မီတာ ၁,၂၀၀ အကွာအဝေးရှိ ပစ်မှတ်ကို အတွဲလိုက်ပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်ကြီး ဒုံးပျံ PDF ထုတ်လုပ်အောင်မြင်
စိုင်းခန့်
(မဇ္ဈိမ)။ ။မီတာ ၁,၂၀၀ အကွာအဝေးရှိ ပစ်မှတ်ကို ထိရောက်စွာ အတွဲလိုက် ပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်ကြီးအား ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း ဒုံးပျံ Local PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
အတွဲလိုက်ဖြစ်စေ၊ တစ်ချက်ချင်းဖြစ်စေ ချိန်ညှိပစ်ခတ်နိုင်ကာ နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသည့် ဒုံးပျံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တတိယမြောက် တာဝေးပစ်လက်နက်ကြီးကို အပြီးသတ် စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
“ ကျွန်တော်တို့မှာက လက်နက်ကြီးပဲ အားကိုးစရာရှိတယ်၊ ဒီဘက်မှာက လက်နက်ငယ်အနေနဲ့ အားလုံးစုံစုံလင်လင် မရှိကြသေးဘူး၊ လက်နက်ကြီးနဲ့ကျ ဘာပဲဖြစ်ဖြစ် အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်တယ်၊ ကျွန်တော်တို့ တပ်သားတွေအတွက် အန္တရာယ်လည်း မဖြစ်ဘူး၊ အသာစီးကပဲ ပစ်လို့ရတယ်၊ အဲ့တော့ ကျွန်တော်တို့က လက်နက်ကြီးကို ပိုပြီးတော့ ထုတ်ဖြစ်တယ်၊ ဒါနဲ့ ဆိုရင် အတွဲလိုက်တာဝေးပစ်တွေ ထုတ်တာ သုံးစုံရှိပါပြီ” ဟု ဒုံးပျံ Local PDF ခေါင်းဆောင် ကိုဒုံးပျံက မဇ္ဈိမကို ပြောသည်။
ယခုတစ်ကြိမ် စမ်းသပ်အောင်မြင်ခဲ့သည့် ဒုံးပျံ PDF ၏ တာဝေးပစ်လက်နက်ကြီးတွင် ယခင်ထုတ်လုပ်ခဲ့သည့် လက်နက်ကြီးများထက် နည်းပညာ ပိုမိုအဆင့်မြှင့်တင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
ပစ်ခတ်မှုများ ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ခြောက်လုံးအထိ အတွဲလိုက်ပစ်ခတ်နိုင်မည် ဖြစ်ပြီး အတွဲလိုက်ပစ်ခတ်ရန် မလိုအပ်ပါကလည်း တစ်ချက်ချင်းစီ ပစ်ခတ်နိုင်စေရန် ခလုတ်များဖြင့် ထိန်းချုပ်ထားသည်။
“ အခုထုတ်တဲ့ ဟာမှာ System တွေက အတော်မြင့်လာတယ်၊ အတွဲလိုက်မပစ်ချင်ဘူးဆိုရင် တစ်လုံးချင်းဆီ ပစ်လို့ရအောင် ခလုတ်တွေနဲ့ သုံးထားတယ်၊ Socket တွေနဲ့ သုံးထားတယ်၊ ကိုယ်လိုချင်တဲ့ အချက်ရေအတိုင်းပဲ ပစ်လို့ရအောင်လုပ်ထားတယ်၊ တစ်ခါတည်း သုံးချင်ရင်လည်း ခလုတ်ခြောက်ခုလုံးကို ဖွင့်ထားပြီး တစ်ခါတည်း ပစ်လို့ရတယ်၊ ကိုယ်က တည်နေရာတစ်ခုမှာ ခွေး(စကစ တပ်သား)ရှိလား မရှိလား စမ်းသပ်ချင်ရင် တစ်ချက်ချင်း အသုံးပြုလို့ရအောင် လုပ်ထားတယ်၊ ပစ္စည်းကို ချွေတာလိုက်တာပေါ့။ ” ဟု ကိုဒုံးပျံက ဆိုသည်။
အဆိုပါ တာဝေးပစ်လက်နက်ကြီးကို ရှော့တိုက်နည်းဖြင့် ပစ်ခတ်မည်ဖြစ်ပြီး မီတာ ၁,၂၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်မည်ဖြစ်ကာ ကားပေါ်တွင် တပ်ဆင်ပြီး ရွေ့လျားပစ်ခတ်မှုများ ပြုလုပ်နိုင်ရန်အတွက်လည်း ထပ်မံစီစဉ်ထားကြောင်း သိရသည်။
လက်နက်ကြီးများကို ထုတ်လုပ်ရာတွင် ဒုံးပျံPDFက အပြင်သံထည်ပစ္စည်းများထက် သံသားနှင့် ခံနိုင်ရည်အား ပိုမိုကောင်းမွန်သည့် အကြမ်းဖက်စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်များမှ သံထည်များကိုသာ အဓိက အသုံးပြုထုတ်လုပ်နေခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်းတွင် အင်အားများစွာဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ်တစ်တောင့်ထိုး သေနတ်အများစုဖြင့် ရင်ဆိုင်ခုခံတိုက်ခိုက်လျက်ရှိသည်။
ထိုအခြေအနေကို သိသည့် စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်လုပ်တစ်ထောင့်ထိုး သေနတ် ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်း လာရောက်ခြင်းမရှိဘဲ အဝေးမှသာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခြင်းကြောင့် ကာကွယ်ရေးတပ်ဖွဲများ ထိခိုက်မှုနှင့် ကျဆုံးမှုများ ရှိခဲ့သည်။
သို့သော် ယခုနောက်ပိုင်းတွင် ကာကွယ်ရေးတပ်ဖွဲ့များ ကိုယ်တိုင်ထုတ်လုပ်သည့် လက်နက်ကြီးများ၏ နည်းပညာအဆင့်မြင့်လာမှုနှင့် ထိရောက်စွာ ပစ်ခတ်နိုင်သည့်အခြေအနေများကြောင့် တန်ပြန်တိုက်ခိုက်မှုများ ယခင်ကထက် ပိုမိုပြုလုပ်လာနိုင်ပြီး အထိအခိုက်လည်း လျော့နည်းလာကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားထားသည်။
“ အခုလို ထုတ်လုပ်နိုင်တာကို ပီတိ ဖြစ်တယ်၊ ချီးကျူးတာ ဘာညာထက်စာရင် ပြည်သူတွေရဲ့ ယုံကြည်မှုကို လိုချင်တယ်၊ ယုံကြည်မှုရအောင်လည်း လုပ်နေတယ်။ အခု ကျွန်တော်တို့ ဘက်မှာဆိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့မှုလျော့နည်းအောင် စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့တာတွေ လုပ်နေတယ်၊ အဲ့လိုတွေကြောင့် ပြည်သူတွေကိုလည်း တော်တော် အားနာတယ်၊ ကျွန်တော်တို့လည်း ပြည်သူတွေကို တတ်နိုင်သလောက် ပြန်ပြီး ကူညီနေပါတယ်။ ” ဟု ကိုဒုံးပျံက ဆက်ပြောသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် လက်လုပ်ကျေးရွာအတွင်း အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်း၊ စစ်ကိုင်းတိုင်း အတွင်းရှိ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ အရာတော် အစရှိသည့် မြို့နယ်များကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စာတည်း – သန့်ဇော်(သန်လျင်)
mizzima

Crd