မနေ့ညက ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အာဂျင်တီးနား အသင်းကို တဦးချင်း ဆုဖလားနဲ့ ကမ္ဘာ့ဖလားဆုကြီး ပေးအပ်စဉ်မှာ ထူးခြားတဲ့ ကိစ္စ တခု ဖြစ်ပွားခဲ့ပါတယ်။ ပထမဆုရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် ဘောလုံးဂန္ထဝင် မက်ဆီကို တဦးချင်း ဆုတံဆိပ် ပေးအပ်ပြီးတဲ့အခါမှာ ကမ္ဘာ့ဖလားဆုကြီးကို မချီးမြှင့်ခင် ဖီဖာဥက္ကဌ အင်ဖာတီနိုနဲ့ ကာတာစော်ဘွားကြီး တာမင် ဘင်ဟာမက်တို့က ရွှေနားကွပ်ထားတဲ့ အနက်ရောင်ဇာဝတ်ရုံကို ဆင်မြန်းပေးခဲ့ပါတယ်။
မက်ဆီဟာ အဆိုပါ ဝတ်ရုံကို ဝတ်ဆင်ခဲ့ပြီး ကမ္ဘာ့ဖလားဆုကြီးကို ကိုင်မြှောက် အောင်ပွဲခံခဲ့ပါတယ်။ ဘောလုံး ပရိသတ်တွေရဲ့ မျက်လုံးထဲမှာတော့ အဆိုပါ ဝတ်ရုံဟာ အမြင်ဆန်းနေပြီး တမူထူးခြားနေပါတယ်။ တချို့ ပရိသတ်တွေကလည်း အာဂျင်တီးနားအသင်းရဲ့ နိုင်ငံအရောင်ဖြစ်တဲ့ အဖြူနဲ့ မိုးပြာရောင် အစင်းကျားဝတ်စုံကို အနက်ရောင် ဝတ်ရုံက ဖုံးကွယ်ထားသလို ဖြစ်နေတာကြောင့် ဝေဖန်နေကြပါတယ်။ အဆိုပါ ဝတ်ရုံဟာ အာဂျင်တီးနားအသင်းခေါင်းဆောင်နဲ့ အသင်းသားတွေ ကမ္ဘာ့ဖလားကိုင်မြှောက်ချိန်မှာလည်း မက်ဆီရဲ့ဂန္တဝင်နံပါတ် ၁၀ ဝတ်စုံပေါ်မှာ လွှမ်းခြုံလျက်ရှိနေဆဲဖြစ်တာမို့ ပရိတ်သတ်အချို့ရဲ့ ဝေခွဲမရတဲ့ပဟေဠိဆန်ဆန် အမြင်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကာတာနိုင်ငံခေါင်းဆောင်က မက်ဆီကိုတရားဝင်ဆင်မြန်းပေးခဲ့တဲ့ ဘစ်ရှ် လို့ခေါ်တဲ့ အနက်ရောင်ဇာပါးမှာ ရွှေကွပ်ထားတဲ့ဝတ်ရုံဟာ မင်္ဂလာဆောင်လို အခမ်းအနားမျိုးတွေမှာ အာရပ်အမျိုးသားများဝတ်ဆင်ကြတဲ့ ရိုးရာဝတ်စုံဖြစ်ပါတယ်။ အဆိုပါဝတ်ရုံဟာ အာရပ်နိုင်ငံခေါင်းဆောင်များနဲ့ ဘာသာရေးခေါင်းဆောင်များမကြာခဏဝတ်ဆင်လေ့ရှိတဲ့အတိုင်း ကြီးကျယ်ခမ်းနားမှုရဲ့အသွင်သဏ္ဍာန်ကိုဖော်ညွှန်းပါတယ်။ အာရပ်ကမ္ဘာမှာတော့ ဂုဏ်ထူးဆောင် အမျိုးသားတွေ ဝတ်ဆင်လေ့ ရှိပါတယ်။ မင်္ဂလာပွဲ၊ ဆုပေးပွဲ စတဲ့ အခမ်းအနားတွေမှာ ဂုဏ်သရေရှိ အမျိုးသားတွေအနေနဲ့ ဝတ်ဆင်ခွင့်ရတဲ့ ဝတ်ရုံအမျိုးအစား ဖြစ်ပါတယ်။
အာရပ်ကမ္ဘာမှာ ပထမဆုံး ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တာကြောင့် အာရပ်တွေရဲ့ ထုံးတမ်းဓလေ့ကို နားမလည်တဲ့ ဘောလုံးပရိသတ်တွေကတော့ ဝေဖန်နေကြတာ ဖြစ်ပါတယ်။ မက်ဆီ မဟုတ်ဘဲ တခြား တယောက်ယောက်သာ ဖလားရခဲ့ရင်ရော ဒီလို ဝတ်ရုံမျိုး ဝတ်ဆင်ပေးမှာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
မက်ဆီဟာ အဆိုပါဝတ်ရုံကို ကမ္ဘာ့ဖလားဆုကြီး ကိုင်မြှောက် အောင်ပွဲခံချိန်မှာပဲ ဝတ်ဆင်ခဲ့ပြီး ချွတ်ပစ်ခဲ့ကာ ကြယ်သုံးပွင့် ပါဝင်တဲ့ အာဂျင်တီးနားအသင်း အင်္ကျီကို ဝတ်ဆင်ပြီး ထပ်မံ အောင်ပွဲခံခဲ့ပါတယ်။ “တကျောင်း တဂါထာ တရွာတပုဒ်ဆန်း” ဆိုတဲ့ စကားအတိုင်း ခေတ်သစ်အခြေအနေတွေမှာ ရိုးရာဓလေ့တွေကို ဦးစားပေးလွန်းတဲ့ အခါ ဝေဖန်မှုတွေ အများအပြား ခံရမှာ ဖြစ်ကြောင်းကို ကာတာ ကမ္ဘာ့ဖလားက ထပ်မံ သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။
Crd
Zawgyi
မေန႔ညက က်င္းပခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ အာဂ်င္တီးနား အသင္းကို တဦးခ်င္း ဆုဖလားနဲ႔ ကမာၻ႔ဖလားဆုႀကီး ေပးအပ္စဥ္မွာ ထူးျခားတဲ့ ကိစၥ တခု ျဖစ္ပြားခဲ့ပါတယ္။ ပထမဆုရရွိခဲ့တဲ့ အာဂ်င္တီးနားအသင္းရဲ႕ အသင္းေခါင္းေဆာင္ ေဘာလုံးဂႏၳဝင္ မက္ဆီကို တဦးခ်င္း ဆုတံဆိပ္ ေပးအပ္ၿပီးတဲ့အခါမွာ ကမာၻ႔ဖလားဆုႀကီးကို မခ်ီးျမႇင့္ခင္ ဖီဖာဥကၠဌ အင္ဖာတီႏိုနဲ႔ ကာတာေစာ္ဘြားႀကီး တာမင္ ဘင္ဟာမက္တို႔က ေ႐ႊနားကြပ္ထားတဲ့ အနက္ေရာင္ဇာဝတ္႐ုံကို ဆင္ျမန္းေပးခဲ့ပါတယ္။
မက္ဆီဟာ အဆိုပါ ဝတ္႐ုံကို ဝတ္ဆင္ခဲ့ၿပီး ကမာၻ႔ဖလားဆုႀကီးကို ကိုင္ေျမႇာက္ ေအာင္ပြဲခံခဲ့ပါတယ္။ ေဘာလုံး ပရိသတ္ေတြရဲ႕ မ်က္လုံးထဲမွာေတာ့ အဆိုပါ ဝတ္႐ုံဟာ အျမင္ဆန္းေနၿပီး တမူထူးျခားေနပါတယ္။ တခ်ိဳ႕ ပရိသတ္ေတြကလည္း အာဂ်င္တီးနားအသင္းရဲ႕ ႏိုင္ငံအေရာင္ျဖစ္တဲ့ အျဖဴနဲ႔ မိုးျပာေရာင္ အစင္းက်ားဝတ္စုံကို အနက္ေရာင္ ဝတ္႐ုံက ဖုံးကြယ္ထားသလို ျဖစ္ေနတာေၾကာင့္ ေဝဖန္ေနၾကပါတယ္။ အဆိုပါ ဝတ္႐ုံဟာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္နဲ႔ အသင္းသားေတြ ကမာၻ႔ဖလားကိုင္ေျမႇာက္ခ်ိန္မွာလည္း မက္ဆီရဲ႕ဂႏၲဝင္နံပါတ္ ၁၀ ဝတ္စုံေပၚမွာ လႊမ္းၿခဳံလ်က္ရွိေနဆဲျဖစ္တာမို႔ ပရိတ္သတ္အခ်ိဳ႕ရဲ႕ ေဝခြဲမရတဲ့ပေဟဠိဆန္ဆန္ အျမင္ေတြ ျဖစ္ေပၚခဲ့ပါတယ္။
ကာတာႏိုင္ငံေခါင္းေဆာင္က မက္ဆီကိုတရားဝင္ဆင္ျမန္းေပးခဲ့တဲ့ ဘစ္ရွ္ လို႔ေခၚတဲ့ အနက္ေရာင္ဇာပါးမွာ ေ႐ႊကြပ္ထားတဲ့ဝတ္႐ုံဟာ မဂၤလာေဆာင္လို အခမ္းအနားမ်ိဳးေတြမွာ အာရပ္အမ်ိဳးသားမ်ားဝတ္ဆင္ၾကတဲ့ ႐ိုးရာဝတ္စုံျဖစ္ပါတယ္။ အဆိုပါဝတ္႐ုံဟာ အာရပ္ႏိုင္ငံေခါင္းေဆာင္မ်ားနဲ႔ ဘာသာေရးေခါင္းေဆာင္မ်ားမၾကာခဏဝတ္ဆင္ေလ့ရွိတဲ့အတိုင္း ႀကီးက်ယ္ခမ္းနားမႈရဲ႕အသြင္သ႑ာန္ကိုေဖာ္ၫႊန္းပါတယ္။ အာရပ္ကမာၻမွာေတာ့ ဂုဏ္ထူးေဆာင္ အမ်ိဳးသားေတြ ဝတ္ဆင္ေလ့ ရွိပါတယ္။ မဂၤလာပြဲ၊ ဆုေပးပြဲ စတဲ့ အခမ္းအနားေတြမွာ ဂုဏ္သေရရွိ အမ်ိဳးသားေတြအေနနဲ႔ ဝတ္ဆင္ခြင့္ရတဲ့ ဝတ္႐ုံအမ်ိဳးအစား ျဖစ္ပါတယ္။
အာရပ္ကမာၻမွာ ပထမဆုံး က်င္းပတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ျဖစ္တာေၾကာင့္ အာရပ္ေတြရဲ႕ ထုံးတမ္းဓေလ့ကို နားမလည္တဲ့ ေဘာလုံးပရိသတ္ေတြကေတာ့ ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။ မက္ဆီ မဟုတ္ဘဲ တျခား တေယာက္ေယာက္သာ ဖလားရခဲ့ရင္ေရာ ဒီလို ဝတ္႐ုံမ်ိဳး ဝတ္ဆင္ေပးမွာလားဆိုတဲ့ ေမးခြန္းေတြလည္း ထြက္ေပၚလာပါတယ္။
မက္ဆီဟာ အဆိုပါဝတ္႐ုံကို ကမာၻ႔ဖလားဆုႀကီး ကိုင္ေျမႇာက္ ေအာင္ပြဲခံခ်ိန္မွာပဲ ဝတ္ဆင္ခဲ့ၿပီး ခြၽတ္ပစ္ခဲ့ကာ ၾကယ္သုံးပြင့္ ပါဝင္တဲ့ အာဂ်င္တီးနားအသင္း အက်ႌကို ဝတ္ဆင္ၿပီး ထပ္မံ ေအာင္ပြဲခံခဲ့ပါတယ္။ “တေက်ာင္း တဂါထာ တ႐ြာတပုဒ္ဆန္း” ဆိုတဲ့ စကားအတိုင္း ေခတ္သစ္အေျခအေနေတြမွာ ႐ိုးရာဓေလ့ေတြကို ဦးစားေပးလြန္းတဲ့ အခါ ေဝဖန္မႈေတြ အမ်ားအျပား ခံရမွာ ျဖစ္ေၾကာင္းကို ကာတာ ကမာၻ႔ဖလားက ထပ္မံ သက္ေသျပသြားခဲ့ၿပီ ျဖစ္ပါတယ္။
Crd