ကျိုးတိုးကျဲတဲ ပရိသတ်ရှေ့မှာအစဉ် လာမပျက် မြန်မာအသင်းရှုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
လူငယ့်ခေတ်
မြန်မာနိုင်ငံမှာ ကျင်းပတဲ့ AFF Mitsubishi Electric Cup 2022ပြိုင်ပွဲရဲ့ဒီနေ့ညနေ မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ပွဲစဉ်မှာ မလေးရှားအသင်းက မြန်မာအသင်းကို တစ်ဂိုး -ဂိုးမရှိနဲ့အနိုင်ရရှိသွားပါတယ်။
ဒီနေ့ယှဉ်ပြိုင်ကစားတဲ့ပွဲဟာ စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံမှာပထမဆုံး လက်ခံကျင်းပတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။ဒီနေ့ပြိုင်ပွဲမှာ မြန်မာအသင်းက မလေးရှားအသင်းကို ပထမပိုင်းမှာ ဂိုးသွင်းမခံရအောင်တောင့်ခံထားနိုင်ပြီးဒုတိယပိုင်းမှာပေးလိုက်တဲ့တစ်လုံးတည်းသောဂိုးနဲ့ ရှုံးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းအသင်းကိုခြေစမ်းပွဲမှာ ၆ဂိုးပြတ်နဲ့ ရှုံးပြီးနောက်ထပ်မလေးရှားအသင်းကို ဂိုးအရေအတွက် နည်းနည်းနဲ့ ရှုံးနိမ့်သွားတာလည်းဖြစ်ပါတယ်။
ဘောလုံးပွဲကို စစ်ကောင်စီကလုံခြုံရေးတွေ ကွင်းတွင်း၊ကွင်းပြင်နေရာချ တင်းကြပ်ထားသလို ပရိသတ်ဝင်ရောက်ကြည့်ရှုမှုကိုလည်းကြပ်မတ်ခဲ့ပါတယ်။
ဒီပွဲမှာ ကွင်းပိတ်ကစားမယ့်သဘောပြုကျင့်ခဲ့သလို ပရိသတ်တွေကိုလက်မှတ် ရောင်းချပေးခဲ့တာမရှိခဲ့ပေမဲ့ ကွင်းအတွင်းမှာတော့ အနည်းငယ်သောသူတချို့ကို ပွဲကြည့်စင်မှာမြင်တွေ့ရပါတယ်။
ရုပ်သံက ပြကွက်တွေအရပွဲကြည့်စင်က ပရိသတ်တွေရဲ့လှုပ်ရှားအားပေးမှုပုံကို သုံး၊ လေးကြိမ်မျှသာပြသခဲ့ပါတယ်။
ပြသမှုရုပ်သံတွေအရ အဲဒီပရိသတ် တွေဟာ ဌာနဆိုင်ရာရုံးဝန်ထမ်းတွေ ၊ အား/ကာ ကျောင်းမှာ တက်ရောက်နေသူတွေဖြစ်နိုင်ပြီးအရင်လို မြန်မာအသင်းကို နှစ်နှစ်ကာကာအားပေးမှုပုံစံတွေမတွေ့ရပါဘူး။
ဒီနေ့ပွဲစဉ်မှာ မြန်မာအသင်းက ယခုကာလအတွင်းပုံမှန်ပါနေကျ ကစားသမားတွေကိုသာ ဆက်ပြီးထူးမခြားနားတွေ့မြင်ရတာလည်းဖြစ်ပါတယ်။
အဲဒီမတိုင်ခင်က နာမည်ကြီးကစားသမားတချို့ကို ပြန်ကန်ဖို့စစ်ကောင်စီက ဖိအားပေးတဲ့သတင်းတွေထွက်ခဲ့ပေမဲ့ သူတို့ပါမလာခဲ့ပါဘူး။
ထူးခြားချက်အနေနဲ့ ဒီနေ့ပွဲမှာ အသင်းခေါင်းဆောင်သုံးဦးအထိပြောင်းလဲခဲ့တာကိုတွေ့ရပါတယ်။သိပ်ပြီးမထူးတဲ့အချက်ကတော့ ပွဲပြီးချိန်မှာအိမ်ရှင်အသင်း ဘယ်လိုရမှန်းမသိတဲ့ ပယ်နတီကို လွဲချော် အောင်ကန်သွင်းပြီးအရှုံးစံချိန်ကိုဆက်တင်ထားနိုင် တာပါ။
ဒီပွဲအပြီးမေးခွန်းထုတ်စရာကတော့ ကျိုးတိုးကျဲတဲ ပရိသတ်တွေ ဘယ်လိုခေါ်ထားလဲဆိုတဲ့အချက်ပါပဲ။
Lungekhit