တာခ်ီလိတ္ၿမိဳ႕ Bar ဆိုင္တြင္ စိတ္ႂကြေဆးေသာက္မိတဲ့ (၁၇)ႏွစ္အ႐ြယ္ ေကာင္မေလးရဲ႕အျဖစ္(႐ုပ္သံ)
ရုပ္သံကို ေအာက္ဆံုးတြင္ ေဖာ္ျပထားပါသည္…။
သွ်မ္းျပည္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ Bar ဆိုင္တစ္ေနရာတြင္ Happy Water စိတ္ႂကြေဆးရည္ကို ေသာက္သုံးသည့္
အသက္ (၁၇) ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး သတိေမ့သြားၿပီး ေဆး႐ုံတင္လိုက္ရေၾကာင္း သတင္းသိရွိရသည္။
ယခု (ဒီဇင္ဘာလ) ပထမပတ္အတြင္း တာခ်ီလိတ္ၿမိဳ႕ Bar ဆိုင္တစ္ေနရာတြင္ သြားေရာက္လည္ပတ္ခဲ့ရာ
အသက္ ၁၇ ႏွစ္ အမ်ိဳးသမီးတစ္ဦးက Happy Water စိတ္ႂကြေဆးရည္ကို ေသာက္သုံးၿပီးေနာက္ နာရီဝက္အတြင္း သတိလစ္ေမ့သြားၿပီး
ေဆး႐ုံသို႔ တင္ပို႔ေဆာင္လိုက္ရေၾကာင္း တာခ်ီလိတ္ၿမိဳ႕ေဒသခံ အသက္ ၃၀ ႏွစ္ အမ်ိဳးသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။
“ သူငယ္ခ်င္းေတြနဲ႔စုၿပီး Bar မွာသြားလည္တာထင္တယ္။
သူငယ္ခ်င္းေတြက သူ႔ကိုစခ်င္သလို၊ ေႏွာက္ခ်င္သလို နဲ႔ ခြက္ထဲကို Happy Water စိတ္ႂကြေဆးေဖ်ာ္ၿပီး တိုက္လိုက္တာ။
မိနစ္ ၂၀၊ နာရီဝက္ နီးပါး အၾကာမွာပဲ လူကေတာင့္ၿပီး မာလာတယ္။ အသက္ မရႈႏိုင္ေတာ့မွ သူ႔ သူငယ္ခ်င္းေတြက ေဆး႐ုံကို ပို႔လိုက္တယ္ “ ဟု ၎ အမ်ိဳးသားတစ္ဦးက ေျပာသည္။
၎ အမ်ိဳးသမီးတစ္ဦးသည္ တာခ်ီလိတ္ ျပည္သူ႔ေဆး႐ုံတြင္ ၂ နာရီ ၾကာေအာင္ သတိေမ့လစ္သြားၿပီးေနာက္ ျပန္လည္သတိရလာေၾကာင္း ၎က ဆက္ေျပာသည္။
Happy Water စိတ္ႂကြေဆးရည္သည္ KTV ဆိုင္၊ ကလပ္ဆိုင္၊ Bar ဆိုင္မ်ားတြင္ အမ်ားဆုံးေတြ႕ရၿပီး
ပုံမွန္ ေပ်ာ္ျမဴးခ်င္ သူမ်ားအတြက္ (ကြၽဲ႐ိုင္း) အခ်ိဳရည္ႏွင့္ေရာၿပီး ေသာက္သုံးရသည့္ စိတ္ႂကြေဆးရည္ တစ္မ်ိဳး ျဖစ္ေၾကာင္း သိရသည္။
“ သူက ေကာ္ဖီအမႈန႔္လိုပဲ ေကာ္ဖီအနံ႔နဲ႔ သစ္သီးအနံ႔ ရွိတယ္ဗ်။ အဲ့ဒီ အမႈန႔္ကို ကြၽဲ႐ိုင္းနဲ႔ေရာၿပီး ေသာက္ရတယ္။
ဒါကို ေသာက္ၿပီးရင္ေတာ့ ပုံမွန္လူေတြထက္ ၃ ဆပိုၿပီး စိတ္ႂကြလာတယ္။ ေသာက္ၿပီး မကရင္ေတာ့ အ႐ိုးအဆစ္ေတြ ေအးခဲလာမယ္။
ကိုယ္လုံး မာလာၿပီး မ်က္ေတာင္လည္း မခက္ေတာ့ဘူး။ ေနာက္ဆုံး အသက္ဆုံးရႈံးရတဲ့ အထိျဖစ္တယ္ “ ဟု Happy Water စိတ္ႂကြေဆးရည္ကို သုံးစြဲဖူးေသာ အသက္ ၂၇ ႏွစ္ လူငယ္တစ္ဦးက ေျပာသည္။
Happy Water စိတ္ႂကြေဆးရည္အျပင္ ႏွာေခါင္း ႏွင့္ ရႉရႈိက္ရေသာ K (ေခၚ) မူးယစ္ေဆးဝါး၊ E (ေခၚ) မူးယစ္ေဆးဝါးမ်ားကို အာဏာပိုင္မ်ားႏွင့္ လာဘ္ေပးၿပီး ေပၚေပၚထင္ ေရာင္းခ်ေနလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိ Happy Water စိတ္ႂကြေဆးရည္ (ေကာ္ဖီတစ္ထုပ္) ကို ထိုင္းဘတ္ေငြ (၃,၀၀၀) ဘတ္မွ (၅,၀၀၀) အထိ ေပါက္ေဈးရွိေနၿပီး
K (ေခၚ) မူးယစ္ေဆးဝါးကိုေတာ့ (Kg) အေလးခ်ိန္ျဖင့္ ထိုင္းဘတ္ေငြ (၁,၀၀၀) ဘတ္မွစၿပီး ဝယ္ယူၿပီး ရရွိေနေၾကာင္း သိရသည္။
SHANNews
unicode
တာချီလိတ်မြို့ Bar ဆိုင်တွင် စိတ်ကြွဆေးသောက်မိတဲ့ (၁၇)နှစ်အရွယ် ကောင်မလေးရဲ့အဖြစ်(ရုပ်သံ)
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ Bar ဆိုင်တစ်နေရာတွင် Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးသည့်
အသက် (၁၇) နှစ်အရွယ် မိန်းကလေးတစ်ဦး သတိမေ့သွားပြီး ဆေးရုံတင်လိုက်ရကြောင်း သတင်းသိရှိရသည်။
ယခု (ဒီဇင်ဘာလ) ပထမပတ်အတွင်း တာချီလိတ်မြို့ Bar ဆိုင်တစ်နေရာတွင် သွားရောက်လည်ပတ်ခဲ့ရာ
အသက် ၁၇ နှစ် အမျိုးသမီးတစ်ဦးက Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးပြီးနောက် နာရီဝက်အတွင်း သတိလစ်မေ့သွားပြီး
ဆေးရုံသို့ တင်ပို့ဆောင်လိုက်ရကြောင်း တာချီလိတ်မြို့ဒေသခံ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ သူငယ်ချင်းတွေနဲ့စုပြီး Bar မှာသွားလည်တာထင်တယ်။
သူငယ်ချင်းတွေက သူ့ကိုစချင်သလို၊ နှောက်ချင်သလို နဲ့ ခွက်ထဲကို Happy Water စိတ်ကြွဆေးဖျော်ပြီး တိုက်လိုက်တာ။
မိနစ် ၂၀၊ နာရီဝက် နီးပါး အကြာမှာပဲ လူကတောင့်ပြီး မာလာတယ်။ အသက် မရှုနိုင်တော့မှ သူ့ သူငယ်ချင်းတွေက ဆေးရုံကို ပို့လိုက်တယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။
၎င်း အမျိုးသမီးတစ်ဦးသည် တာချီလိတ် ပြည်သူ့ဆေးရုံတွင် ၂ နာရီ ကြာအောင် သတိမေ့လစ်သွားပြီးနောက် ပြန်လည်သတိရလာကြောင်း ၎င်းက ဆက်ပြောသည်။
Happy Water စိတ်ကြွဆေးရည်သည် KTV ဆိုင်၊ ကလပ်ဆိုင်၊ Bar ဆိုင်များတွင် အများဆုံးတွေ့ရပြီး
ပုံမှန် ပျော်မြူးချင် သူများအတွက် (ကျွဲရိုင်း) အချိုရည်နှင့်ရောပြီး သောက်သုံးရသည့် စိတ်ကြွဆေးရည် တစ်မျိုး ဖြစ်ကြောင်း သိရသည်။
“ သူက ကော်ဖီအမှုန့်လိုပဲ ကော်ဖီအနံ့နဲ့ သစ်သီးအနံ့ ရှိတယ်ဗျ။ အဲ့ဒီ အမှုန့်ကို ကျွဲရိုင်းနဲ့ရောပြီး သောက်ရတယ်။
ဒါကို သောက်ပြီးရင်တော့ ပုံမှန်လူတွေထက် ၃ ဆပိုပြီး စိတ်ကြွလာတယ်။ သောက်ပြီး မကရင်တော့ အရိုးအဆစ်တွေ အေးခဲလာမယ်။
ကိုယ်လုံး မာလာပြီး မျက်တောင်လည်း မခက်တော့ဘူး။ နောက်ဆုံး အသက်ဆုံးရှုံးရတဲ့ အထိဖြစ်တယ် “ ဟု Happy Water စိတ်ကြွဆေးရည်ကို သုံးစွဲဖူးသော အသက် ၂၇ နှစ် လူငယ်တစ်ဦးက ပြောသည်။
Happy Water စိတ်ကြွဆေးရည်အပြင် နှာခေါင်း နှင့် ရှူရှိုက်ရသော K (ခေါ်) မူးယစ်ဆေးဝါး၊ E (ခေါ်) မူးယစ်ဆေးဝါးများကို အာဏာပိုင်များနှင့် လာဘ်ပေးပြီး ပေါ်ပေါ်ထင် ရောင်းချနေလျက်ရှိကြောင်း သိရသည်။
လက်ရှိ Happy Water စိတ်ကြွဆေးရည် (ကော်ဖီတစ်ထုပ်) ကို ထိုင်းဘတ်ငွေ (၃,၀၀၀) ဘတ်မှ (၅,၀၀၀) အထိ ပေါက်ဈေးရှိနေပြီး
K (ခေါ်) မူးယစ်ဆေးဝါးကိုတော့ (Kg) အလေးချိန်ဖြင့် ထိုင်းဘတ်ငွေ (၁,၀၀၀) ဘတ်မှစပြီး ဝယ်ယူပြီး ရရှိနေကြောင်း သိရသည်။
crd