မနေ့က နေ့လယ် ၃ နာရီလောက် ကျွန့်တော့ဇနီး ဆေးခန်းသွားတာ Taxi ငှါးစီးရင်း တို့ဆေးတစ်ခုခုနဲ့ ပါသမျှပစ္စည်းတွေ ဖြုတ်ယူထားလိုက်ကြတယ်.. သူကနေမကောင်းတော့ ခေါင်းတော်တော်မူးနေလို့ ဆိုင်ကဝန်ထမ်းကောင်မလေးက တွေ့တဲ့ Taxi ငှါးပေးလိုက်တယ်..
ကျွန်တော်အပြင်ရောက်နေလို့ ဆေးခန်းမှာပဲစောင့်မယ်ဆိုပီးပြောထားတော့ သူကစောပီးထွက်လာလိုက်တာ Taxi မောင်းတဲ့သူက ဦးထုတ်ခဲရောင်နဲ့လို့ပြောတယ်.. လမ်းမှာလူတစ်ယောက်တင်တယ်လို့ပြောတယ်.. သူနောက်ဆုံးသိရတာက နင်အောက်ဆင်းဆိုပီး ကားပေါ်ကဆင်းခိုင်းတယ်ပြောတယ်..
သူသတိပြန်လည်တော့ လက်ထဲကဖုန်း ဟမ်းချိန်းကြိုး လက်ထပ်လက်စွပ်ဘာမှ မရှိတော့ဘူး.. ရွှေပေါက်ကံတံတားအမှိုက်ပုံကြီးနားမှာ သတိပြန်လည်လာပြီး သူ့အမေအိမ်ကို နောက် Taxi တစ်စီးနဲ့ ပြန်သွားရပါတယ်.. နောက်ထပ် Taxi သမားကောင်းလို့ တော်သေးတာပေါ့.. လူကတော့ဘာမှမဖြစ်လို့ အဆိုးထဲကအကောင်းလို့ ပြောလို့ရတာပေါ့.. ရွှေပေါက်ကံတံတားအဆင်းမှာ အဲလိုပြစ်ပြစ်သွားတဲ့ အလောင်းတွေမကြာခနကြားနေရတော့ တော်သေးတာပေါ့..
ဟမ်းချိန်းကြိုးလေးက သူ့မွေးနေ့ ၅ လပိုင်းကမှ ကျွန်နော်ဝယ်ပေးထားတာ ၁၁ သိန်းကျော် လောက်ရှိတယ်.. လက်ထပ်လက်စွပ်ကလည်း K + T ဆိုတဲ့စာလေးပါတယ်.. ဖုန်းကတော့ oppoA54 ပါ imei ကျနော်ပြန်တင်ပေးပါမယ်.. ဆွဲကြိုးဝတ်ထားသေးတယ် အကျီနဲ့ကွယ်နေလို့ မမြင်သွားတာ ကျေးဇူးတောင်တင်ရမလိုပဲ.. စုစုပေါင်းသိန်း ၂၀ ဝန်းကျင်လောက်ပါသွားပါတယ်.. လာရောင်းရင်လည်းဆက်သွယ်ပေးပါနော် ထိုက်ထိုက်တန်တန်ကျေးဇူးဆပ်ပါမယ်..
cctv record တွေတော့ စုံစမ်းနေတုန်းပါ.. ကျနော့်ဇနီးကတော့ သတိပြန်လည်ကတည်းက စကားသိပ်များများတောင်မပြောနိုင်သေးပါဘူး.. ခုဒီစာတင်တာက နောက်လူတွေအထူးသတိထားစေချင်လို့တင်ခြင်းဖြစ်ပါတယ်.. ဒီချိန်တွေမှာ မသိတဲ့ taxi တွေဖြစ်နိုင်ရင်ငှါးမစီးကြနဲ့.. ပိုပေးပီးအသိ taxi ပဲစီးကြပါ.. လုပ်စားတဲ့သူတွေက ပိုပီးခပ်စိပ်စိပ်နဲ့ ပိုဆိုးလာကြပါပီ.. အထူးသဖြင့် အမျိုးသမီးများ တစ်ဦးတစ်ယောက်တည်း မစီးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်..
ကျနော်ဇနီးအိမ်ပြန်လာနိုင်တာက အဆိုးထဲကအကောင်းပါ.. ပစ္စည်းလည်းကုန် ဘဝပျက် အိမ်ပြန်မလာနိုင်တဲ့ မြန်မာအမျိုးသမီးတွေ အများကြီးပါ အားလုံးပဲဂရုစိုက်ပီးနေကြပါဗျာ.. (KPZ.NG)
Crd
Zawgyi
ခေတ်ပျက်ထဲက ခွေးသဒေါင်းစားတွေ လုပ်သွားပြန်ပီ.. အမျိုးသမီးတစ်ဦးတည်း Taxi မစီးကြပါနဲ့..
Crd