သိၿပီးၾကပီလား…ေဒၚေအာင္ဆန္းစုၾကည္ ျငင္းပယ္လိုက္တဲ့ အေၾကာင္း
စစ္ေကာင္စီက NLD ပါတီဝင္ ေဒၚစႏၵာမင္း ကို ထုတ္သုံးၿပီး ၂၀၂၃ ေ႐ြးေကာက္ပြဲဝင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို တိုက္တြန္းမႈ မေအာင္ျမင္
စစ္ေကာင္စီရဲ႕ စီစဥ္မႈနဲ႔ NLD ပါတီဝင္ ေဒၚစႏၵမင္း ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံေစကာ ၂၀၂၃ မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲကိစၥနဲ႔ NLD ႐ုံးခ်ဳပ္ ျပန္ဖြင့္ခြင့္ျပဳဖို႔ တိုက္တြန္းေပမယ့္
ေဒၚေအာင္ဆန္းစုၾကည္က လက္မခံခဲ့ဘူးလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အသိုင္းအဝိုင္းမွ သိရပါတယ္။
ေနျပည္ေတာ္ အက်ဥ္းေထာင္မွာ မတရားဖမ္းဆီး ခ်ဳပ္ေႏွာင္ထားတဲ့ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက NLD ပါတီဝင္တခ်ိဳ႕နဲ႔ ေတြ႕ဆုံဖို႔
ႏိုဝင္ဘာ ၂၃ ရက္က အက်ဥ္းေထာင္ထဲက ေဒၚေအာင္ဆန္းစုၾကည္ကို ေခၚသြားတယ္လို႔ သိရပါတယ္။
စစ္ေကာင္စီက NLD ပါတီဝင္ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒၚစႏၵာမင္းနဲ႔ ဧရာဝတီတိုင္း NLD လူငယ္ တာဝန္ခံေဟာင္း ကိုတိုးလြင္တို႔ကို ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ေပးခဲ့တာလို႔ သိရပါတယ္။
အခုလို ၂၀၂၃ ေ႐ြးေကာက္ပြဲကိစၥ၊ NLD ပါတီ ႐ုံးခ်ဳပ္ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေရး ကိစၥေတြ တင္ျပရာမွာ ေဒၚေအာင္ဆန္းစုၾကည္က လက္မခံခဲ့ဘူးလို႔လည္း သိရပါတယ္။
“အခု အန္တီ (ေဒၚေအာင္ဆန္းစုၾကည္) ကို သြားေတြ႕တဲ့သူေတြကို အန္တီက လက္မခံဘူးလို႔ ေျပာလိုက္တယ္။ အန္တီလည္း လက္မခံဘူး။ ျပည္သူကလည္း လက္မခံဘူး။
ႏိုင္ငံတကာကလည္း လက္ခံမွာ မဟုတ္ဘူး။ ဒီေ႐ြးေကာက္ပြဲက တရားဝင္မွာ မဟုတ္ဘူး” လို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္၊ ဗဟိုေကာ္မတီဝင္ တစ္ဦးက မွတ္ခ်က္ျပဳပါတယ္။
စစ္ေကာင္စီက ၂၀၂၃ ေ႐ြးေကာက္ပြဲမွာ NLD ပါတီ ဒါမွမဟုတ္ NLD ပါတီကေန ခြဲထြက္မယ့္သူေတြ ဝင္ၿပိဳင္ေစဖို႔ ႀကိဳးပမ္းေနေပမယ့္ အဲဒီႀကိဳးပမ္းမႈက မျဖစ္ႏိုင္ဘူးလို႔လည္း သူက ေျပာပါတယ္။
လက္ရွိ စစ္ေကာင္စီဆီမွာ ခံဝန္ထိုးၿပီး ေနထိုင္ၾကတဲ့ NLD ပါတီ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ေခ် ရွိမရွိကိုလည္း သူက အခုလို သုံးသပ္ပါတယ္။
“အဲဒါေတြက မျဖစ္ႏိုင္ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ သေဘာထားေျပာင္းမွ သူက ေ႐ြးေကာက္ပြဲ ဝင္မယ္ဆိုတဲ့ လကၡဏာျပမွ၊ အခုေတာင္မွ ေတာ္လွန္ေရး အခ်ိဳးအေကြ႕မွာ NLD ပါတီကို ေဝဖန္ေနတာေတြရွိတယ္။
ျပည္သူ အားလုံးက လက္နက္ကိုင္ ေတာ္လွန္ေရး လုပ္ေနတဲ့အခ်ိန္မွာ NLD ပါတီရဲ႕ သေဘာထားက ဘယ္လိုရွိလဲ ဆိုတဲ့ ေမးခြန္းေတြရွိတယ္။
ေနာက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ ေတာ္လွန္ေရးမွာ ပါဝင္ေဆာင္႐ြက္မႈ မရွိဘဲ စကစနဲ႔ ခံဝန္ထိုးတဲ့ ကိစၥ၊ ပင္စင္လစာ ယူတဲ့ကိစၥ အားလုံးကို ျပည္သူလူထုက လက္မခံဘူး။
လက္မခံတာေတာင္ စကစနဲ႔ ေပါင္းၿပီး ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္မယ္ဆိုရင္ေတာ့ ျပည္သူ ေထာက္ခံမႈရမွာ မဟုတ္ဘူး။
ဘယ္သူမွလည္း ေ႐ြးမွာမဟုတ္ဘူး” လို႔ သူက ဆိုပါတယ္။
MK-003
Source – MeKongNews
Zawgyi Version ဖြင့်ဖတ်ရန်
သိပြီးကြပီလား…ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်လိုက်တဲ့ အကြောင်း
စစ်ကောင်စီက NLD ပါတီဝင် ဒေါ်စန္ဒာမင်း ကို ထုတ်သုံးပြီး ၂၀၂၃ ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းမှု မအောင်မြင်
စစ်ကောင်စီရဲ့ စီစဉ်မှုနဲ့ NLD ပါတီဝင် ဒေါ်စန္ဒမင်း ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေကာ ၂၀၂၃ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိစ္စနဲ့ NLD ရုံးချုပ် ပြန်ဖွင့်ခွင့်ပြုဖို့ တိုက်တွန်းပေမယ့်
ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အသိုင်းအဝိုင်းမှ သိရပါတယ်။
နေပြည်တော် အကျဉ်းထောင်မှာ မတရားဖမ်းဆီး ချုပ်နှောင်ထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက NLD ပါတီဝင်တချို့နဲ့ တွေ့ဆုံဖို့
နိုဝင်ဘာ ၂၃ ရက်က အကျဉ်းထောင်ထဲက ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းနဲ့ ဧရာဝတီတိုင်း NLD လူငယ် တာဝန်ခံဟောင်း ကိုတိုးလွင်တို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးခဲ့တာလို့ သိရပါတယ်။
အခုလို ၂၀၂၃ ရွေးကောက်ပွဲကိစ္စ၊ NLD ပါတီ ရုံးချုပ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး ကိစ္စတွေ တင်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ဘူးလို့လည်း သိရပါတယ်။
“အခု အန်တီ (ဒေါ်အောင်ဆန်းစုကြည်) ကို သွားတွေ့တဲ့သူတွေကို အန်တီက လက်မခံဘူးလို့ ပြောလိုက်တယ်။ အန်တီလည်း လက်မခံဘူး။ ပြည်သူကလည်း လက်မခံဘူး။
နိုင်ငံတကာကလည်း လက်ခံမှာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲက တရားဝင်မှာ မဟုတ်ဘူး” လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင် တစ်ဦးက မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲမှာ NLD ပါတီ ဒါမှမဟုတ် NLD ပါတီကနေ ခွဲထွက်မယ့်သူတွေ ဝင်ပြိုင်စေဖို့ ကြိုးပမ်းနေပေမယ့် အဲဒီကြိုးပမ်းမှုက မဖြစ်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီဆီမှာ ခံဝန်ထိုးပြီး နေထိုင်ကြတဲ့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ချေ ရှိမရှိကိုလည်း သူက အခုလို သုံးသပ်ပါတယ်။
“အဲဒါတွေက မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သဘောထားပြောင်းမှ သူက ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ လက္ခဏာပြမှ၊ အခုတောင်မှ တော်လှန်ရေး အချိုးအကွေ့မှာ NLD ပါတီကို ဝေဖန်နေတာတွေရှိတယ်။
ပြည်သူ အားလုံးက လက်နက်ကိုင် တော်လှန်ရေး လုပ်နေတဲ့အချိန်မှာ NLD ပါတီရဲ့ သဘောထားက ဘယ်လိုရှိလဲ ဆိုတဲ့ မေးခွန်းတွေရှိတယ်။
နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ တော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်မှု မရှိဘဲ စကစနဲ့ ခံဝန်ထိုးတဲ့ ကိစ္စ၊ ပင်စင်လစာ ယူတဲ့ကိစ္စ အားလုံးကို ပြည်သူလူထုက လက်မခံဘူး။
လက်မခံတာတောင် စကစနဲ့ ပေါင်းပြီး ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုရင်တော့ ပြည်သူ ထောက်ခံမှုရမှာ မဟုတ်ဘူး။
ဘယ်သူမှလည်း ရွေးမှာမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။
MK-003
Source – MeKongNews
crd