ပျောက်ဆုံးနေတဲ့ ကလေး နေအိမ်ကပ်လျက်က တိုက်ခန်းကပြန်တွေ့

မန္တလေးမြို့မှာငါးရက်ကျော်ကြာပျောက်ဆုံးနေတဲ့ ကလေးငယ် ကိုနေအိမ်ကပ်လျက်ရှိ တိုက်ခန်းမှာဝင်ရောက်ရှာဖွေရာမှာ ဒီဇင်ဘာ ၁၆ ရက်နေ့မနက်ပိုင်းကပြန်လည်တွေ့ရှိခဲ့တယ်လို ကလေးငယ်ရဲ့ မိသားစုနဲ့နီးစပ်သူတဦးက DNA ကိုအတည်ပြုပြောပါတယ်

ကလေးငယ်ကို ဘေးချင်းကပ်နေအိမ်မှာ လင်မယား ၂ ဦးက သူတို့နေအိမ်အပေါ်ထပ်မှာ ခေါ်ထားတာဖြစ်ပြီးငွေကြေးတောင်းခံမှုများလည်း ပြုလုပ်ခဲ့တယ်လို့ဆက်သိရပါတယ်

 

ယောကျာ်းလုပ်သူက သူမိန်းမကလေးကိုခေါ်ထားတယ်ဆိုပြီး အကြောင်းကြားလာလို့ အိမ်ဝင်ရှာတော့ တွေ့တာပါ။ ကလေးကိုပြန်ပေးမယ် ငွေသိန်း ၃၀၀၀ တောင်းတဲ့ စာတွေလည်း သူတို့ပို့ထားတာပေါ့

အဲဒီလင်မယားက နှစ်လုံးထီရှုံးထားတယ်လို့လည်း အရင်ကတည်းကကြားထားတယ်။ ဒါပေမယ့်ရဲကလည်း ရှာမယ်ဆိုရင် ဝရမ်းလိုသေးတယ်ဘာညာပြောနေလို မရှာဖြစ်ခဲ့တာပါ

အဲဒီအခန်းက လင်မယား ၂ ယောက်တည်းနေကြတာပါ။ဒါပေမယ့် အမြဲတမ်းပိတ်ထားတာပေါ့။ အဲဒီကတည်းက အဲဒီအိမ်ကိုသံသယဖြစ်နေတာပါ

CCTV မှတ်တမ်းကြည့်တော့လည်း ကလေးက သိတဲ့လူတယောက်ကလှမ်းခေါ်လိုပြေးသွားတဲ့ပုံစံလေး အဲဒီအိမ်ရှေ့လေးတင်ပျောက်သွားတာ လိုသူကပြောပါတယ်

ကလေးပျောက်ဆုံးမှုအတွက် ရဲစခန်းမှာ အမှုဖွင့်လှစ်ထားပြီး လတ်တလောမှာ ကလေးခေါ်ထားတဲ့ လင်မယားကို ရဲကဒီမနက်ပိုင်းက ဖမ်းဆီးသွားတယ်လိုသိရပါတယ်

ရဲကတော့ အဲဒီလင်မယားစစ်နေတယ်။ အသေးစိပ်မသိရသေးဘူး။ ကလေးကိုတော့ရိုက်နှက်တဲ့ပုံစံမရှိဘူး။ အိမ်ကတအားကပ်နေတာဆိုတော့ အသံမကြားအောင် စောင်နဲ့အုပ်ထားတာပေါ့ လို သူကပြောပါတယ်

ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ နေအိမ်တလုံးမှာ အသက် ၅ နှစ်အရွယ် ဇွဲဝေယံထွန်းဆိုသူ ကလေးငယ်က ဆော့ကစားရင်ပျောက်ဆုံးသွားခဲ့လို့ မိဘတွေကလှုမှုကွန်ရက်တွေပေါ်မှာအကူအညီတောင်းခံပြီးဆက်တိုက်ရှာဖွေနေခဲ့ကြတာဖြစ်ပါတယ်

အဲဒီလိုရှာဖွေနေချိန်မှာလည်း နေအိမ်အနီးအနားက CCTV ကွယ်ရာနေရာ ၁၀ ပေဝန်းကျင်လောက်မှာပဲ ကလေးငယ်က ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ကူညီရှာဖွေပေးနေသူတွေက DNA ကိုပြောဆိုထားခဲ့ပါတယ်

လက်ရှိမှာလည်း မန္တလေးမြို့မှာ ရက်ပိုင်းအတွင်း ကလေးငယ်ပျောက်ဆုံးတာတွေဆက်ဖြစ်လို့ ကူညီရှာဖွေမှုတွေဆက်တိုက်လုပ်နေတယ်လို့ မန္တလေးအခြေစိုက်လူမှုကူညီရေးအသင်းတွေကပြောပါတယ် Crd- Delta News

မႏၲေလးၿမိဳ႕မွာငါးရက္ေက်ာ္ၾကာေပ်ာက္ဆုံးေနတဲ့ ကေလးငယ္ ကိုေနအိမ္ကပ္လ်က္ရွိ တိုက္ခန္းမွာဝင္ေရာက္ရွာေဖြရာမွာ ဒီဇင္ဘာ ၁၆ ရက္ေန႔မနက္ပိုင္းကျပန္လည္ေတြ႕ရွိခဲ့တယ္လို ကေလးငယ္ရဲ့ မိသားစုနဲ႔နီးစပ္သူတဦးက DNA ကိုအတည္ျပဳေျပာပါတယ္

ကေလးငယ္ကို ေဘးခ်င္းကပ္ေနအိမ္မွာ လင္မယား ၂ ဦးက သူတို႔ေနအိမ္အေပၚထပ္မွာ ေခၚထားတာျဖစ္ၿပီးေငြေၾကးေတာင္းခံမႈမ်ားလည္း ျပဳလုပ္ခဲ့တယ္လို႔ဆက္သိရပါတယ္

ေယာက်ာ္းလုပ္သူက သူမိန္းမကေလးကိုေခၚထားတယ္ဆိုၿပီး အေၾကာင္းၾကားလာလို႔ အိမ္ဝင္ရွာေတာ့ ေတြ႕တာပါ။ ကေလးကိုျပန္ေပးမယ္ ေငြသိန္း ၃၀၀၀ ေတာင္းတဲ့ စာေတြလည္း သူတို႔ပို႔ထားတာေပါ့

အဲဒီလင္မယားက ႏွစ္လုံးထီရႈံးထားတယ္လို႔လည္း အရင္ကတည္းကၾကားထားတယ္။ ဒါေပမယ့္ရဲကလည္း ရွာမယ္ဆိုရင္ ဝရမ္းလိုေသးတယ္ဘာညာေျပာေနလို မရွာျဖစ္ခဲ့တာပါ

အဲဒီအခန္းက လင္မယား ၂ ေယာက္တည္းေနၾကတာပါ။ဒါေပမယ့္ အျမဲတမ္းပိတ္ထားတာေပါ့။ အဲဒီကတည္းက အဲဒီအိမ္ကိုသံသယျဖစ္ေနတာပါ

CCTV မွတ္တမ္းၾကည့္ေတာ့လည္း ကေလးက သိတဲ့လူတေယာက္ကလွမ္းေခၚလိုေျပးသြားတဲ့ပုံစံေလး အဲဒီအိမ္ေရွ႕ေလးတင္ေပ်ာက္သြားတာ လိုသူကေျပာပါတယ္

ကေလးေပ်ာက္ဆုံးမႈအတြက္ ရဲစခန္းမွာ အမႈဖြင့္လွစ္ထားၿပီး လတ္တေလာမွာ ကေလးေခၚထားတဲ့ လင္မယားကို ရဲကဒီမနက္ပိုင္းက ဖမ္းဆီးသြားတယ္လိုသိရပါတယ္

ရဲကေတာ့ အဲဒီလင္မယားစစ္ေနတယ္။ အေသးစိပ္မသိရေသးဘူး။ ကေလးကိုေတာ့ရိုက္ႏွက္တဲ့ပုံစံမရွိဘူး။ အိမ္ကတအားကပ္ေနတာဆိုေတာ့ အသံမၾကားေအာင္ ေစာင္နဲ႔အုပ္ထားတာေပါ့ လို သူကေျပာပါတယ္

ဒီဇင္ဘာလ ၁၁ ရက္ေန႔ကတည္းက မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္မွာရွိတဲ့ ေနအိမ္တလုံးမွာ အသက္ ၅ ႏွစ္အရြယ္ ဇြဲေဝယံထြန္းဆိုသူ ကေလးငယ္က ေဆာ့ကစားရင္ေပ်ာက္ဆုံးသြားခဲ့လို႔ မိဘေတြကလႈမႈကြန္ရက္ေတြေပၚမွာအကူအညီေတာင္းခံၿပီးဆက္တိုက္ရွာေဖြေနခဲ့ၾကတာျဖစ္ပါတယ္

အဲဒီလိုရွာေဖြေနခ်ိန္မွာလည္း ေနအိမ္အနီးအနားက CCTV ကြယ္ရာေနရာ ၁၀ ေပဝန္းက်င္ေလာက္မွာပဲ ကေလးငယ္က ေပ်ာက္ဆုံးသြားတာျဖစ္တယ္လို႔ ကူညီရွာေဖြေပးေနသူေတြက DNA ကိုေျပာဆိုထားခဲ့ပါတယ္

လက္ရွိမွာလည္း မႏၲေလးၿမိဳ႕မွာ ရက္ပိုင္းအတြင္း ကေလးငယ္ေပ်ာက္ဆုံးတာေတြဆက္ျဖစ္လို႔ ကူညီရွာေဖြမႈေတြဆက္တိုက္လုပ္ေနတယ္လို႔ မႏၲေလးအေျခစိုက္လူမႈကူညီေရးအသင္းေတြကေျပာပါတယ္ Crd- Delta News

 

Leave a Reply

Your email address will not be published. Required fields are marked *