၂၀၂၃ ရွေးကောက်ပွဲ ကိစ္စ နှင့် NLD ရုံးချုပ် ပြန်ဖွင့်ခွင့်ပြုရေး တင်ပြချက်များကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

စစ်တပ်က NLD ပါတီဖြိုခွဲရေး လုပ်ဆောင်နေပြီး ပါတီဝင်တချို့ကို ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစေကာ ၂၀၂၃ ရွေးကောက်ပွဲ ကိစ္စ နှင့် NLD ရုံးချုပ် ပြန်ဖွင့်ခွင့်ပြုရေး တင်ပြခိုင်း၊ တင်ပြ ချက်များကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

ရန်ကုန်၊ ဒီဇင်ဘာ ၉

 

စစ်ကောင်စီက NLD ပါတီဖြိုခွဲရေး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာပြီး နေပြည်တော် အကျဉ်းထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ ဝင် တချို့ကို သွားရောက်တွေ့ဆုံစေကာ ၂၀၂၃ ရွေးကောက်ပွဲကိစ္စ၊ NLD ပါတီ ရုံးချုပ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး တင် ပြခိုင်းကြောင်း သိရှိရသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အစီအစဉ်ဖြင့် ၎င်းကို လာရောက် တွေ့ဆုံသည့် NLD ပါတီဝင်တချို့ တင်ပြချက်များကို လက်မခံဟု သိရှိရသည်။

“အခု ပြည်တွင်းထဲမှာ စကစနဲ့ ဆက်ဆံရေးလမ်းကြောင်းရှိတဲ့ အမတ် ဟောင်း တချို့နဲ့ ပါတီဝင်တချို့က စကစရဲ့ စီစဉ်ပေးမှုနဲ့ စစ်တပ်ရဲ့ သတင်း စကား တွေကို အန်တီ (ဒေါ်အောင်ဆန်းစုကြည်)ဆီ သွားပို့တယ်။ အန်တီ (ဒေါ်အောင် ဆန်း စုကြည်) ကို ကြိုတင်အသိမပေးဘဲ အကျဉ်းထောင်ထဲက ထုတ် ပြီး အဲဒီလိုတွေ့ခိုင်းတာ။ ၂၀၂၃ ရွေးကောက်ပွဲကိစ္စနဲ့ NLD ပါတီရုံးချုပ် ပြန်ဖွင့်ခွင့် တောင်းတာ။ သွားတွေ့တဲ့ သူတွေ နာမည်လည်းသိပါတယ်။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) က ပြည်သူတွေနဲ့ တစ်သဘောထား တည်းရှိနေ တယ်လို့ ပြန်သိရတယ်။ အဲဒီလို လာပြောတာတွေ သူ လက်မခံဘူး” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲတွင် NLD ပါတီ (သို့မဟုတ်) NLD ပါတီ ခွဲထွက်မည့်သူများ ဝင်ပြိုင်စေရန် ကြိုးပမ်းနေပြီး ၎င်းတို့လုပ် ဆောင် မည့် ရွေးကောက်ပွဲကို နိုင်ငံတကာအသိအမှတ်ပြုမှု၊ ပြည်သူများ မဲထွက်ပေးစေရန် နည်းလမ်းမျိုးစုံ အသုံးပြုလာသည့်သဘောရှိနေသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

“မြင်ရတာကတော့ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို NLD ပါတီကို ပြန်ဆွဲသွင်းဖို့ လုပ်နေတာ။ အရင် ၂၀၁၀ ၊ ၂၀၁၂ ကာလလိုမျိုး ပြန်သွားချင်တာ။ အခု စစ်တပ်က လူတွေ၊ လူငယ်တွေ၊ ပြည်သူတွေကို အများကြီး သတ် ထားပြီးပြီ။ စစ်ကိုင်းတိုင်းမှာ ရွာတွေ မီးရှို့ခံရလို့ ကုန်ပြီ။ ပြည်သူတွေက စစ်တပ် ကို နာသွားကြပြီ ။ အခြေအနေတွေက ၂၀၁၀၊ ၂၀၁၂ ကာလလို လည်းမဟုတ်ဘူး။

မင်းအောင်လှိုင်က သန်းရွှေလို လမ်းဟောင်း ပြန် လျှောက် တာ ဖြစ်နိုင်သလို သူ့ထွက်ပေါက် အတွက် နိုင်ငံရေးတွက်ချက်မှုတွေ လုပ်ဖို့ ဒီလို ခြေ လှမ်း တာလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ အခြေအနေတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် သဘောထားကို သွားပြီး တီးခေါက်နေ တာလို့ ထင်တယ်။ သေချာတာက စစ်တပ်က နယ်ပယ်ပေါင်းစုံမှာ အကျပ်အတည်း ဆိုက်နေတယ်” ဟု ပြည်နယ် အမတ် က သုံးသပ်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကို စစ်တပ်နှင့်ဆက်ဆံရေး ဖွင့်ထားသည့် ပါတီဝင်တချို့ သွားရောက် တွေ့ဆုံသည့်သတင်းနှင့်ပတ်သက်ပြီး NLD ပါတီ၏ အတည်ပြုချက်ကို ရယူ နိုင်ခြင်း မရှိပေ။

စစ္တပ္က NLD ပါတီၿဖိဳခြဲေရး လုပ္ေဆာင္ေနၿပီး ပါတီဝင္တခ်ိဳ႕ကို ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ေတြ႕ဆုံေစကာ ၂၀၂၃ ေရြးေကာက္ပြဲ ကိစၥ ႏွင့္ NLD ႐ုံးခ်ဳပ္ ျပန္ဖြင့္ခြင့္ျပဳေရး တင္ျပခိုင္း၊ တင္ၿပ ခ်က္မ်ားကို ေဒၚေအာင္ဆန္းစုၾကည္ လက္မခံ

ရန္ကုန္၊ ဒီဇင္ဘာ ၉

စစ္ေကာင္စီက NLD ပါတီၿဖိဳခြဲေရး ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္လာၿပီး ေနျပည္ေတာ္ အက်ဥ္းေထာင္တြင္ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရေသာ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို NLD ပါတီ ဝင္ တခ်ိဳ႕ကို သြားေရာက္ေတြ႕ဆုံေစကာ ၂၀၂၃ ေရြးေကာက္ပြဲကိစၥ၊ NLD ပါတီ ႐ုံးခ်ဳပ္ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေရး တင္ ျပခိုင္းေၾကာင္း သိရွိရသည္။

သို႔ရာတြင္ ေဒၚေအာင္ဆန္းစုၾကည္က စစ္တပ္အစီအစဥ္ျဖင့္ ၎ကို လာေရာက္ ေတြ႕ဆုံသည့္ NLD ပါတီဝင္တခ်ိဳ႕ တင္ျပခ်က္မ်ားကို လက္မခံဟု သိရွိရသည္။

“အခု ျပည္တြင္းထဲမွာ စကစနဲ႔ ဆက္ဆံေရးလမ္းေၾကာင္းရွိတဲ့ အမတ္ ေဟာင္း တခ်ိဳ႕နဲ႔ ပါတီဝင္တခ်ိဳ႕က စကစရဲ့ စီစဥ္ေပးမႈနဲ႔ စစ္တပ္ရဲ့ သတင္း စကား ေတြကို အန္တီ (ေဒၚေအာင္ဆန္းစုၾကည္)ဆီ သြားပို႔တယ္။ အန္တီ (ေဒၚေအာင္ ဆန္း စုၾကည္) ကို ႀကိဳတင္အသိမေပးဘဲ အက်ဥ္းေထာင္ထဲက ထုတ္ ၿပီး အဲဒီလိုေတြ႕ခိုင္းတာ။ ၂၀၂၃ ေရြးေကာက္ပြဲကိစၥနဲ႔ NLD ပါတီ႐ုံးခ်ဳပ္ ျပန္ဖြင့္ခြင့္ ေတာင္းတာ။ သြားေတြ႕တဲ့ သူေတြ နာမည္လည္းသိပါတယ္။ အန္တီ (ေဒၚေအာင္ဆန္းစုၾကည္) က ျပည္သူေတြနဲ႔ တစ္သေဘာထား တည္းရွိေန တယ္လို႔ ျပန္သိရတယ္။ အဲဒီလို လာေျပာတာေတြ သူ လက္မခံဘူး” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီက ၂၀၂၃ ေရြးေကာက္ပြဲတြင္ NLD ပါတီ (သို႔မဟုတ္) NLD ပါတီ ခြဲထြက္မည့္သူမ်ား ဝင္ၿပိဳင္ေစရန္ ႀကိဳးပမ္းေနၿပီး ၎တို႔လုပ္ ေဆာင္ မည့္ ေရြးေကာက္ပြဲကို နိုင္ငံတကာအသိအမွတ္ျပဳမႈ၊ ျပည္သူမ်ား မဲထြက္ေပးေစရန္ နည္းလမ္းမ်ိဳးစုံ အသုံးျပဳလာသည့္သေဘာရွိေနသည္ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေျပာသည္။

“ျမင္ရတာကေတာ့ စစ္ေကာင္စီက ၂၀၀၈ ဖြဲ႕စည္းပုံေအာက္ကို NLD ပါတီကို ျပန္ဆြဲသြင္းဖို႔ လုပ္ေနတာ။ အရင္ ၂၀၁၀ ၊ ၂၀၁၂ ကာလလိုမ်ိဳး ျပန္သြားခ်င္တာ။ အခု စစ္တပ္က လူေတြ၊ လူငယ္ေတြ၊ ျပည္သူေတြကို အမ်ားႀကီး သတ္ ထားၿပီးၿပီ။ စစ္ကိုင္းတိုင္းမွာ ရြာေတြ မီးရွို႔ခံရလို႔ ကုန္ၿပီ။ ျပည္သူေတြက စစ္တပ္ ကို နာသြားၾကၿပီ ။ အေျခအေနေတြက ၂၀၁၀၊ ၂၀၁၂ ကာလလို လည္းမဟုတ္ဘူး။

မင္းေအာင္လွိုင္က သန္းေရႊလို လမ္းေဟာင္း ျပန္ ေလၽွာက္ တာ ျဖစ္နိုင္သလို သူ႔ထြက္ေပါက္ အတြက္ နိုင္ငံေရးတြက္ခ်က္မႈေတြ လုပ္ဖို႔ ဒီလို ေၿခ လွမ္း တာလည္း ျဖစ္နိုင္ပါတယ္။ လက္ရွိ အေျခအေနေတြအေပၚ ေဒၚေအာင္ဆန္းစုၾကည္ သေဘာထားကို သြားၿပီး တီးေခါက္ေန တာလို႔ ထင္တယ္။ ေသခ်ာတာက စစ္တပ္က နယ္ပယ္ေပါင္းစုံမွာ အက်ပ္အတည္း ဆိုက္ေနတယ္” ဟု ျပည္နယ္ အမတ္ က သုံးသပ္ေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္အေနျဖင့္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ ကို စစ္တပ္ႏွင့္ဆက္ဆံေရး ဖြင့္ထားသည့္ ပါတီဝင္တခ်ိဳ႕ သြားေရာက္ ေတြ႕ဆုံသည့္သတင္းႏွင့္ပတ္သက္ၿပီး NLD ပါတီ၏ အတည္ျပဳခ်က္ကို ရယူ နိုင္ျခင္း မရွိေပ။

crd

Leave a Reply

Your email address will not be published. Required fields are marked *