မင်းသား မင်းမော်ကွန်း ကတော့ တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြား လူကြိုက်များ




အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
နုပျိုလွန်းတာကြောင့် ” သွားသေးသေးလေးနဲ့ ကိုကြာနု” လို့ တောင် ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပါသေးတယ်။
မင်းမော်ကွန်း ဟာ “နှလုံးလှ လူမိုက်” ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။




မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်း ဟာလက်ရှိမှာ ပုဒ်မ
၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာပါ။
ဒါကြောင့်လဲ ဘေးကင်းရာ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ တိမ်းရှောင်ပြီးနောက်




နှစ်နှစ်နီးပါးခက်ခက်ခဲနေထိုင်ခဲ့ရပါတယ်
အခုလက်ရှိအချိန်မှာတော့ မင်းသား မင်းမော်ကွန်း ဟာ သြစတေးလျနိုင်ငံကို ရောက်ရှိနေပြီး
တော်လှန်ရေးအတွက် ထောက်ပို့တပ်သားအဖြစ် တာဝန်ယူထားပါတယ်။




နိုင်ငံရပ်ခြားကို ရောက်ရှိသွားတဲ့ မင်းမော်ကွန်း ကတော့ တော်လှန်ရေးအတွက် လိုအပ်နေတဲ့
လက်နက်ရိက္ခာတွေ ပိုမိုရအောင် ထောက်ပံ့ပေးနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
ဒါအပြင် နွေဦးတော်လှန်ရေးကြီး အောင်မြင်မယ်ဆိုတာ ယုံကြည်တယ်လို့လဲ ပြည်သူတွေကို ပြောပြသွားပါသေးတယ်။




သူဟာ ဓမ္မနဲ့အဓမ္မမှာ အားနည်းနေတဲ့ ဓမ္မဘက်က ပြတ်ပြတ်သားသား
ရပ်တည်ခဲ့တဲ့အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။
ဒါကြောင့်လဲ အားပေးတဲ့ပရိသတ်တွေက အရမ်းကိုဂုဏ်ယူလေးစား
ချစ်ခင်အားပေးရကျိုးနပ်ခဲ့ကြပါတယ်။
မင်းသား မင်းမော်ကွန်း ကတော့ လွတ်မြောက်နယ်မြေမှ
ကျန်ရစ်ခဲ့တဲ့ ပြည်သူ့ရဲဘော်တွေနဲ့




မကြာခင်ပြန်ဆုံမယ်လို့ ကတိပေးလိုက်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ” ငါပြန်လာပြန်ဆုံချင်တာ စရောက်ထဲကကွာ ငါ့ညီတွေင့ါရဲ
ဘော်တွေနဲ့ ပြန်တွေ့မယ်ခဏပဲ ” လို့ ရေးသားထားပါတယ်။
Crd