ကြင်စိုး ဆိုတာလည်း အရင် ပန်းဆိုးတန်းနားက ရထားအိမ်သာတွေလိုပဲ သေးဝင်ပေါက်ရင် ကိုယ်ပါ ချီးစော်နံလာတာမျိုး












=========

UNSC ထုတ်လိုက်တဲ့ဟာက Resolution ဆိုတော့ လုပ်ကို လုပ်ရမယ်ဆိုတဲ့ သဘောလို့ သုံးသပ်ကြတယ်။

Statement လို လေထဲမှာတင် ပျောက်သွားမယ့် အရာမဟုတ်။ မလုပ်ရင် ပြစ်ဒဏ်ပေးဖို့ ဆိုတာကတော့ နောက်အဆင့်တွေ ရှိတာပေါ့လေ။ သို့သော် ဒီ Resolution က သမိုင်းဝင်တယ်။

မြန်မာနဲ့ ပါတ်သတ်လို့ တသက်လုံး ကဖျက်ယဖျက် လုပ်ခဲ့တဲ့ ရုရှ၊ ချိန၊ အိန္ဒိယ အားလုံး ကန့်ကွက်မဲတောင် မပေးတော့တာက သမိုင်းဝင်တာပါပဲ။

ကြင်စိုး ဆိုတာလည်း အရင် ပန်းဆိုးတန်းနားက ရထားအိမ်သာတွေလိုပဲ သေးဝင်ပေါက်ရင် ကိုယ်ပါ ချီးစော်နံလာတာမျိုး။ MOGE နဲ့ ပေါင်းမိလို့ PTT ကို နော်ဝေက ရှင်ခန်းဖြတ်တယ်။

ခွန်ထိုင်းများက ဆန်းဆန်းတင့်မျိုးမို့ ဒါမျိုး ကျဉ်ခံရတာ ဆဲခံရတာထက် နာတယ်။ တင်းပြီး အာဆီယံ “အလွတ်” ဆွေးနွေးဖို့ လုပ်နေတယ်။ မလွတ်ရင် ကြင်စိုးတို့ကို ခေါ်လို့ မရဘူး။ ခု စကစ ကိုလည်း ခေါ်ထားတယ်။

ချီးပုံကြီးကိုတော့ ဒီလို အချိန်မှာ စင်ပေါ်တင်ဖို့ ဖြစ်ဟန်မတူ။ နောက်ဆုံးအနေနဲ့ နားချမှာပဲ။ ကြင်စိုးနားပေါက်ကလည်း ကျယ်နေပါပြီ။

ဝနဖောင်ပြင်က သူ့အမေ့လင် နုတ်တိုက်သင်ပေးထားတဲ့ “ရွေးကောက်ပွဲ” ဆိုတာကိုပဲ ပြောမှာမို့ ဒီအစည်းအဝေးလည်း “ဖေးလ်” မှာပါပဲ။

ရိုးမ နဲ့ ရွှေတောင်ကို IMF က လမ်းခွဲတယ်။ နျူကလီးယား ကိစ္စမှာ ပါတယ်လို့ အသံထွက်ထားတဲ့ IGE ကလည်း ကမန်းကတမ်း ထရှင်းတယ်။

ကြင်စိုးလို့ ဖုတ်လေတဲ့ ငပိလို့တောင် မထင်ကြတော့ပဲ ကိုယ့်ရပ်တည်မှု အတွက်ပဲ ကြည့်ကြတော့တယ်။ ငရွှေခေတ်ကမျန်းဆို ခရိုနီ ခုလို ထငြင်းရဲဖို့ နေနေသာသာ နုတ်ခမ်းတလန် ပန်းတလန်နဲ့ ထမိန်စွန်တောင်ဆွဲပြီး ကလော်တုပ်ကြမှာ။

ဘိုင်ဒန်ကြီး NDAA လက်မှတ်ထိုးပြီးရင် ကြင်စိုးတို့ သွားလေရာ KY Tube လေးသာ ခါးကြားထိုးနေကြပေတော့။ ရုရှကလည်း ကြင်စိုးကို အိုးစုတ် တောင်းစုတ် ဘော်တယ်ကုလားလောက်ပဲ သဘောထားတာ။ ချိန လည်း ရှောင်နေတာ ကြာပြီမို့ ၂၀၂၃ က ကြင်စိုးအတွက် နေဝင်ချိန်လို့သာ …

ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (နေဝင် Cheeထွက် ကြင်စိုးပျက် ကဏ္ဍ)

crd

Leave a Reply

Your email address will not be published. Required fields are marked *