လတ်တလော လူမှုကွန်ရက်ပေါ်မှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ မာစတာရှက်ဖ် ပြိုင်ပွဲဝင်ဟောင်း အောင်ဝေဖြိုးရဲ့ ဗီဒီယိုဖိုင် အကြောင်းပဲ ဖြစ်ပါတယ်။
မာစတာရှက်ဖ် ပြိုင်ပွဲဝင်ဟောင်း အောင်ဝေဖြိုးဟာ ပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဟင်းချက်ဗီဒီယိုတွေကို တင်လေ့ ရှိသူပါ။ ယမန်နေ့က တင်ခဲ့တဲ့ ဗီဒီယိုတခုမှာ ရန်ကုန် တရုတ်တန်းရဲ့ လမ်းဘေး အစားအစာတွေကို မြည်းစမ်းပြီး သုံးသပ်တဲ့ ပုံစံ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ဗီဒီယိုထဲမှာ ထိုင်းရေခဲသုပ်ကို မြည်းစမ်းကြည့်ပြီးနောက် အောင်ဝေဖြိုးဟာ မကြိုက်ဘူးဆိုတဲ့ အကြောင်း ပြောပြီး ယင်းရေခဲသုပ်ကို အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့တဲ့ ပြကွက်ကို ထည့်သွင်း ပြသခဲ့ပါတယ်။ ထိုဗီဒီယိုဖိုင်ကို လူအများအပြားက ဝေဖန်မှု ရှိခဲ့ပြီးနောက် အမှိုက်ပုံးထဲ ပစ်ထည့်ပြတဲ့ ပြကွက်ကို တည်းဖြတ်ပြီး ဗီဒီယိုဖိုင်ကို ပြန်တင်ခဲ့ပါတယ်။
ဒါပေမယ့် လူမှုကွန်ရက် အသုံးပြုသူတချို့က အဆိုပါ ပြကွက်ကို ရရှိခဲ့ကြပြီး လူမှုကွန်ရက်မှာ ပြန်လည် တင်ခဲ့တာကြောင့် လူအများအပြားက ဆက်လက် ဝေဖန်နေကြပါတယ်။ လမ်းဘေးဆိုင်ကို ဟိုတယ်စံနှုန်းတွေနဲ့ တိုင်းတာပြီး အပြစ်ပြောတာဟာ မဖြစ်သင့်ကြောင်း၊ မကောင်းဘူးလို့ ပြောတာထက် အမှိုက်ပုံးထဲ ပစ်ထည့်ပြတာဟာ ရိုင်းစိုင်းတဲ့ အပြုအမူ ဖြစ်တဲ့အကြောင်း၊ နာမည်ကြီးချင်လည်း အခြားနည်းနဲ့ ပြုလုပ်သင့်ကြောင်း၊ ယခုကဲ့သို့ မလျော်ကန်တဲ့ လုပ်ရပ်တွေ လုပ်ပြတာဟာ သူများ စီးပွားရေးကို တုတ်နဲ့ထိုးတာ ဖြစ်ကြောင်း စသဖြင့် ဝေဖန်နေကြတာ ဖြစ်ပါတယ်။
အောင်ဝေဖြိုး တယောက် ဆီးသီးသည် မဗျိုင်းလို ဘဝမေ့သွားပြီလား ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိလိမ့်မယ့် အခြေအနေပဲ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင် ရိုက်ကူးတဲ့ အဖွဲ့ကလည်း ယခုလို မသင့်လျော်တဲ့ အပြုအမူမျိုးကို ထည့်သွင်းရိုက်ကူးခဲ့တာလည်း အတော်အံ့ဩဖို့ ကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် သူတပါး စီးပွားရေးကို ထိခိုက်စေမယ့် အကြောင်းအရာမျိုးတွေကို မပြုလုပ်သင့်တာကတော့ အမှန်ပဲ ဖြစ်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ် ခင်ဗျာ။
Crd
Zawgyi
လတ္တေလာ လူမႈကြန္ရက္ေပၚမွာ လူေျပာမ်ားေနတဲ့ အေၾကာင္းအရာကေတာ့ မာစတာရွက္ဖ္ ၿပိဳင္ပြဲဝင္ေဟာင္း ေအာင္ေဝၿဖိဳးရဲ႕ ဗီဒီယိုဖိုင္ အေၾကာင္းပဲ ျဖစ္ပါတယ္။
မာစတာရွက္ဖ္ ၿပိဳင္ပြဲဝင္ေဟာင္း ေအာင္ေဝၿဖိဳးဟာ ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီးေနာက္ လူမႈကြန္ရက္ေပၚမွာ ဟင္းခ်က္ဗီဒီယိုေတြကို တင္ေလ့ ရွိသူပါ။ ယမန္ေန႔က တင္ခဲ့တဲ့ ဗီဒီယိုတခုမွာ ရန္ကုန္ တ႐ုတ္တန္းရဲ႕ လမ္းေဘး အစားအစာေတြကို ျမည္းစမ္းၿပီး သုံးသပ္တဲ့ ပုံစံ ျပဳလုပ္ခဲ့ပါတယ္။
အဆိုပါ ဗီဒီယိုထဲမွာ ထိုင္းေရခဲသုပ္ကို ျမည္းစမ္းၾကည့္ၿပီးေနာက္ ေအာင္ေဝၿဖိဳးဟာ မႀကိဳက္ဘူးဆိုတဲ့ အေၾကာင္း ေျပာၿပီး ယင္းေရခဲသုပ္ကို အမႈိက္ပုံးထဲ ပစ္ထည့္ခဲ့တဲ့ ျပကြက္ကို ထည့္သြင္း ျပသခဲ့ပါတယ္။ ထိုဗီဒီယိုဖိုင္ကို လူအမ်ားအျပားက ေဝဖန္မႈ ရွိခဲ့ၿပီးေနာက္ အမႈိက္ပုံးထဲ ပစ္ထည့္ျပတဲ့ ျပကြက္ကို တည္းျဖတ္ၿပီး ဗီဒီယိုဖိုင္ကို ျပန္တင္ခဲ့ပါတယ္။
ဒါေပမယ့္ လူမႈကြန္ရက္ အသုံးျပဳသူတခ်ိဳ႕က အဆိုပါ ျပကြက္ကို ရရွိခဲ့ၾကၿပီး လူမႈကြန္ရက္မွာ ျပန္လည္ တင္ခဲ့တာေၾကာင့္ လူအမ်ားအျပားက ဆက္လက္ ေဝဖန္ေနၾကပါတယ္။ လမ္းေဘးဆိုင္ကို ဟိုတယ္စံႏႈန္းေတြနဲ႔ တိုင္းတာၿပီး အျပစ္ေျပာတာဟာ မျဖစ္သင့္ေၾကာင္း၊ မေကာင္းဘူးလို႔ ေျပာတာထက္ အမႈိက္ပုံးထဲ ပစ္ထည့္ျပတာဟာ ႐ိုင္းစိုင္းတဲ့ အျပဳအမူ ျဖစ္တဲ့အေၾကာင္း၊ နာမည္ႀကီးခ်င္လည္း အျခားနည္းနဲ႔ ျပဳလုပ္သင့္ေၾကာင္း၊ ယခုကဲ့သို႔ မေလ်ာ္ကန္တဲ့ လုပ္ရပ္ေတြ လုပ္ျပတာဟာ သူမ်ား စီးပြားေရးကို တုတ္နဲ႔ထိုးတာ ျဖစ္ေၾကာင္း စသျဖင့္ ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။
ေအာင္ေဝၿဖိဳး တေယာက္ ဆီးသီးသည္ မဗ်ိဳင္းလို ဘဝေမ့သြားၿပီလား ဆိုတာကေတာ့ သူကိုယ္တိုင္ပဲ သိလိမ့္မယ့္ အေျခအေနပဲ ျဖစ္ပါတယ္။ ဗီဒီယိုဖိုင္ ႐ိုက္ကူးတဲ့ အဖြဲ႕ကလည္း ယခုလို မသင့္ေလ်ာ္တဲ့ အျပဳအမူမ်ိဳးကို ထည့္သြင္း႐ိုက္ကူးခဲ့တာလည္း အေတာ္အံ့ဩဖို႔ ေကာင္းပါတယ္။ ဘာပဲ ျဖစ္ျဖစ္ သူတပါး စီးပြားေရးကို ထိခိုက္ေစမယ့္ အေၾကာင္းအရာမ်ိဳးေတြကို မျပဳလုပ္သင့္တာကေတာ့ အမွန္ပဲ ျဖစ္ေၾကာင္း အသိေပး ေရးသားလိုက္ရပါတယ္ ခင္ဗ်ာ။
Crd