မင်းသမီးချော ပိုင်ဖြိုးသု ဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ်မှာ မြန်မာပြည်သူတွေနဲ့အတူ အမြဲတမ်းရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရပြီးနောက် တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ ဒီလိုတိမ်းရှောင်နေရင်းနဲ့ပဲ ရောက်တဲ့အရပ်ဒေသကနေ ကျရာတာဝန်တွေကို ကျေပွန်ကိုထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။
ဒါအပြင် သူမကိုယ်တိုင် ကြိုးစားဖန်တီးထားတဲ့ Crochet အိတ်လေးတွေကို မဲဖောက်ပြီး ရောင်းချပေးနေပါသေးတယ်။
အိတ်လေးတွေ ဖန်တီးနေစဥ်အတွင်း ပြည်သူတွေကိုလဲ Click ဖို့ အမြဲတမ်းနှိုးဆော်နေတာလဲ ဖြစ်ပါတယ်။
မင်းသမီး ပိုင်ဖြိုးသု ဟာ ခင်ပွန်းဖြစ်သူ ဏကြီးနဲ့အတူ တော်လှန်ရေးရန်ပုံငွေအတွက် ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးရင်းနဲ့လဲ တော်လှန်ရေးအတွက် ကြိုးစားနေပါသေးတယ်။
ပိုင်ဖြိုးသု ကတော့ မီးဘေးသင့်ပြည်သူတွေအတွက် ဆန်တစ်ပြည် ၂၀၀၀ နှုန်းနဲ့ကူညီနိုင်ပြီလို့ ပြည်သူတွေကို သတင်းကောင်းပါးလိုက်ပါတယ်။
“မြောင်မြို့နယ် အတွင်းမှ ကျေးရွာ ၉ ရွာ မှ မီးဘေးခံစား ပြည်သူများအတွက် ဆန်တစ်ပြည် ၂၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၈၀၀အား တစ်အိမ်ထောင်စု လျှင် ၄ပြည်နှုန်းဖြင့် ထောက်ပံ့ကူညီသွားပါမည်
မီးဘေးခံစားပြည်သူများအတွက် ဆန်တပြည် ၂၀၀၀ကျပ်နှုန်းဖြင့် တက်နိုင်သမျှ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။
လှူဒါန်းလိုပါက NUGpay စကန်ဖတ်ပြီး ရိုးရှင်းလွယ်ကူစွာ ပါဝင်ကြပါစို့ ။ ပြည်သူကူညီအိမ်ထောင်စု၈၀၀အတွက်ဆန်၄ပြည်ရပြီ “လို့ တိုက်တွန်းထားပါတယ်နော်။
crd