Unicode
မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို အဓိကရရှိထားတဲ့ ပြည်သူ့ချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသားချော ဒေါင်း ကိုတော့ အားလုံးပဲသိကြမယ် ထင်ပါတယ်နော်။




ဒေါင်း ဟာ သရုပ်ဆောင်ကောင်းတဲ့အပြင် အမှန်တရားကိုချစ်မြတ်နိုးသူဖြစ်တာကြောင့် ပြည်သူတွေအားလုံးက ပိုမိုလေးစားချစ်ခင်ကြရပြန်ပါတယ်။ အာဏာမသိမ်းချင်ကတည်းက ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့
မင်းသား ဒေါင်း ကတော့ ရောက်ရှိနေတဲ့နေရာကနေ တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို နည်းမျိုးစုံနဲ့ ကြိုးစားထမ်းဆောင်နေတာကို တွေ့ရပါတယ်။ ဒါအပြင် အခုလက်ရှိမှာတော့ ဒေါင်း ဟာ လွတ်မြောက်နယ်မြေကို
ရောက်ရှိနေပြီး ပြည်သူ့ရဲဘော်တွေကို တတ်နိုင်သလောက် အထောက်အပံ့ပေးနိုင်ဖို့ ဆောင်ရွက်နေတာလဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တော်လှန်ရေးအတွက် အသက်ပုံအပ်ထားသူများနဲ့ အနာဂတ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို အခုလိုပဲ တောင်းဆိုခဲ့ပါတယ်။




” တော်လှန်ရေးအတွက် အသက်ပုံအပ်ထားကြသူများရဲ့ အနာဂါတ်တွေဟာ ဖယောင်းတိုင်တစ်တိုင်အောက်မှာ မပျောက်ဆုံးသွားကြဖို့ ကျွန်တော်တို့အားလုံးရဲ့ တော်လှန်ရေးရပ်တည်ချက် ဘယ်လောက် ခိုင်မာမှုရှိလဲ?ကအဖြေဖြစ်တယ်။
ခရီးကြမ်းကိုအတူဖြတ် ပန်းတိုင်ကိုချီတက်ကြဖို့ သူတို့အတွက် စိတ်ဓာတ်တွေခိုင်မာပေးပါ” လို့ ဒေါင်း ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ ပြည်သူ့ချစ်မင်းသားချော ဒေါင်း ဘေးကင်းကျန်းမာပါစေလို့ ဆုတောင်းစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။
Zawgyi












crd