အဘေဒါသထြက္ေနေသာ ၁၀၇ မမ
မေန႔က မဂၤလာဒုံ ေလတပ္စခန္း အပစ္ခံရတာက အဘကို ေဒါသထြက္ေစခဲ့ပါတယ္။ ပထမေမးခြန္းက ဒီ ၁၀၇မမကို ဘယ္သူေဆာက္ပံ့လဲဆိုတာပါ။ အေမရိကန္က ယခုမွ ဥပေဒအတည္ျပဳလို႔ ေထာက္ပံ့တာက မျဖစ္ႏိုင္ေသးပါ။
ေနာက္ကရင္ဘက္မွာ ၁၀၇ မမက သုံးတာ နည္းပါတယ္။ NUG ကို ေလသံက်ယ္က်ယ္နဲ႔ ေထာက္ခံတာက အေနာက္အုပ္စုပါ။
ဒါေပမယ့္ တပ္ေထာက္လွမ္းေရးက အေနာက္အုပ္စုက လက္နက္ေထာက္ပံ့တဲ့အေထာက္အထား ယခုအခ်ိန္အထိ မေတြ႕ရေသးပါ။ ဒါဆိုရင္ ၁၀၇ မမ က ဘယ္ကလာလဲ? အဓိက ထုတ္လုပ္သူက တ႐ုတ္ပါ။ တ႐ုတ္အစိုးရက တရားဝင္ NUG နဲ႔ေတြ႕တာ ဘာညာမရွိပါ။
စရဖက တ႐ုတ္ဟာ NUG နဲ႔ စင္ကာပူနဲ႔ အင္ဒိုတို႔လို ခိုးေတြ႕တယ္လို႔ သုံးသပ္ထားပါတယ္။ ဒီ ၁၀၇ ဟာ ယခင္ကလဲ ရွမ္းျပည္ထဲမွာ မိခဲ့ဖူးၿပီး တ႐ုတ္ကို သတင္းစာရွင္းလင္းပြဲမွာ ေစာင္းေျပာခဲ့ပါတယ္။ ယခုလဲ မဲလုံးက သိေပမယ့္ အဘက တ႐ုတ္ကို ေျပာရဲဖို႔က လြယ္မယ္မထင္ပါ။ ေနာက္ PDF ထံက မိတဲ့လက္နက္အခ်ိဳ႕ဟာ တ႐ုတ္လုပ္ျဖစ္ေနပါတယ္။
ဒုတိယက ၁၀၇ မမ ရန္ကုန္ထဲကို ဘယ္လိုသြင္းလာလဲဆိုတဲ့ကိစၥပါ။ ဂိတ္ေတြက လာဘ္စားၿပီးအသြင္းခံတာလား တပ္ထဲက ဖရဲသီးေတြက ကူေနတာလား သံသယျဖစ္ေနတာပါ။ TNLA ကိုရႈံးတာလဲ ဖရဲသီးေၾကာင့္ဆိုၿပီး အရွက္ေျပတင္ျပလို႔ ဖရဲသီးရွာ စစ္ဆင္ေရးလုပ္ပါမယ္။
ေလာကမွာက မထင္တာေတြျဖစ္တတ္ပါတယ္။ အေမကိကန္က ကူမယ္လို႔ အျပင္ကေအာ္ခ်ိန္မွာ အထဲမွာက တ႐ုတ္ရန္အတြက္ တ႐ုတ္က ကူတယ္လို႔ထင္ေနတာပါ။ ေနာက္သူရႈံးတာက ဖရဲသီးေၾကာင့္ဆိုၿပီး မဆိုင္တာကို ႐ူးခ်င္ေယာင္ေဆာင္ အျပစ္တင္ေနတာပါ။
အက်ဥ္းခ်ဳပ္ရရင္ ရန္ကုန္ကေလတပ္ပစ္တာက လူကိုထိ ေလယာဥ္နားကိုထိခဲ့လို႔ PDF ရဲ႕ ေအာင္ပြဲလို႔ ေျပာလို႔ရပါတယ္။ ဘယ္သူ ၁၀၇ မမ ကိုေပးလဲ စာေရးသူမသိပါ။ ေသခ်ာတာက ျပည္သူက ေငြေထာက္ပံ့လို႔ ဝယ္ႏိုင္တာပါ။
ျပည္သူေတြအေနနဲ႔ စီးပြားေရးက်ပ္ခ်ိန္မွာ ေငြေခါင္းမကြဲေစဘဲ တပ္ေတာ္ေတြကိုေရွာင္ NUG ကိုေဆာင္ၿပီး PDF ကို NUG ကတဆင့္သာ လႉႏိုင္ေအာင္ႀကိဳးစားၾကပါ။
NUG အင္အားရွိမွ PDF အင္အားရွိမွာျဖစ္ၿပီး PDF အင္အားရွိမွ တိုင္းျပည္အင္အားရွိမွာပါ။ ဘာတပ္ေတာ္ ညာတပ္ေတာ္ေတြ အင္အားႀကီးရင္ေတာ့ ဆီးရီးယားလို ျဖစ္သြားမွာပါ။ ျပည္သူသာ အဓိကပါ။
===========
အဘဒေါသထွက်နေသော ၁၀၇ မမ
မနေ့က မင်္ဂလာဒုံ လေတပ်စခန်း အပစ်ခံရတာက အဘကို ဒေါသထွက်စေခဲ့ပါတယ်။ ပထမမေးခွန်းက ဒီ ၁၀၇မမကို ဘယ်သူဆောက်ပံ့လဲဆိုတာပါ။ အမေရိကန်က ယခုမှ ဥပဒေအတည်ပြုလို့ ထောက်ပံ့တာက မဖြစ်နိုင်သေးပါ။
နောက်ကရင်ဘက်မှာ ၁၀၇ မမက သုံးတာ နည်းပါတယ်။ NUG ကို လေသံကျယ်ကျယ်နဲ့ ထောက်ခံတာက အနောက်အုပ်စုပါ။
ဒါပေမယ့် တပ်ထောက်လှမ်းရေးက အနောက်အုပ်စုက လက်နက်ထောက်ပံ့တဲ့အထောက်အထား ယခုအချိန်အထိ မတွေ့ရသေးပါ။ ဒါဆိုရင် ၁၀၇ မမ က ဘယ်ကလာလဲ? အဓိက ထုတ်လုပ်သူက တရုတ်ပါ။ တရုတ်အစိုးရက တရားဝင် NUG နဲ့တွေ့တာ ဘာညာမရှိပါ။
စရဖက တရုတ်ဟာ NUG နဲ့ စင်ကာပူနဲ့ အင်ဒိုတို့လို ခိုးတွေ့တယ်လို့ သုံးသပ်ထားပါတယ်။ ဒီ ၁၀၇ ဟာ ယခင်ကလဲ ရှမ်းပြည်ထဲမှာ မိခဲ့ဖူးပြီး တရုတ်ကို သတင်းစာရှင်းလင်းပွဲမှာ စောင်းပြောခဲ့ပါတယ်။ ယခုလဲ မဲလုံးက သိပေမယ့် အဘက တရုတ်ကို ပြောရဲဖို့က လွယ်မယ်မထင်ပါ။ နောက် PDF ထံက မိတဲ့လက်နက်အချို့ဟာ တရုတ်လုပ်ဖြစ်နေပါတယ်။
ဒုတိယက ၁၀၇ မမ ရန်ကုန်ထဲကို ဘယ်လိုသွင်းလာလဲဆိုတဲ့ကိစ္စပါ။ ဂိတ်တွေက လာဘ်စားပြီးအသွင်းခံတာလား တပ်ထဲက ဖရဲသီးတွေက ကူနေတာလား သံသယဖြစ်နေတာပါ။ TNLA ကိုရှုံးတာလဲ ဖရဲသီးကြောင့်ဆိုပြီး အရှက်ပြေတင်ပြလို့ ဖရဲသီးရှာ စစ်ဆင်ရေးလုပ်ပါမယ်။
လောကမှာက မထင်တာတွေဖြစ်တတ်ပါတယ်။ အမေကိကန်က ကူမယ်လို့ အပြင်ကအော်ချိန်မှာ အထဲမှာက တရုတ်ရန်အတွက် တရုတ်က ကူတယ်လို့ထင်နေတာပါ။ နောက်သူရှုံးတာက ဖရဲသီးကြောင့်ဆိုပြီး မဆိုင်တာကို ရူးချင်ယောင်ဆောင် အပြစ်တင်နေတာပါ။
အကျဉ်းချုပ်ရရင် ရန်ကုန်ကလေတပ်ပစ်တာက လူကိုထိ လေယာဉ်နားကိုထိခဲ့လို့ PDF ရဲ့ အောင်ပွဲလို့ ပြောလို့ရပါတယ်။ ဘယ်သူ ၁၀၇ မမ ကိုပေးလဲ စာရေးသူမသိပါ။ သေချာတာက ပြည်သူက ငွေထောက်ပံ့လို့ ဝယ်နိုင်တာပါ။
ပြည်သူတွေအနေနဲ့ စီးပွားရေးကျပ်ချိန်မှာ ငွေခေါင်းမကွဲစေဘဲ တပ်တော်တွေကိုရှောင် NUG ကိုဆောင်ပြီး PDF ကို NUG ကတဆင့်သာ လှူနိုင်အောင်ကြိုးစားကြပါ။
NUG အင်အားရှိမှ PDF အင်အားရှိမှာဖြစ်ပြီး PDF အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာပါ။ ဘာတပ်တော် ညာတပ်တော်တွေ အင်အားကြီးရင်တော့ ဆီးရီးယားလို ဖြစ်သွားမှာပါ။ ပြည်သူသာ အဓိကပါ။
crd