မြနန္ဒာစစ်ဆင်ရေးအဖြစ် မန္တလေး စက်မှုရဲစခန်းဗုံးထု တိုက်ခိုက်ခဲ့ရာ
စစ်အုပ်စု အသေအပျောက်ရှိ၊
MFP ၊ ဒီဇင္ဘာ – ၂၁
မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်အုပ်စုကို အရှိန်မြင့် တိုက်ခိုက်မယ့် မြနန္ဒာ စစ်ဆင်ရေးအဖြစ် ဒီနေ့လည်ပိုင်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းနှင့် စစ်အုပ်စု အထိုင်ချနေတဲ့ အမရပူရက ဓမ္မာရုံကို ဗုံးထု တိုက်ခိုက်ခဲ့ရာ စကစ အနည်းဆုံး တစ်ယောက် ထိခိုက်မှုရှိတယ်လို့ မြနန္ဒာစစ်ဆင်ရေး တာဝန်ခံက သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ ဒီဇင်ဘာ(၂၁)ရက် နေ့လည်(၂)နာရီကျော်က အမရပူရမြို့နယ်၊ နန်းတော်ရာ စံပြကွက်သစ် ဓမ္မာရုံထဲ အထိုင်ချနေတဲ့ စစ်အုပ်စု ကင်းတဲကို ဗုံးထုတိုက်ခိုက်ခဲ့သလို နေ့လည်(၃)နာရီဝန်းကျင်မှာလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၃၅)လမ်းနှင့် (၅၈)လမ်းထောင့်က စက်မှုနယ်မြေ ရဲစခန်းကို ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“စက်မှုနယ်မြေ ရဲစခန်းကိုတိုက်ခိုက်ရာမှာ ဘန်ကာထောင့်ထဲ ဗုံးကျခဲ့ပြီး ဘန်ကာထဲ ခွေးရှိပါက သေနိုင်ပြီး ရဲစခန်းတွင်းမှ သေနတ် ခြောက်ချက် ပြန်လည် ပစ်ခတ်ခဲ့ပြီး ရဲဘော်များ ထိခိုက်မှုမရှိခဲ့ပါ။ အမရပူရက ဓမ္မရုံကင်းတဲကို ဗုံးပစ်ရာမှာ စစ်ခွေး တစ်ကောင် နေရာမှာတင် လဲသွားခဲ့ပါတယ်” လို့ မြနန္ဒာစစ်ဆင်ရေး တာဝန်ခံ ပီကာကျူးက ဆိုပါတယ်။
မန္တလေးမြို့ မဟာမုနိဘုရားကြီး အနီးမှာ စစ်အုပ်စု ပျူနဲ့ မဘသတွေက အာဏာသိမ်းစစ်တပ် ထောက်ခဲပွဲ ဆန္ဒပြနေချိန် ရဲစခန်းနှင့် စစ်အုပ်စု အထိုင်ချနေတဲ့ ဓမ္မာရုံတွေ ဗဲုးထုခံရတာ ဖြစ်တယ်လို့ မန္တလေးမြေပြင်ကင်းထောက် Mdy Revolution က ဖော်ပြပါတယ်။
အမရပူရမြို့ နန်းတော်ရာစံပြကွက်သစ် ဓမ္မာရုံထဲက စစ်အုပ်စု ဗုံးထုခံရပြီးနောက် နာရေးကားတစ်စီး ဝင်သွားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးထုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က ထိခိုက်မှု အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
မန္တလေးမှာ စစ်အုပ်စုက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ သတ်ဖြတ်နေတဲ့ကြားက မြို့ပြပြောက်ကျား တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မြနန္ဒာစစ်ဆင်ရေးအဖြစ် မန္တလေး စက်မှုရဲစခန်းနှင့် စစ်အုပ်စု အထိုင်ချနေတဲ့ ဓမ္မာရုံကို ဗုံးထု၊
စစ်အုပ်စု အသေအပျောက်ရှိ၊
MFP ၊ ဒီဇင်ဘာ – ၂၁

crd