘယ္လိုထင္မလဲ။ စိတ္မေကာင္းစရာေတြပါ ” ဟုေျပာသည္။
Western News-WN
ကုလားဘာေက်းရြာမွ ေရနစ္ေသဆုံးသြားသည့္ မိသားစုသုံးဦးကိုေတြ႕ရစဥ္။
crd