မသေခင်က ဗိမာန် ပေါက်နေတဲ့ ဖြူးမြို့နယ်က ဆွမ်းအလှူရှင်(ဖြစ်ရပ်မှန်)…

ညောင်လေးပင် ဆေးရုံပေါ်မှာ သက်တော် ၈၉ နှစ် ရှိပြီ ဖြစ်တဲ့ ဆရာတော်ကြီး ဦးဇာဂရဟာ နာမကျန်းဖြစ်လို့ ဆေးကုသမှု ခံယူရာကနေ တစ်နေ့မှာတော့ သတိလစ်ပြီး မေ့မြော သွားခဲ့ပါတယ်။

အင်း ငါ ဘယ်ကိုများ ရောက်နေပါလိမ့်၊ သူ့ဗိမာန်နဲ့ သူ စောင်း၊ ပတ်သာ၊ တူရိယာတွေ တီးမှုတ်၊ ကခုန် နေလိုက်ကြတာ။ ဧကန္တ ငါအခု နတ်ပြည်ကို ရောက်နေတယ် ထင်ပါရဲ့။

ဟော ဒီ ဗိမာန်ကြီးကလည်း ရွှေရောင်တွေ ဝင်းထိန် နေပါရောလား၊ နတ်သမီး တွေကလည်း ပြည့်လို့။ ဘယ်လို ကုသိုလ်ကောင်းမှုကြောင့်များ ပါလိမ့်၊ ငါ မေးမြန်း ကြည့်ဦးမှ ပါပဲ။ အို အသင် နတ်သမီးတို့ ဤ ဗိမာန်ပိုင်ရှင်ကား မည်သူ ဖြစ်ပါသလဲ။

မှန်လှပါ ဘုရား ဗိမာန်ပိုင်ရှင်ကား ရောက် မလာ သေးပါ၊ လူ့ပြည်မှာပဲ ရှိနေဆဲပါ ဘုရား။ သက်တော်ပြည့်လို့ နေ့စေ့၊ ကံကုန်မှ ရောက်လာမှာမို့ တပည့်တော်မတို့ ပျင်းလှပါသည် ဘုရား။ လူ့ပြည် ပြန်ရောက်တဲ့ အခါ ဗိမာန်ပိုင်ရှင်ကို တပည့်တော်မတို့ စောင့်မျှော်နေတဲ့ အကြောင်း ပြောကြား ပေးပါဘုရား။ ကောင်းပါပြီ ဒကာမတို့ ဗိမာန်ပိုင်ရှင်ကို ပြောကြား ပေးပါ့မယ်။ အမည်နာမနဲ့ နေထိုင်တဲ့ နေရပ်ဒေသကိုသာ လျှောက်ထားပါလေ။

မှန်လှပါ ဘုရား ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမပါ ဘုရား။ ဟော ဆရာတော်ကြီး သတိရလာပြီ ဟေ့။ မောင်ပဉ္ဇင်းတို့ ငါပြောတာကို စာရွက်နဲ့ သေချာ လိုက်ရေးထားစမ်း ကွဲ့။ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမ တဲ့။ ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာတဲ့အတွက် ဆရာတော်ကြီးဟာ ဆေးရုံကနေ ဆင်းပြီးတဲ့အခါ သူ မှတ်ခိုင်းထားတဲ့ လိပ်စာအတိုင်း ရဟန်းတော် ၂ ပါးကို မောင်ပဉ္ဇင်း တို့ ဗိမာန်ပိုင်ရှင် ဆီကို သွားပါ။

ဘာကြောင့် မသေခင်ကပဲ နတ်ပြည်မှာ ဗိမာန် ပေါက်တဲ့အထိ ဘယ်လို ကုသိုလ်၊ ကောင်းမှုတွေများ ပြုလုပ်သလဲ လို့ သေချာ မေးမြန်း၊ စုံစမ်းခဲ့ပါ ဆိုပြီး ခိုင်းလိုက်ပါတယ်။

ဝဲကြီးအောက်ခုံရွာမှာ ဒေါ်ကုလားမကို မသိတဲ့လူ မရှိပေ။ ဒေါ်ကုလားမက မုဆိုးမ ပါ။ သမီးလေးတစ်ယောက်နဲ့ ပဲပြုတ် ရောင်းစားတယ် တဲ့။ ရဟန်းတော် ၂ ပါးဟာ ယိုင်နဲ့နဲ့ တဲလေးထဲ ဝင်သွားပြီး ဒေါ်ကုလားမနဲ့ ဆိုက်ဆိုက်၊ မြိုက်မြိုက် တွေ့တဲ့အခါ ဆရာတော်ကြီး မိန့်ကြား လိုက်တဲ့အတိုင်း အကျိုးအကြောင်း ပြောပြပြီး ဒေါ်ကုလားမရဲ့ ကုသိုလ် ကောင်းမှုတွေကို မေးမြန်း ကြပါတယ်။

အရှင်ဘုရား တို့ တပည့်တော်မက ဆင်းရဲပါတယ် ဘုရား၊ တခြားသူတွေလို ထောင်သောင်းချီပြီး မလှူဒါန်း နိုင်ပေမဲ့ မနက်အာရုဏ် တစ်ကြိမ်၊ နေ့ဆွမ်း တစ်ကြိမ်တော့ ဘုရားရှင်ကို နေ့တိုင်း၊ မပျက် မကွက် ဆွမ်းကပ် လှူဒါန်းပါတယ် ဘုရား။ ဪ ဟုတ်လား၊ ဒါနဲ့ ဒကာမကြီးရဲ့ ဘုရားရှင်ကို ဆွမ်းကပ် လှူဒါန်းပုံကို ဦးဇင်းတို့ သိပါရစေ ဒကာမကြီး။ တင်ပါ့ ဘုရား

ဆွမ်းကပ် လှူဒါန်းပုံ

တပည့်တော်မဟာ မနက်အာရုဏ် တက်တာနဲ့ အသင့်ချက်ပြီးတဲ့ ဆွမ်းကို စားပွဲခုံနဲ့ သေချာ ပြင်ဆင်ပါတယ် ဘုရား။ လက်ဆေးတော်ရေ၊ သောက်တော်ရေ၊ လက်သုပ်ပုဝါတွေ အပြည့်အစုံ တင်ပြီး သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တိုင် ကြွရောက် ဘုန်းပေး နေသလို အာရုံပြုလို့ ဒ

ါက လက်ဆေးတော်ရေပါ ဘုရား၊ဒါက သောက်တော်ရေပါ ဘုရား လို့ လျှောက်ထား၊ ဆက်ကပ် အနားကနေ ယပ်ခတ်ပြီးတော့ လှူဒါန်းပါတယ် ဘုရား။ တပည့်တော်မလည်း သူများတွေလိုသား၊ ငါးနဲ့ သေချာချက်ပြုတ်ပြီး လှူဒါန်းချင်ပေမယ့် မတတ်နိုင်တဲ့အတွက် နေ့စဉ် ပဲပြုတ်နဲ့သာ လှူဒါန်း နိုင်ပါတယ်။

တခါတရံ ဈေးရောင်းပြီး ပြန်လာတဲ့ အခါ ငါးနုပ်၊ ငါးဖွဲလေးများ ဝယ်လာပြီး တပည့်တော်တို့ မစားပဲ ဘုရားရှင်ကိုသာ လှူဒါန်းပါတယ် ဘုရား။ ကောင်းလိုက်တာ ဒကာမကြီးရယ် ဦးပဉ္ဇင်းတို့ လှိုက်လှိုက်လှဲလှဲ သာဓု ခေါ်ပါတယ်။ အင်း ဒါကြောင့် ဒကာမကြီးရဲ့ အားကြီးတဲ့ သဒ္ဓါတရားကြောင့် နတ်ပြည်မှာ ဗိမာန် ကြိုပေါက် နေတာကိုး

ဒါနဲ့ ခုလို လှူဒါန်းခဲ့တာ ဘယ်လောက်များ ကြာပြီလဲ ဒကာမကြီး။ မှန်လှပါ သမီးလေးတစ်သက် အနှစ်၊ နှစ်ဆယ် တိုင်ခဲ့ပါပြီ ဘုရား။ဒကာမကြီးရဲ့ကုသိုလ်ကို ဦးပဉ္ဇင်း တို့ကိုလည်း အမျှ ပေးဝေပါ၊ သာဓု ခေါ်ဆို ပါရစေ ဒကာမကြီး။

ဘုရားတပည့်တော်မသည် ဘုရားရှင်အား ရည်မှန်း၍ နေ့စဉ် ဝတ်မပြတ် အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆပ်ကပ်၊ လှူဒါန်းရသော ကောင်းမှုကုသိုလ် အစုစုတို့ကို အနန္တ စင်္ကြာဝဋ္ဌာရှိ အနန္တ သုံးဆယ့်တစ်ဘုံသား အားလုံးတို့အား မိမိ၏ ဖြူစင်သန့်ရှင်းသော ကုသိုလ်ကို ထပ်တူ၊ ထပ်မျှ ရနိုင်စေရန် အမျှ အမျှ အမျှ ပေးဝေ ငှပါ၏။ ကုသိုလ် အားလုံး ကြားသူ အပေါင်း၊ မကြားသူ အပေါင်း အမျှ အမျှ အမျှ ယူတော် မူကြပါကုန်လော့၊ သာဓု သာဓု သာဓု

crd

Leave a Reply

Your email address will not be published. Required fields are marked *