လူတိုင်း မေးဖူး ကြမှာပါ… ဘာလို့ လူနာတင်ကားမှာ Ambulance ဆိုတဲ့ စာလုံးကို ပြောင်းပြန် ရေးထားလဲ ဆိုတာ… ကျနော် ငယ်ငယ်က သိပ်သိချင်ခဲ့တယ်
ဒီလိုနဲ့ လူကြီးတွေကို လိုက်မေးရင်း မေးရင်းနဲ့ နောက်တော့ သိသွားတယ်။ လူနာတင်ကားမှာ ပြောင်းပြန် ဖြစ်နေတဲ့ Ambulance ဆိုတဲ့ စာလုံးက သိပ်ကို အဓိပ္ပါယ်ရှိပြီး အရေးပါပါတယ်
Ambulance ကား ရဲ့ အသက်ပေါ့ကွာ။ ဘဝမှာ လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါမှာလည်း ဒီအချက် က သိပ်ကို အရေးကြီး ပါတယ်
တချို့ကိစွတွေမှာ ကိုယ်ဖြစ်ချင်တာထက်၊ ကြည့်ကောင်းနေဖို့ထက် သူများတွေ အဆင်ပြေဖို့ ကိုယ်လုပ်နေကျ၊ တွေးနေကျ၊ ပြောနေကျ အရာတွေနဲ့ ဆန့်ကျင့်ဖက်တွေ လုပ်တတ်ဖို့ လိုတယ်
ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ပြီး ဟန်ဆောင်ပါလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့် အတွက် အဆင်မပြေရင်တောင် သူများ နားလည်ဖို့ အဆင်ပြေဖို့ ကိုယ့်ရဲ့ အဆင်မပြေခြင်းကို သီးခံတတ်ရမယ် လို့ ဆိုလို တာပါ
ဒါမှ ခရီးရောက်မှာပါ။ Ambulance ကားတွေဟာ အရေးပေါ်လူနာတင်ပြီး ရှူပ်ထွေးတဲ့ လမ်းမပေါ်မှာ ပြေးလွှာပြီး လူနာအသက်ကို ကယ်ရ တာပါ
အဲလို အခြေနေမျိုးမှာ သူလာနေပြီဆိုတာ အသိပေးတဲ့ အနေနဲ့ အသံ ပေးပါတယ်။ ဒီအသံ တစ်ခုတည်းက သူ့ပန်းတိုင် ခရီးရောက်ဖို့ မကူညီ ပေးနိုင်ပါဘူး။
ဘာကြောင့်လည်း ဆိုတော့ ကားတွေ အရမ်းများပြီး ဆူညံနေတဲ့ အခါမျိုးမှာ အသံပဲ ကြားပြီး ဘယ်အရပ်က လာနေမှန်း မသိတော့ တခြားကားတွေက လမ်းဖယ် ပေးဖို့ မဖြစ်နိုင်ပါဘူး
ကားသမားတွေက ရှုပ်ထွေးနေတဲ့ လမ်းမပေါ်မှာ အရပ်လေးမျက်နာကို မြင်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒီတော့ နောက်က လာတဲ့ Ambulance ကားက သူ့ရဲ့ ပြောင်းပြန်ရေးထားတဲ့ စာလုံးကြောင့် ရှေ့မှာသွားနေတဲ့ ကားတွေရဲ့ နောက်ကြည့်မှန် မှာ အတည့်၊ အမှန်တိုင်း သွားပေါ် ပါတယ်
ဒီတော့ ကားသမားတွေက Ambulance ဆိုတာ သိတော့ လမ်းရှင်းပေးလို့ ရတာပေါ့။ တခါတရံ သူငါ့ကို နားလည်မှာပါလို့ ယူဆလို့ မရပါဘူး
ဘာလို့လဲဆိုတော့ သူက သင်နဲ့ မတူတဲ့ ရှုထောင့်ကနေပြီး ကြည့်နေတယ်။ တွေးနေတယ် ဆိုတာ ကို သိဖို ့လိုပါတယ်
Credit