4.3 ကီလိုဂရမ်ရွိ ကမ္ဘာ့အကြီးဆုံး ရွှေအစိုင်အခဲကြီးကို တြေ့ခဲ့သည့် အဖိုးအို

ယခင်က အမှိုက်သိမ်းဝန်းထမ်းအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည့် Syd Pearson အမည်ရ အသက် 68 အရွယ် အဖိုးအိုဟာ

သြစတေးလျှနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်၊ Dunolly က ရွှေကြောတစ်ခုမှာ အလေးချိန် 4.3 ကီလို (10 ပေါင် နီးပါး) ရွှေစိုင်ခဲကြီးကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါ ရွှေဆိုင်ခဲကြီးဟာ ပေါင် 172000 အထိ တန်ကြေးရှိခဲ့ပြီး အမေရိကန် ပုဂ္ဂလိကရတနာကုန်သည်ဆီကို ရောင်းချခဲ့ ပြီးပြီလို့ သိရပါတယ်။

ရွှေတုံးကြီးကို Syd က သူ့ဇနီးရဲ့နာမည် Lady Catherine လို့ အမည်ပေးခဲ့ပြီး တွေ့တွေ့ချင်းမှာ တော့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

Syd ဟာ အမှိုက်သိမ်းလုပ်ငန်းကို စွန့်လွှတ်ပြီးနောက် ရတနာမြေမှာ 37 နှစ်အတာ ရွှေတူးခဲ့သူပါ။ ဒါပေမယ့် ထိရောက်တဲ့ ရွှေစ

ရှာမတွေ့ပဲ ဘဝက ဒုံရင်းက ဒုံရင်းပဲ ဖြစ်ခဲ့ပါတယ်။ Syd ဟာ အသက်အရွယ်နဲ့မလိုက်ဖက်စွာ စွန့်စား စီးပွားရှာခဲ့ ပေမယ့် ကံမရှိ၊ ဉာဏ်ရှိတိုင်းမွဲ ဘဝက မတက်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ရိုသားသားတွေမှာ တစ်ကြိမ်တော့ ကံကောင်းကြတယ်လို့ ဆိုပါတယ်။ ထိုနေ့က နှစ်ဖက်ချွန်တူရွင်းကို မြေထဲကို အားရပါးရ ထိုးစိုက်လိုက်ချိန်မှာ ရွှေနဲ့တူရွင်းထိခတ်သံဟာ “ချလွင်”လို့တောင် မြည်သွားတယ်လို့တောင် ထင်ရကြောင်း သူကဆိုပါတယ်။

တူရွှင်းသွားကို မြေထဲကနေ စိတ်လှုရှားစွာ မလိုက်ချိန်မှာတော့ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားခဲ့ပါတယ်။ စိတ်ထဲမှာ လည်း သိလိုက်ပါတယ်။ ငါ ချမ်းသာပြီ၊ ဒီရွှေတုန်းကြီးဟာ ကမ္ဘာမှာ အကြီးဆုံးပဲဆိုတာ။ Dunolly ဒေသမှာ ထွက်ရှိ

တဲ့ ရွှေဟာ ကမ္ဘာမှာ အကောင်းဆုံးနဲ့ အသန့်စင်ဆုံးရွှေအဖြစ် သတ်မှတ်ခံထားရပြီး၊ သတ္တုစပ်ပါ ဝင်မှု 96% အထိ ကင်းလွတ်တယ်လို့ သိရပါတယ်။

Syd က ” ကျနော် 37 နှစ်လုံးလုံး ဒီမှာ ရွှေတူးခဲ့တယ် .. တစ်ကြိမ်ကြိမ်မှာ ပမာဏအကြီးကြီး တွေ့ကိုတွေ့ရမယ်လို့ … ကျနော် စိတ်ဓာတ်ဘယ်တုန်းကမှ မကျခဲ့ပါဘူး … “လို့ ပြောခဲ့ပါတယ်။ တကယ်တော့ Lady Catherine ရွှေတုံးကြီးဟာ ကမ္ဘာအကြီးဆုံး ရွှေတုံး မဟုတ်သေးပါဘူး။

ကမ္ဘာအကြီးဆုံး ရွှေတုံးကို ယခု သြစတေးလျှနိုင်ငံမှာပင် 1869 ခုနှစ်ကတည်းက ရှာဖွေတွေ့ရှိခဲ့ပါ တယ်။ အဆိုပါ ရွှေတုံး ကြီး ဟာ

72 ကီလိုဂရမ် (ပေါင် 160 အထိ) အလေးချိန်ရှိပြီး Welcome Stranger လို့ အမည် ပေးခဲ့ပါတယ်။ အခုအချိန်မှာ တန်းဖိုး ပေါင် 2.3 သန်း ဖြစ်နေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *