မန္တလေးမြို့က စစ်ကောင်စီ သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက် အသ-တ်ခံရ၊
MFP ၊ ဒီဇင္ဘာ – ၁၄
မန္တလေးမြို့၊ မဟာအာင်မြေမြို့နယ်၊ ရတနာဘုမ္မိ အရှေ့ရပ်ကွက်၊ လမ်း(၈၀)နှင့် (၃၆)လမ်းကြားမှာ နေတဲ့ စစ်ကောင်စီ သ္စစာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းဆိုသူ ယမန်နေ့ညနေပိုင်း သေနတ်နဲ့ ပစ်ခတ်ခံရကာ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒီဇင်ဘာ(၁၃)ရက် ညနေ(၅)နာရီခွဲမှာ “အသိုက်ကိုဖျက်ရင် အသက်ကို ပြန်ယူမယ်” စစ်ဆင်ရေးအဖြစ် စစ်ကောင်စီ သ္စစာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းကို သူ့ရဲ့ အိမ်ရှေ့ မာလာဟင်း စားနေချိန် ပစ်ခတ်ခဲ့တာလို့ မန္တလေးမြို့ပြပြောက်ကျား Special Task Force – STF-MDY က သတင်း ထုတ်ပြန်ပါတယ်။
“နေအိမ်ရှေ့တွင် မာလာဟင်းစားရန် ထွက်လာသော “ရတနာဘုမ္မိ အရှေ့ရပ်ကွက်ရုံး အုပ်ကြီး ( စိန်ဝင်း) အား ကျွန်ုပ်တို့ STF-MDY အဖွဲ့သားများမှ နှုတ်ခမ်းနီ တစ်တောင့်ဖြင့် Head Shot ပစ်ကာ ငရဲသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းကောင်း ပေးအပ်ပါသည်။ (အုပ်ကြီး စိန်ဝင်း)အား ငရဲသို့ ပို့ဆောင်ပြီးနောက် ကျွန်ုပ်တို့ STF-MDY အဖွဲ့သားများ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည်။
“ကျွန်ုပ်တို့STF-MDYသည် ပြည်သူလူထု ၏ အထောက်အပံ့ဖြင့် ရပ်တည်နေရပြီး ရန်ပုံငွေနည်းပါးမှုကြောင့် ပစ္စည်းများ ဝယ်ယူရန် အခက်အခဲ ဖြစ်နေကြောင်း ပြောကြားလိုပါသည်။ ပြည်သူလူထု အနေဖြင့်လည်း နေသာသလို မနေကြရန် အထူး မေတ္တာရပ်ခံအပ်ပါသည် ခဗျာ။” လို့ STF – MDY က ဖော်ပြပါတယ်။
မဟာအောင်မြေမြို့နယ် အပါအဝင် မန္တလေးမြို့က စစ်ကောင်စီ သစ္စာခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို စစ်အုပ်စုက လက်နက်တွေ ထုတ်ပေးထားပြီး ပြည်သူ့စစ်အမည်ခံ ပျူအဖွဲ့တွေ ဖွဲ့ပေးထားတာ ဖြစ်ပါတယ်။
မန္တလေးမြိုပေါ်က ပြည်သူ့စစ်အမည်ခံ ပျူအဖွဲ့တွေဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ အကြောင်း သတင်းစုံစမ်းတာ၊ ဒေသခံ ပြည်သူအပေါ် လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဖမ်းဆီးငွေညှစ်တာ၊ စိတ်ထင်တိုင်း သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်း (၆၅နှစ်)ကို သူ့ရဲ့နေအိမ်ရှေ့၊ သူ့မိသားစု ဖွင့်ထားတဲ့ မာလာဟင်းဆိုင်မှာ ရှိနေချိန် (၃၆)လမ်းအတိုင်း အရှေ့ဘက်ကနေ အနောက်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်စီး လူနှစ်ဦးက သေနတ်နဲ့တစ်ချက် ပစ်ခတ်ခဲ့လို့ ဦးခေါင်း သေနတ်မှန် ဒဏ်ရာရကာ ဆေးရုံပို့ချိန် သေတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်း သေပြီးနောက် စစ်အုပ်စုက လမ်းပိတ်ပြီး လာသမျှပြည်သူတွေကို အော်ဟစ်ဆဲဆို သောင်းကျန်းတာ၊ အနီးအနားက CCTV တွေကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့က စစ်ကောင်စီ သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက် အသ-တ်ခံရ၊
MFP ၊ ဒီဇင်ဘာ – ၁၄

crd