ရန်ကုန် UG တွေကတော့ သတိထပ်ပေးပြီနော်…စစ်တပ် ထောက်တိုင်များနဲ့ ဝေးဝေးနေကြဖို့
တောင်ဥက္ကလာပတွင်Transporter Bar ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေဟုဆို။
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမပေါ်ရှိ စစ်တပ်နှင့် ပတ် သက် ဆက်နွယ်နေသောTransporter Bar ကို ဒီဇင်ဘာ ၃ ရက်နေ့ ည ၈ နာရီ ၄၀ အချိန်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဂဠုန်ရာဇာ ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်
အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် KTV များ Club များ ၊ Bar များကို ဆက်လက်စုံစမ်း၍ ဖြိုခွဲသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ စစ် ကောင်စီ၏ ထောက်တိုင်များနှင့် ဝေးဝေးနေကြရန် UG အဖွဲ့များက မေတ္တာ ရပ်ခံထားသည်
တိုက်ခိုက်မှုကို ဂဠုန်မြို့ပြပျောက်ကြားအဖွဲ့နှင့် Never Die Defense Force (N.D.D.F) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်
တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ Transporter Barသည် ယခင် နှစ် စစ်အာဏာရှင် ဆန္ဒပြပွဲများ ဖြစ်ပွားချိန်တွင် စစ်တပ်အတွက် သတင်း ပေးခဲ့ကာ တပ်နှင့်ပတ်သက်ဆက်နွယ်မှုများရှိနေကြောင်း ဒေသ ပြည်သူ တချို့က ပြောဆိုကြသည်။
crd