“NDAA ဥပဒေကြမ်းကိုအမေရိကန်လွှတ်တော်အတည်ပြုမှု NUG ယာယီသမ္မတ ချီးကျူးဂုဏ်ပြု”
မြန်မာ့အရေးအကူအညီပေးမယ့် Burma Act ဥပဒေအစိတ်အပိုင်းကို ထည့်သွင်းထားတဲ့ အမေရိကန််ရဲ့ကာကွယ် ရေး အသုံးစရိတ် ဥပဒေ မူကြမ်း (Bill of National Defense Authorization Act – NDAA) ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ်
အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာ့ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေက ချီးကျူးဂုဏ်ပြုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ ၁၆ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် သမ္မတဘိုင်ဒင်က ဥပဒေအဖြစ် မကြာခင်မှာ လက်မှတ်ထိုးဖို့ မျှော်လင့်နေပါတယ်လို့လည်း သူက ဆိုပါတယ်။
ဒီအရေးကြီးတဲ့ ဥပဒေဟာ မြန်မာပြည်သူပြည်သားတွေနဲ့ NUG၊ NUCC၊ CRPH၊ CDM နဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတို့အတွက်
စစ်ကောင်စီကို ဆန့်ကျင့်တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။
ဒီဥပဒေမှုကြမ်းကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မကြာခင်လက်မှတ်ရေးထိုးတော့မှာဖြစ်လို့ ဒီအရေးဟာ အကြမ်းဖက်စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ CDM တွေအပါအဝင် ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို ကာကွယ်နေကြတဲ့ သူတွေအားလုံးအတွက် အားတက်စရာဖြစ်တယ်လို့ ယာယီ သမ္မတက ကြေညာချက်မှာ ဖော်ပြရေးသားထားပါတယ်။
ဒါ့အပြင် ဒီဥပဒေဟာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့နေတဲ့ စီးပွားရေးသမားတွေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေပိုပြီး ပြုလုပ်နိုင်မယ်လို့လည်း ယာယီ သမ္မတရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါကြောင့် အခုလို ဒီဥပဒေအတည်ပြုဖြစ်လာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေအားလုံးနဲ့ အမေရိကန်လွှတ်တော်တွေကို ကျေးဇူးအထူးတင်ရှိတယ်လို့ လည်း ပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ(NDAA)မူကြမ်းမှာ Burma Act အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေအကြား ဆက်သွယ်ရေးနဲ့ ထိန်းချုပ်ကွပ်ကဲရေးဆိုင်ရာကိစ္စတွေမှာ ပိုမိုအားကောင်းလာဖို့အတွက် နည်းပညာဆိုင်ရာအကူအညီတွေနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေပေးအပ်ဖို့ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။
“NDAA ဥပေဒၾကမ္းကိုအေမရိကန္လႊတ္ေတာ္အတည္ျပဳမႈ NUG ယာယီသမၼတ ခ်ီးက်ဴးဂုဏ္ျပဳ”
ျမန္မာ့အေရးအကူအညီေပးမယ့္ Burma Act ဥပေဒအစိတ္အပိုင္းကို ထည့္သြင္းထားတဲ့ အေမရိကန္္ရဲ့ကာကြယ္ ေရး အသုံးစရိတ္ ဥပေဒ မူၾကမ္း (Bill of National Defense Authorization Act – NDAA) ကို အေမရိကန္အထက္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့အေပၚ
အမ်ိဳးသား ညီညြတ္ေရးအစိုးရ NUG နဲ႔ ျမန္မာ့ဒီမိုကေရစီလိုလားတဲ့အင္အားစုေတြက ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း ယာယီသမၼတ ဒူဝါလရွီးလက ဒီဇင္ဘာ ၁၆ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။
အေမရိကန္ သမၼတဘိုင္ဒင္က ဥပေဒအျဖစ္ မၾကာခင္မွာ လက္မွတ္ထိုးဖို႔ ေမၽွာ္လင့္ေနပါတယ္လို႔လည္း သူက ဆိုပါတယ္။
ဒီအေရးႀကီးတဲ့ ဥပေဒဟာ ျမန္မာျပည္သူျပည္သားေတြနဲ႔ NUG၊ NUCC၊ CRPH၊ CDM နဲ႔ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးနဲ႔ တရားမၽွတမႈတို႔အတြက္
စစ္ေကာင္စီကို ဆန္႔က်င့္တိုက္ပြဲဝင္ေနၾကတဲ့ မဟာမိတ္အဖြဲ႕အစည္းေတြကို ေထာက္ပံ့ဖို႔ အေမရိကန္ျပည္ေထာင္စုရဲ့ မူဝါဒကို ရွင္းရွင္းလင္းလင္း ေဖၚျပထားတယ္လို႔ ဆိုပါတယ္။
ဒီဥပေဒမႈၾကမ္းကို အေမရိကန္သမၼတဂ်ိဳးဘိုင္ဒင္က မၾကာခင္လက္မွတ္ေရးထိုးေတာ့မွာျဖစ္လို႔ ဒီအေရးဟာ အၾကမ္းဖက္စစ္ေကာင္စီကိုဆန႔္က်င္ေနတဲ့ အမ်ိဳးသားညီညြတ္ေရးအတိုင္ပင္ခံေကာင္စီ၊ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ၊ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ CDM ေတြအပါအဝင္ ဒီမိုကေရစီအေရး၊လူ႔အခြင့္အေရးနဲ႔ တရားမၽွတမႈကို ကာကြယ္ေနၾကတဲ့ သူေတြအားလုံးအတြက္ အားတက္စရာျဖစ္တယ္လို႔ ယာယီ သမၼတက ေၾကညာခ်က္မွာ ေဖာ္ျပေရးသားထားပါတယ္။
ဒါ့အျပင္ ဒီဥပေဒဟာ အၾကမ္းဖက္စစ္ေကာင္စီကို ေထာက္ပံ့ေနတဲ့ စီးပြားေရးသမားေတြနဲ႔ အၾကမ္းဖက္စစ္ေကာင္စီရဲ့ လုပ္ငန္းေတြကို ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈေတြပိုၿပီး ျပဳလုပ္နိုင္မယ္လို႔လည္း ယာယီ သမၼတရဲ့ ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။
ဒါေၾကာင့္ အခုလို ဒီဥပေဒအတည္ျပဳျဖစ္လာနိုင္ေရး ကူညီေဆာင္ရြက္ေပးခဲ့ၾကသူေတြအားလုံးနဲ႔ အေမရိကန္လႊတ္ေတာ္ေတြကို ေက်းဇူးအထူးတင္ရွိတယ္လို႔ လည္း ေျပာဆိုထားပါတယ္။
အေမရိကန္နိုင္ငံရဲ့ ၂၀၂၃ ခုႏွစ္အတြက္ အမ်ိဳးသားကာကြယ္ေရးလုပ္ပိုင္ခြင့္အက္ဥပေဒ(NDAA)မူၾကမ္းမွာ Burma Act အေနနဲ႔ ျမန္မာနိုင္ငံမွာရွိတဲ့ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF)ေတြနဲ႔ ဒီမိုကေရစီေရးလႈပ္ရွားတဲ့အဖြဲ႕အစည္းေတြအၾကား ဆက္သြယ္ေရးနဲ႔ ထိန္းခ်ဳပ္ကြပ္ကဲေရးဆိုင္ရာကိစၥေတြမွာ ပိုမိုအားေကာင္းလာဖို႔အတြက္ နည္းပညာဆိုင္ရာအကူအညီေတြနဲ႔ လက္နက္မဟုတ္တဲ့ အကူအညီေတြေပးအပ္ဖို႔ထည့္သြင္းေရးဆြဲထားတာျဖစ္ပါတယ္။
crd