သန်လျင်မြို့နယ်ရှိ စစ်တပ်တပ်စွဲထားသော ဆက်သွယ်ရေးရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်၊ ရန်ကုန်မြို့နယ် အများအပြားတွင် ယခုည ဗုံးများပေါက်ကွဲ၊ မန္တလေးရှိ စစ်တပ်ဗိုလ်မှူးပိုင် အရက်ဘားတစ်ခု ဖောက်ခွဲခံရ
ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော ဆက်သွယ်ရေးရုံးကို ယနေ့ညပိုင်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက် ခဲ့ကြောင်း Soul Takers- Yangon Underground Force က သတင်းထုတ်ပြန်သည်။
ည ၇ နာရီ ၃၀ မိနစ်အချိန် သန်လျင်မြို့ထမလုံရပ်ကွက် ဂိတ်ဝမှတ်တိုင်နားရှိ အကြမ်းဖက် စစ်တပ်တပ်စွဲထားသော ဆက်သွယ်ရေးရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း၊ လက်ပစ်ဗုံးမှာလည်း ရုံးအတွင်းတွင် ပေါက်ကွဲသွားပြီး အလျှင်အမြန် ပြန်လည် ဆုတ်ခွာလာသည့်အတွက် သေဆုံး ထိခိုက် မှုကို အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Soul Takers(Yangon Underground Force) အဖွဲ့က ဆိုသည်။
ထို့ပြင် ယနေ့ညပိုင်း မြောက်ဒဂုံ၊ သာကေတ၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းတို့တွင် ဗုံးများပေါက်ကွဲကြောင်း သိရှိရသည်။
ထို့ပြင်မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ဗိုလ်မှူးတစ်ဦးပိုင်ဆိုင်သော Yan Kin Bar ကိုလည်း ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှု ဖြစ် ပွားကြောင်း၊ အဆိုပါ ဘားတွင် စစ်တပ်မှ အရာရှိများ၊ ပျုစောထီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ လာရောက် သောက်စားမူးယစ်ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီလက် အောက် ခံ ရဲတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်သည်)
Photo- အီးပီအေ။

crd