ကုန်းသာကျေးရွာခံတွေ ရွာကနေ ထွက်ခွာလို့မရအောင် စစ်ကောင်စီတပ်က ပိတ်ပင်ထား

ကုန်းသာကျေးရွာခံတွေ ရွာကနေ ထွက်ခွာလို့မရအောင် စစ်ကောင်စီတပ်က ပိတ်ပင်ထား

ကုန်းသာနဲ့ ဟူးမန်းရွာကြားမှာ စစ်ကောင်စီရဲ့ လေယာဥ္တစ်စီးတော့ ကျသွားပြီလို့ ဒေသခံတွေက ပြော

ရွှေဖီမြေ၊ ဒီဇင်ဘာ ၉ ရက်၊ နမ့်ဆန်

တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်မှုကြောင့် နမ့်ဆန်မြို့နယ်က ကျေးရွာအချို့မှ ဒေသခံတွေဟာ မြို့ပေါ်ကို စစ်ရှောင်လာကြပေမယ့် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကုန်းသာရွာခံတွေက ထွက်ပြေးလို့မရဘဲ စစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲနဲ့နီးတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေဟာ မြို့ပေါ် ကးရှိ ဇယန်းကြီးကျောင်းမှာ ရောက်ရှိလာကြပြီဖြစ်ပြီး ထက်ဝက်ကတော့ မန်လုံရွာမှာ စုပေါင်းနေထိုင်ကြတယ်လို့ သွားရောက် ကူညီပေးတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမှာတော့ အခြေအနေ စိုးရိမ်ရတယ်။ လေယာဥ်နဲ့ အပေါ်ကနေလဲ လှမ်းထုတယ်။ ပြီးတော့ နမ့်ဆန်၊ မန်တုံကနေလဲ လက်နက်ကြီးတွေ လှမ်းထုနေတော့ အ​ေခြအနေကတော့ မကောင်းဘူး။ အားလုံးက မန်လုံးရွာမှာ စုပေါင်းပြီး နေကြတယ် ငါးရွာပေါ့။ အဲမှာဆိုရင် မန်လုံး၊ ပိန်းလုံ၊ တာလောတ်ရယ်၊ ဟူးမန်းရယ် မန်လုံးလီရှောရယ်ပေါ့။ တစ်ဝက်ကတော့ မြို့ပေါ်ကိုရောက်ပြီ။ ရွာမှာဆိုရင် တစ်ဝက်တော့ ကျန်အုံးမယ်။ လူဦးရေတော့ မသိရဘူး။ ဟူးမန်းရွာကလူလည်း အခုလောလောဆယ်တော့ နမ့်ဆန်ကနေ အယောက် ၃၀၀ ကျော်တော့ လာကြိုသွားတယ်။ ရွာမှာဆိုရင် ကျန်တဲ့သူတွေက ကျန်တာပေါ့”

ကုန်းသာရွာ (ရဝ်ဘြာန်း)ခံတွေကိုလည်း အဆက်အသွယ် မရသေးသလို တိုက်ပွဲရှောင်လာလို့ မရကြသေးပဲ ပိတ်မိနေတယ်လို့ သူက ဆက်ပြောပါတယ်။ ကုန်းသာရွာခံနဲ့ ရွှေဖီမြေက နောက်ဆုံးအဆက်အသွယ်ရချိန်မှာ သူတို့ရွာထဲကို စစ်ကောင်စီတပ်တွေ ရှိနေပြီး ဖုန်းလက်ခံဖြေကြားလို့ အဆင်မပြေတဲ့အတွက် ဖုန်းပြန်ချသွားပါတယ်။

ကုန်းသာနဲ့ ဟူးမန်းရွာကြားမှာ စစ်ကောင်စီရဲ့ လေယာဥ္တစ်စီးတော့ ကျသွားပြီလို့ ဒေသခံတွေက ပြောပေမယ့် ရွှေဖီမြေက အတည်မပြုနိုင်သေးပါဘူး။
ဇယန်းကြီးကျောင်းမှာ လက်ရှိ စစ်ရှောင် ၂၀၀ နီးပါး ရောက်ရှိလာပြီဖြစ်ပြီး နောက်ထပ် စစ်ရှောင် ၅၀၀ ဝန်းကျင် ထပ်ရောက်လာမယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ရှောင်တွေအတွက် လောလောဆယ်အစားအသောက် လုံလောက်ပေမယ့် နောက်ရက်တွေအတွက် လိုအပ်ချက် ရှိလာမယ်လို့ ပြောပါတယ်။ TNLA တပ်စခန်းအနီးမှာ ဒီဇင်ဘာ ၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်ကစပြီး တိုက်ပွဲဖြစ်ပွားနေပြီးတော့ ဒီနေ့အထိ နမ့်ဆန်၊ မန်တုံမြို့ပေါ်ရှိ တပ်စခန်းကုန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး လေကြောင်းကနေလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

#ဓာတ်ပုံ- Local (ဇယန်းကြီးကျောင်းသို့ ရောက်လာတဲ့ စစ်ရှောင်တွေ)

ကုန္းသာေက်းရြာခံေတြ ရြာကေန ထြက္ခြာလို႔မရေအာင္ စစ္ေကာင္စီတပ္က ပိတ္ပင္ထား

ေရႊဖီေျမ၊ ဒီဇင္ဘာ ၉ ရက္၊ နမ့္ဆန္

တအာင္းတပ္မေတာ္ TNLA နဲ႔ စစ္ေကာင္စီတို႔အၾကား တိုက္ပြဲျပင္းထန္မႈေၾကာင့္ နမ့္ဆန္ၿမိဳ႕နယ္က ေက်းရြာအခ်ိဳ႕မွ ေဒသခံေတြဟာ ၿမိဳ႕ေပၚကို စစ္ေရွာင္လာၾကေပမယ့္ တိုက္ပြဲ ျဖစ္ပြားေနတဲ့ ကုန္းသာရြာခံေတြက ထြက္ေျပးလို႔မရဘဲ စစ္ေကာင္စီက ပိတ္ပင္ထားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

တိုက္ပြဲနဲ႔နီးတဲ့ ေက်းရြာ ၅ ရြာက ေဒသခံေတြဟာ ၿမိဳ႕ေပၚ ကးရွိ ဇယန္းႀကီးေက်ာင္းမွာ ေရာက္ရွိလာၾကၿပီျဖစ္ၿပီး ထက္ဝက္ကေတာ့ မန္လုံရြာမွာ စုေပါင္းေနထိုင္ၾကတယ္လို႔ သြားေရာက္ ကူညီေပးတဲ့ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ဒီမွာေတာ့ အေျခအေန စိုးရိမ္ရတယ္။ ေလယာဥ္နဲ႔ အေပၚကေနလဲ လွမ္းထုတယ္။ ၿပီးေတာ့ နမ့္ဆန္၊ မန္တုံကေနလဲ လက္နက္ႀကီးေတြ လွမ္းထုေနေတာ့ အ​ေျခအေနကေတာ့ မေကာင္းဘူး။ အားလုံးက မန္လုံးရြာမွာ စုေပါင္းၿပီး ေနၾကတယ္ ငါးရြာေပါ့။ အဲမွာဆိုရင္ မန္လုံး၊ ပိန္းလုံ၊ တာေလာတ္ရယ္၊ ဟူးမန္းရယ္ မန္လုံးလီေရွာရယ္ေပါ့။ တစ္ဝက္ကေတာ့ ၿမိဳ႕ေပၚကိုေရာက္ၿပီ။ ရြာမွာဆိုရင္ တစ္ဝက္ေတာ့ က်န္အုံးမယ္။ လူဦးေရေတာ့ မသိရဘူး။ ဟူးမန္းရြာကလူလည္း အခုေလာေလာဆယ္ေတာ့ နမ့္ဆန္ကေန အေယာက္ ၃၀၀ ေက်ာ္ေတာ့ လာႀကိဳသြားတယ္။ ရြာမွာဆိုရင္ က်န္တဲ့သူေတြက က်န္တာေပါ့”

ကုန္းသာရြာ (ရဝ္ၾဘာန္း)ခံေတြကိုလည္း အဆက္အသြယ္ မရေသးသလို တိုက္ပြဲေရွာင္လာလို႔ မရၾကေသးပဲ ပိတ္မိေနတယ္လို႔ သူက ဆက္ေျပာပါတယ္။ ကုန္းသာရြာခံနဲ႔ ေရႊဖီေျမက ေနာက္ဆုံးအဆက္အသြယ္ရခ်ိန္မွာ သူတို႔ရြာထဲကို စစ္ေကာင္စီတပ္ေတြ ရွိေနၿပီး ဖုန္းလက္ခံေျဖၾကားလို႔ အဆင္မေျပတဲ့အတြက္ ဖုန္းျပန္ခ်သြားပါတယ္။

ကုန္းသာနဲ႔ ဟူးမန္းရြာၾကားမွာ စစ္ေကာင္စီရဲ့ ေလယာဥၱစ္စီးေတာ့ က်သြားၿပီလို႔ ေဒသခံေတြက ေျပာေပမယ့္ ေရႊဖီေျမက အတည္မျပဳနိုင္ေသးပါဘူး။
ဇယန္းႀကီးေက်ာင္းမွာ လက္ရွိ စစ္ေရွာင္ ၂၀၀ နီးပါး ေရာက္ရွိလာၿပီျဖစ္ၿပီး ေနာက္ထပ္ စစ္ေရွာင္ ၅၀၀ ဝန္းက်င္ ထပ္ေရာက္လာမယ္လို႔ စစ္ေရွာင္ကူညီသူေတြက ေျပာပါတယ္။

စစ္ေရွာင္ေတြအတြက္ ေလာေလာဆယ္အစားအေသာက္ လုံေလာက္ေပမယ့္ ေနာက္ရက္ေတြအတြက္ လိုအပ္ခ်က္ ရွိလာမယ္လို႔ ေျပာပါတယ္။ TNLA တပ္စခန္းအနီးမွာ ဒီဇင္ဘာ ၇ ရက္ ေန႔လယ္ ၂ နာရီဝန္းက်င္ကစၿပီး တိုက္ပြဲျဖစ္ပြားေနၿပီးေတာ့ ဒီေန႔အထိ နမ့္ဆန္၊ မန္တုံၿမိဳ႕ေပၚရွိ တပ္စခန္းကုန္းကေန လက္နက္ႀကီးေတြ ပစ္ခတ္ေနၿပီး ေလေၾကာင္းကေနလည္း ထိုးစစ္ဆင္တိုက္ခိုက္ေနပါတယ္။

#ဓာတ္ပုံ- Local (ဇယန္းႀကီးေက်ာင္းသို႔ ေရာက္လာတဲ့ စစ္ေရွာင္ေတြ)

(ေရြဖီေျမသတင္းဌာန ခြင့္ျပဳခ်က္နဲ႔ ျပန္လည္ေဖာ္ျပတာျဖစ္ပါတယ္။)

 

crd

Leave a Reply

Your email address will not be published. Required fields are marked *