စစ္ေကာင္စီ လက္ကိုင္တုတ္ ဒိန္းေဒါင္ရဲ႕ လုပ္ရပ္မ်ားကို ေဖာ္ထုတ္ျခင္း (၁)
ညစ္ညမ္းျပက္လုံးမ်ားနဲ႔ လူသိမ်ားလာသူ လူျပက္ ဒိန္းေဒါင္ (ခ) တင္ေဌးဟာ အၾကမ္းဖက္ စစ္တပ္ အာဏာလုမႈ ျဖစ္စဥ္ မတိုင္ခင္ ကတည္းက စစ္တပ္ ေထာက္ခံသူ ျဖစ္ေၾကာင္း မၾကာခဏ ေဖာ္ျပေလ့ ရွိသူ ျဖစ္ပါတယ္။ အၾကမ္းဖက္ စစ္တပ္ဟာ ျပည္သူေတြ တင္ေျမႇာက္ထားတဲ့ အစိုးရထံက အာဏာကို မတရား လုယူၿပီးတဲ့အခ်ိန္မွာလည္း စစ္တပ္ လက္ကိုင္တုတ္ အလိုေတာ္ရိ တစ္ေယာက္ အျဖစ္နဲ႔ ပီပီျပင္ျပင္ အသုံးခ်ခံ ေနတာကို အခ်က္အလက္ ေတြအရ သိရပါတယ္။
▪️ ဒိန္းေဒါင္ကို ေပးထားတဲ့ေနရာ
စစ္ေကာင္စီဟာ နယ္ပယ္ အသီးသီးမွာ သူတို႔ရဲ႕ အလိုေတာ္ရိ ေအာက္ဆြဲေတြကို ေနရာေပး အုပ္ခ်ဳပ္ေစတဲ့ မူဝါဒအရ ယခင္ လူ႐ႊင္ေတာ္ အသင္းကို ဟာသပညာရွင္မ်ား အစည္းအ႐ုံး ဆိုၿပီး ေျပာင္းလဲ ဖြဲ႕စည္းေစခဲ့ ပါတယ္။ အဲဒီ အဖြဲ႕မွာ ဒိန္းေဒါင္ကို ဥကၠဌ ရာထူးေပးခဲ့ၿပီး လူ႐ႊင္ေတာ္ ေတြနဲ႔ သဘင္ ေလာကသားေတြ အေပၚ လႊမ္းမိုး ခ်ဳပ္ကိုင္ဖို႔ ႀကံစည္ခဲ့ပါတယ္။
အၾကမ္းဖက္ စစ္တပ္ဟာ ဟာသနဲ႔ သဘင္ ပညာရွင္ အမ်ားစုရဲ႕ ဆင္းရဲ ခ်ိဳ႕တဲ့မႈကို အခြင့္ေကာင္း ယူၿပီး ဒိန္းေဒါင္ကတဆင့္ ေငြေၾကးနဲ႔ စည္း႐ုံးေစ ပါတယ္။ ဒိန္းေဒါင္ဟာ အၾကမ္းဖက္ စစ္တပ္က ဝါဒျဖန႔္ စည္း႐ုံးဖို႔ ခ်ေပးထားတဲ့ ေငြေၾကးေတြကို စီမံခန႔္ခြဲ ရတာေၾကာင့္ တခ်ိဳ႕ အျမင္မွာ လူ႐ႊင္ေတာ္ေတြကို ကူညီေနသူလို႔ေတာင္ ယူဆခံရပါတယ္။ ဒါေပမယ့္ အဲဒါေတြ အားလုံးဟာ စစ္ေကာင္စီရဲ႕ သပ္လ်ိဳေသြးခြဲ အႀကံအစည္ေတြပါပဲ။
တစ္ဘက္မွာလည္း စစ္ေကာင္စီရဲ႕ ဝါဒျဖန႔္ မီဒီယာေတြမွာ ဟာသပညာရွင္မ်ား အစည္းအ႐ုံး နာမည္ခံၿပီး ေတာ္လွန္ေရးကို ေဝဖန္ အပုတ္ခ်တဲ့ ထုတ္ျပန္ခ်က္ေတြ မၾကာခဏ ေဖာ္ျပေလ့ ရွိပါတယ္။ လူ႐ႊင္ေတာ္ေတြ ၾကားထဲမွာလည္း ေတာ္လွန္ေရးနဲ႔ ပတ္သက္သူ ရွိရင္ သူ႔ဆီ သတင္းေပးဖို႔ တပည့္တပန္း ေနာက္လိုက္ေတြကို အၿမဲ မွာၾကားေလ့ ရွိပါတယ္။ သူ႔ေၾကာင့္ တိုင္တန္း ခံရၿပီး ဘဝပ်က္၊ ေထာင္က်၊ တိမ္းေရွာင္ ေနရသူေတြ အမ်ားအျပား ရွိေနပါတယ္။
စစ္ေကာင္စီ လက္ကိုင္တုတ္ ဒိန္းေဒါင္ရဲ႕ လုပ္ရပ္မ်ားကို ေဖာ္ထုတ္ျခင္း (၂)
ဒိန္းေဒါင္ (ခ) တင္ေဌးကို စစ္ေကာင္စီက ဘယ္လို ေနရာနဲ႔ အခြင့္အေရးေတြ ေပးထားတဲ့ အေၾကာင္း ၿပီးခဲ့တဲ့ တစ္ပိုင္းမွာ ေဖာ္ျပခဲ့ၿပီး ပါၿပီ။ အခု တစ္ပိုင္းမွာေတာ့ ဒိန္းေဒါင္နဲ႔ စစ္ေကာင္စီ ဘက္ေတာ္သားေတြ ပတ္သက္မႈ၊ သူနဲ႔ အေပါင္းပါေတြ အေၾကာင္း စတာေတြ ဆက္လက္ တင္ဆက္ေပးပါမယ္။
▪️ အိန္ဂ်ယ္ ၃၇
စစ္ေကာင္စီရဲ႕ အႏုပညာ ေလာကသား ဒလံေတြ အေၾကာင္း ေျပာရမယ္ဆို အိန္ဂ်ယ္ ၃၇ က မပါမျဖစ္ပါပဲ။ အိန္ဂ်ယ္ ၃၇ ဆိုတာ ေနျပည္ေတာ္၊ သေျပကုန္းမွာ ရွိတဲ့ စားေသာက္ဆိုင္ နာမည္ပါ။ ဆိုင္ရွင္ကေတာ့ အၾကမ္းဖက္ စစ္တပ္ရဲ႕ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ဗိုလ္မႉးခ်ဳပ္ အဆင့္ရွိသူ မင္းသူ ျဖစ္ပါတယ္။ မင္းသူဟာ DSA အပတ္စဥ္ ၃၇ ဆင္းျဖစ္ၿပီး အခု ဆုံးသြားၿပီ ျဖစ္တဲ့ ဦးေဇာ္ေဌး တို႔နဲ႔ တစ္ပတ္စဥ္တည္းပါ။
သူဖြင့္ထားတဲ့ အိန္ဂ်ယ္ ၃၇ ဆိုင္ဟာ ေဘာမ အႏုပညာရွင္ ဆိုသူေတြနဲ႔ အၿမဲတမ္း တ႐ုန္း႐ုန္း ျဖစ္ေနေလ့ ရွိပါတယ္။ အာဏာလုၿပီး ေနာက္ပိုင္းမွာေတာ့ အႏုပညာ ေလာကထဲက သတင္းေတြကို စုစည္းတဲ့ ဌာနခ်ဳပ္ ျဖစ္လာပါတယ္။ ဒီဆိုင္ကို ဟန္ၿငိမ္းဦး၊ သဇင္ဦး စတဲ့ ေလာ္ဘီေတြလည္း အၿမဲ လာေရာက္ၿပီး ဩဝါဒ ခံယူေလ့ ရွိပါတယ္။ သူတို႔ကို တိုက္႐ိုက္ ၫႊန္ၾကားတဲ့သူ ကေတာ့ စရနက ဗိုလ္မႉး အဆင့္ရွိသူ ေနလင္းဦး ျဖစ္ပါတယ္။
ဒိန္းေဒါင္ဟာ အဲဒီဆိုင္ကို သူလတ္တေလာ ခိုေအာင္းေနတဲ့ ကကကြန္ထဲက အရာရွိ တစ္ေယာက္နဲ႔ အၿမဲလာေလ့ ရွိၿပီး ဇာတ္သဘင္ ေလာက ထဲက ေတာ္လွန္ေရးနဲ႔ ပတ္သက္တဲ့ သတင္းေတြ ပုံမွန္တင္ျပ ရပါတယ္။ ဒီသတင္းေတြကို အသုံးခ်ၿပီး စစ္ေလာ္ဘီ ခ်န္နယ္ေတြမွာ မၾကာခဏ ဆိုက္ဝါး လုပ္ေလ့ရွိပါတယ္။ လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ တို႔လို လူေတြက အစ၊ အခုေနာက္ဆုံး မင္းသားဖိုးခ်စ္နဲ႔ သွ်ံထြန္း (ျမန္မာစာ) တို႔လို လူေတြအထိ ဖမ္းဆီး ခံရတာ၊ ေခၚယူ စစ္ေဆး ခံရတာေတြဟာလည္း ဒိန္းေဒါင္ရဲ႕ လုပ္ႀကံ သတင္းေပးမႈေၾကာင့္ ျဖစ္ပါတယ္။
▪️ ဒိန္းေဒါင္ရဲ႕ အေပါင္းပါေတြ
ဒိန္းေဒါင္ဟာ ယခင္က လူ႐ႊင္ေတာ္ အသင္း ဥကၠဌ ျဖစ္ဖူးတာေၾကာင့္ တပည့္တပန္း ေပါမ်ားေပမယ့္ စစ္ေကာင္စီရဲ႕ ဟာသပညာရွင္မ်ား အစည္းအ႐ုံး ဥကၠဌ ျဖစ္လာခ်ိန္မွာ သူ႔အတြက္ ယုံၾကည္ရသူ ရွားပါးလာပါတယ္။ ဒီအခ်ိန္မွာ သူအနီးကပ္ ေခၚယူ လက္သပ္ေမြး ထားသူ ႏွစ္ဦးက ၿငိမ္းခ်မ္းနဲ႔ အုန္းသီးပါ။
အထူးသျဖင့္ လူ႐ႊင္ေတာ္ အသိုင္းအဝိုင္းကို ဩဇာေညာင္းတဲ့ ဝါရင့္ လူ႐ႊင္ေတာ္ ၿငိမ္းခ်မ္းဟာ ဒိန္းေဒါင္ရဲ႕ အဓိက လက္႐ုံးတဆူ ျဖစ္လာပါတယ္။ သဘင္ေလာက သတင္း ေတာ္ေတာ္မ်ားမ်ားဟာ ၿငိမ္းခ်မ္းဆီက တဆင့္ ဒိန္းေဒါင္ဆီ ေရာက္တာပါ။ က်န္းမာေရး ျပသနာနဲ႔ အေႂကြး ျပသနာေတြ ဝိုင္းေနတဲ့ ၿငိမ္းခ်မ္းဟာ သူ႔ရဲ႕ လတ္တေလာ အဆင္ေျပမႈ အတြက္ ဇာတ္သဘင္ ေလာကကို စစ္ေကာင္စီ လက္ထဲ အပ္ေနတဲ့ သေဘာပါပဲ။
(ဆက္လက္ေဖာ္ျပပါမည္)
Zin Thaw Naing
စစ်ကောင်စီ လက်ကိုင်တုတ် ဒိန်းဒေါင်ရဲ့ လုပ်ရပ်များကို ဖော်ထုတ်ခြင်း (၁)
ညစ်ညမ်းပြက်လုံးများနဲ့ လူသိများလာသူ လူပြက် ဒိန်းဒေါင် (ခ) တင်ဌေးဟာ အကြမ်းဖက် စစ်တပ် အာဏာလုမှု ဖြစ်စဉ် မတိုင်ခင် ကတည်းက စစ်တပ် ထောက်ခံသူ ဖြစ်ကြောင်း မကြာခဏ ဖော်ပြလေ့ ရှိသူ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရထံက အာဏာကို မတရား လုယူပြီးတဲ့အချိန်မှာလည်း စစ်တပ် လက်ကိုင်တုတ် အလိုတော်ရိ တစ်ယောက် အဖြစ်နဲ့ ပီပီပြင်ပြင် အသုံးချခံ နေတာကို အချက်အလက် တွေအရ သိရပါတယ်။
▪️ ဒိန်းဒေါင်ကို ပေးထားတဲ့နေရာ
စစ်ကောင်စီဟာ နယ်ပယ် အသီးသီးမှာ သူတို့ရဲ့ အလိုတော်ရိ အောက်ဆွဲတွေကို နေရာပေး အုပ်ချုပ်စေတဲ့ မူဝါဒအရ ယခင် လူရွှင်တော် အသင်းကို ဟာသပညာရှင်များ အစည်းအရုံး ဆိုပြီး ပြောင်းလဲ ဖွဲ့စည်းစေခဲ့ ပါတယ်။ အဲဒီ အဖွဲ့မှာ ဒိန်းဒေါင်ကို ဥက္ကဌ ရာထူးပေးခဲ့ပြီး လူရွှင်တော် တွေနဲ့ သဘင် လောကသားတွေ အပေါ် လွှမ်းမိုး ချုပ်ကိုင်ဖို့ ကြံစည်ခဲ့ပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ဟာသနဲ့ သဘင် ပညာရှင် အများစုရဲ့ ဆင်းရဲ ချို့တဲ့မှုကို အခွင့်ကောင်း ယူပြီး ဒိန်းဒေါင်ကတဆင့် ငွေကြေးနဲ့ စည်းရုံးစေ ပါတယ်။ ဒိန်းဒေါင်ဟာ အကြမ်းဖက် စစ်တပ်က ဝါဒဖြန့် စည်းရုံးဖို့ ချပေးထားတဲ့ ငွေကြေးတွေကို စီမံခန့်ခွဲ ရတာကြောင့် တချို့ အမြင်မှာ လူရွှင်တော်တွေကို ကူညီနေသူလို့တောင် ယူဆခံရပါတယ်။ ဒါပေမယ့် အဲဒါတွေ အားလုံးဟာ စစ်ကောင်စီရဲ့ သပ်လျိုသွေးခွဲ အကြံအစည်တွေပါပဲ။
တစ်ဘက်မှာလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဟာသပညာရှင်များ အစည်းအရုံး နာမည်ခံပြီး တော်လှန်ရေးကို ဝေဖန် အပုတ်ချတဲ့ ထုတ်ပြန်ချက်တွေ မကြာခဏ ဖော်ပြလေ့ ရှိပါတယ်။ လူရွှင်တော်တွေ ကြားထဲမှာလည်း တော်လှန်ရေးနဲ့ ပတ်သက်သူ ရှိရင် သူ့ဆီ သတင်းပေးဖို့ တပည့်တပန်း နောက်လိုက်တွေကို အမြဲ မှာကြားလေ့ ရှိပါတယ်။ သူ့ကြောင့် တိုင်တန်း ခံရပြီး ဘဝပျက်၊ ထောင်ကျ၊ တိမ်းရှောင် နေရသူတွေ အများအပြား ရှိနေပါတယ်။
စစ်ကောင်စီ လက်ကိုင်တုတ် ဒိန်းဒေါင်ရဲ့ လုပ်ရပ်များကို ဖော်ထုတ်ခြင်း (၂)
ဒိန်းဒေါင် (ခ) တင်ဌေးကို စစ်ကောင်စီက ဘယ်လို နေရာနဲ့ အခွင့်အရေးတွေ ပေးထားတဲ့ အကြောင်း ပြီးခဲ့တဲ့ တစ်ပိုင်းမှာ ဖော်ပြခဲ့ပြီး ပါပြီ။ အခု တစ်ပိုင်းမှာတော့ ဒိန်းဒေါင်နဲ့ စစ်ကောင်စီ ဘက်တော်သားတွေ ပတ်သက်မှု၊ သူနဲ့ အပေါင်းပါတွေ အကြောင်း စတာတွေ ဆက်လက် တင်ဆက်ပေးပါမယ်။
▪️ အိန်ဂျယ် ၃၇
စစ်ကောင်စီရဲ့ အနုပညာ လောကသား ဒလံတွေ အကြောင်း ပြောရမယ်ဆို အိန်ဂျယ် ၃၇ က မပါမဖြစ်ပါပဲ။ အိန်ဂျယ် ၃၇ ဆိုတာ နေပြည်တော်၊ သပြေကုန်းမှာ ရှိတဲ့ စားသောက်ဆိုင် နာမည်ပါ။ ဆိုင်ရှင်ကတော့ အကြမ်းဖက် စစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဗိုလ်မှူးချုပ် အဆင့်ရှိသူ မင်းသူ ဖြစ်ပါတယ်။ မင်းသူဟာ DSA အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး အခု ဆုံးသွားပြီ ဖြစ်တဲ့ ဦးဇော်ဌေး တို့နဲ့ တစ်ပတ်စဉ်တည်းပါ။
သူဖွင့်ထားတဲ့ အိန်ဂျယ် ၃၇ ဆိုင်ဟာ ဘောမ အနုပညာရှင် ဆိုသူတွေနဲ့ အမြဲတမ်း တရုန်းရုန်း ဖြစ်နေလေ့ ရှိပါတယ်။ အာဏာလုပြီး နောက်ပိုင်းမှာတော့ အနုပညာ လောကထဲက သတင်းတွေကို စုစည်းတဲ့ ဌာနချုပ် ဖြစ်လာပါတယ်။ ဒီဆိုင်ကို ဟန်ငြိမ်းဦး၊ သဇင်ဦး စတဲ့ လော်ဘီတွေလည်း အမြဲ လာရောက်ပြီး ဩဝါဒ ခံယူလေ့ ရှိပါတယ်။ သူတို့ကို တိုက်ရိုက် ညွှန်ကြားတဲ့သူ ကတော့ စရနက ဗိုလ်မှူး အဆင့်ရှိသူ နေလင်းဦး ဖြစ်ပါတယ်။
ဒိန်းဒေါင်ဟာ အဲဒီဆိုင်ကို သူလတ်တလော ခိုအောင်းနေတဲ့ ကကကွန်ထဲက အရာရှိ တစ်ယောက်နဲ့ အမြဲလာလေ့ ရှိပြီး ဇာတ်သဘင် လောက ထဲက တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ပုံမှန်တင်ပြ ရပါတယ်။ ဒီသတင်းတွေကို အသုံးချပြီး စစ်လော်ဘီ ချန်နယ်တွေမှာ မကြာခဏ ဆိုက်ဝါး လုပ်လေ့ရှိပါတယ်။ လူရွှင်တော် ကောင်းကျော် တို့လို လူတွေက အစ၊ အခုနောက်ဆုံး မင်းသားဖိုးချစ်နဲ့ သျှံထွန်း (မြန်မာစာ) တို့လို လူတွေအထိ ဖမ်းဆီး ခံရတာ၊ ခေါ်ယူ စစ်ဆေး ခံရတာတွေဟာလည်း ဒိန်းဒေါင်ရဲ့ လုပ်ကြံ သတင်းပေးမှုကြောင့် ဖြစ်ပါတယ်။
▪️ ဒိန်းဒေါင်ရဲ့ အပေါင်းပါတွေ
ဒိန်းဒေါင်ဟာ ယခင်က လူရွှင်တော် အသင်း ဥက္ကဌ ဖြစ်ဖူးတာကြောင့် တပည့်တပန်း ပေါများပေမယ့် စစ်ကောင်စီရဲ့ ဟာသပညာရှင်များ အစည်းအရုံး ဥက္ကဌ ဖြစ်လာချိန်မှာ သူ့အတွက် ယုံကြည်ရသူ ရှားပါးလာပါတယ်။ ဒီအချိန်မှာ သူအနီးကပ် ခေါ်ယူ လက်သပ်မွေး ထားသူ နှစ်ဦးက ငြိမ်းချမ်းနဲ့ အုန်းသီးပါ။
အထူးသဖြင့် လူရွှင်တော် အသိုင်းအဝိုင်းကို ဩဇာညောင်းတဲ့ ဝါရင့် လူရွှင်တော် ငြိမ်းချမ်းဟာ ဒိန်းဒေါင်ရဲ့ အဓိက လက်ရုံးတဆူ ဖြစ်လာပါတယ်။ သဘင်လောက သတင်း တော်တော်များများဟာ ငြိမ်းချမ်းဆီက တဆင့် ဒိန်းဒေါင်ဆီ ရောက်တာပါ။ ကျန်းမာရေး ပြသနာနဲ့ အကြွေး ပြသနာတွေ ဝိုင်းနေတဲ့ ငြိမ်းချမ်းဟာ သူ့ရဲ့ လတ်တလော အဆင်ပြေမှု အတွက် ဇာတ်သဘင် လောကကို စစ်ကောင်စီ လက်ထဲ အပ်နေတဲ့ သဘောပါပဲ။
(ဆက်လက်ဖော်ပြပါမည်)
Zin Thaw Naing
credit