ဦးမန်းဝင်းဆုံးတဲ့ရက်မှာ ရိုက်ကူးခဲ့ရတဲ့ “သပွတ်အိမ်” ဇာတ်လမ်းတွဲကို မျက်ရည်တွေ ထိန်းချုပ်ပြီး ဟာသဖြစ်အောင် သရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ဟေမာမန်းဝင်း

ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းကတော့ တစ်ခေတ်တစ်ခါက အငြိမ့်သဘင်မှာ ကျော်ကြားခဲ့သလို ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဦးမန်းဝင်းရဲ့ သမီးကြီး ဟေမာမန်းဝင်းကလည်း ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိထုတ်လွှင့်ပြသနေတဲ့ “သပွတ်အိမ်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟေမာမန်းဝင်းက ဒီကနေ့မှာတော့ ဇာတ်ကားရိုက်ကူးစဉ်က အမှတ်တရကိုပြောပြလာပါတယ်။

ဟေမာမန်းဝင်းက “ဟေမာကြီး ဘဝမှာ မေ့လို့မရတဲ့ မှတ်တိုင်လေး တစ်ခုပါ ဒီဇာတ်လမ်းတွဲလေးက ရိုက်လာခဲ့သမျှ ဇာတ်လမ်းတွဲတေထဲမှာ ဒီဇာတ်လမ်းတွဲလေးက နေရာအရဆုံးနဲ့ ဝမ်းအနည်းရဆုံး ဇာတ်လမ်းတွဲလေး ပါ

ဒီဇာတ်လမ်းတွဲကို ရိုက်နေရင်းလည်း ဟေမာကြီးရဲ့ နောက်ဆုံး ဇာတ်လမ်းတွဲလေး ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး ဒီနေ့ လွှင့်မယ့် ထီး အတွဲ လေးက ၁၃ရက် ၇လ ၂၀၂၀ ဖေကြီး ဆုံးတဲ့ နေ့က ရိုက်ခဲ့ရတဲ့ အတွဲလေးပါ

ဇာတ်လမ်းတွဲထဲမှာ ဟာသ ဖြစ်အောင် သရုပ်ဆောင်နေရပေမယ့် ဖေကြီးက မနက်ပိုင်း ဆုံးထားတော့ ရင်ထဲမှာရူးမတက်ပါပဲ ကင်မရာရဲ့နောက်ကွယ်မှာ ငိုခဲ့ရတဲ့နေ့ ကင်မရာ ရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး သရုပ်ဆောင်ခဲ့ရတဲ့နေ့ လေး။

ခုတော့လည်း Online ဈေးသည်မကြီး ဘဝကြီးနဲ့ပဲ မေကြီး ကို လုပ်ကျွေးရတဲ့ ဘဝလေးပဲ ကျေနပ်နေပါပြီ” ဆိုပြီး အမှတ်တရပြောပြလာခဲ့ပါတယ်။

ဟေမာမန်းဝင်းကတော့ သရုပ်ဆောင်တစ်ယောက်ပီပီ ကိုယ့်ရဲ့ရင်တွင်းခံစားချက်တွေကို မြိုသိပ်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ရတာမို့ “သပွတ်အိမ်” ဇာတ်လမ်းတွဲမှာ မနက်ပိုင်းဖခင်ဆုံးသွားခဲ့ပေမယ့်

ညနေမှာတော့ တာဝန်ကျရာဇာတ်ရုပ်အတွက် ဟာသဖြစ်အောင်သရုပ်ဆောင်ခဲ့ရတာ စိတ်မကောင်းစရာပါပဲနော်။

MyanmarCelebritΜ

Leave a Reply

Your email address will not be published. Required fields are marked *