ရန်ကုန်မြို့၊ ဒဂုံတောင် အမှတ်(105) ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းနှင့် ရေနံသာလမ်းဘေးရှိ ဈေးဆိုင်အလွတ်ခုံပေါ်တွင် လွန်ခဲ့သော ၂ ရက်ခန့် နေ့လည် ၁နာရီဝန်းကျင်လောက်တွင် ဒေါင်းဆင်ဒရုန်း ရောဂါခံစားနေရသည့် ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ကလေးသူငယ်စောင့်ရှောက်ရေး အသင်းအဖွဲ့ထံမှ သိရပါတယ်။
“အမတို့ဆီအကြောင်းကြားတော့ အုပ်ချုပ်ရေးမှူးရပ် တာဝန်ရှိတဲ့ စည်ပင်က လူကြီးတွေရယ်နဲ့ အမတို့ အဲ့နေရာရောက်သွားခဲ့ပါတယ်။ ကလေးလေးကို ရပ်ကွက်ကလူတွေပြောတာတော့ အမျိုးသမီးတစ်ဦးကချီလာတယ်လို့ ပြောတယ်။ ဘေးကနားဈေးဆိုင်လဲရှိတော့ ပထမက သတိမထားမိဘူး၊ နောက်တော့မှ ကလေးကတအားငိုတဲ့ အသံကြားမှ စွန့်ပစ်သွားမှန်းသိကြပြီး အမတို့ဆီဆက်သွယ်တာပါ။
အမတို့ရောက်တော့ ကလေးပုံစံက ဒေါင်းရောဂါသည်ပုံစံမျိုးနဲ့ဆင်တူနေတာကြောင့် သက်ဆိုင်ရာလူကြီးတွေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ လူကယ်ပြန်ဌာနကို အကြောင်းကြားထားပါတယ်။ ကလေးလေးကိုတော့ အခုအမတို့ 105 မှာပဲ စောင့်ရှောက်ထားပါတယ်။ လူကယ်ပြန်ဌာနဆီမရောက်ခင် မိဘနဲ့တွေ့လိုတွေ့ငြားဆိုပြီး အမတို့က ကလေးပုံနဲ့တကွ စွန့်ပစ်ခံရကြောင်း တင်ပေးထားပါတယ်” ဟု အလင်းတန်း ကလေး သူငယ်ကာကွယ်စောက်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
ကလေးအား လူမှုရေးအသင်းအဖွဲ့အချို့ထံ ကူညီစောင့်ရှောက်ရန်အတွက် ဆက်သွယ်ထားရှိပြီး စွန့်ပစ်ခံရချိန်တွင် အဝတ်စားထုတ်လည်း ပါရှိကြောင်း သိရှိရပါတယ်။ လက်ရှိတွင် ကလေးအား မိဘမှလာရောက်ခေါ်ယူချင်ပါက ခေါ်ယူ၍ရအောင် ရပ်ကွက်၌ တပတ်တိတိ စောင့်ရှောက်သွားမှာဖြစ်ကာ တပတ်ကျော်ပါက သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမယ်လို့လည်း သိရှိရပါတယ်။
လတ်တလော ကလေးပျောက်ဆုံးမှုတွေ အများအပြား ဖြစ်ပွားနေချိန်မှာ ကိုယ့်ရင်သွေးကို ဒီလို လက်လွတ်စပယ် စွန့်ပစ်ခဲ့တဲ့သူကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ ပြည်သူတွေက မှတ်ချက်ပေးနေကြပါတယ်။
Crd
Zawgyi
ရန္ကုန္ၿမိဳ႕၊ ဒဂုံေတာင္ အမွတ္(105) ရပ္ကြက္၊ မင္းရဲေကာင္းပုံလမ္းႏွင့္ ေရနံသာလမ္းေဘးရွိ ေဈးဆိုင္အလြတ္ခုံေပၚတြင္ လြန္ခဲ့ေသာ ၂ ရက္ခန႔္ ေန႔လည္ ၁နာရီဝန္းက်င္ေလာက္တြင္ ေဒါင္းဆင္ဒ႐ုန္း ေရာဂါခံစားေနရသည့္ ကေလးငယ္တစ္ဦးကို လာေရာက္စြန႔္ပစ္မႈျဖစ္ပြားခဲ့ေၾကာင္း ရပ္ကြက္ေန ကေလးသူငယ္ေစာင့္ေရွာက္ေရး အသင္းအဖြဲ႕ထံမွ သိရပါတယ္။
“အမတို႔ဆီအေၾကာင္းၾကားေတာ့ အုပ္ခ်ဳပ္ေရးမႉးရပ္ တာဝန္ရွိတဲ့ စည္ပင္က လူႀကီးေတြရယ္နဲ႔ အမတို႔ အဲ့ေနရာေရာက္သြားခဲ့ပါတယ္။ ကေလးေလးကို ရပ္ကြက္ကလူေတြေျပာတာေတာ့ အမ်ိဳးသမီးတစ္ဦးကခ်ီလာတယ္လို႔ ေျပာတယ္။ ေဘးကနားေဈးဆိုင္လဲရွိေတာ့ ပထမက သတိမထားမိဘူး၊ ေနာက္ေတာ့မွ ကေလးကတအားငိုတဲ့ အသံၾကားမွ စြန႔္ပစ္သြားမွန္းသိၾကၿပီး အမတို႔ဆီဆက္သြယ္တာပါ။
အမတို႔ေရာက္ေတာ့ ကေလးပုံစံက ေဒါင္းေရာဂါသည္ပုံစံမ်ိဳးနဲ႔ဆင္တူေနတာေၾကာင့္ သက္ဆိုင္ရာလူႀကီးေတြနဲ႔ လူမႈဝန္ထမ္းဦးစီးဌာနရဲ႕ လူကယ္ျပန္ဌာနကို အေၾကာင္းၾကားထားပါတယ္။ ကေလးေလးကိုေတာ့ အခုအမတို႔ 105 မွာပဲ ေစာင့္ေရွာက္ထားပါတယ္။ လူကယ္ျပန္ဌာနဆီမေရာက္ခင္ မိဘနဲ႔ေတြ႕လိုေတြ႕ျငားဆိုၿပီး အမတို႔က ကေလးပုံနဲ႔တကြ စြန႔္ပစ္ခံရေၾကာင္း တင္ေပးထားပါတယ္” ဟု အလင္းတန္း ကေလး သူငယ္ကာကြယ္ေစာက္ေရွာက္ေရးအဖြဲ႕မွ တာဝန္ရွိသူက ေျပာပါတယ္။
ကေလးအား လူမႈေရးအသင္းအဖြဲ႕အခ်ိဳ႕ထံ ကူညီေစာင့္ေရွာက္ရန္အတြက္ ဆက္သြယ္ထားရွိၿပီး စြန႔္ပစ္ခံရခ်ိန္တြင္ အဝတ္စားထုတ္လည္း ပါရွိေၾကာင္း သိရွိရပါတယ္။ လက္ရွိတြင္ ကေလးအား မိဘမွလာေရာက္ေခၚယူခ်င္ပါက ေခၚယူ၍ရေအာင္ ရပ္ကြက္၌ တပတ္တိတိ ေစာင့္ေရွာက္သြားမွာျဖစ္ကာ တပတ္ေက်ာ္ပါက သက္ဆိုင္ရာ ဌာနမွ တာဝန္ရွိသူမ်ား၏ လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ေဆာင္႐ြက္သြားမယ္လို႔လည္း သိရွိရပါတယ္။
လတ္တေလာ ကေလးေပ်ာက္ဆုံးမႈေတြ အမ်ားအျပား ျဖစ္ပြားေနခ်ိန္မွာ ကိုယ့္ရင္ေသြးကို ဒီလို လက္လြတ္စပယ္ စြန႔္ပစ္ခဲ့တဲ့သူကို ျပင္းျပင္းထန္ထန္ အေရးယူသင့္တယ္လို႔ ျပည္သူေတြက မွတ္ခ်က္ေပးေနၾကပါတယ္။
Crd