စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက
ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိတယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီက ရင်ပေါင်တိုင်ကျေးရွာကို ဝင်ရောက်စီးနင်းစဥ်မှာ လေကြောင်းက ပစ်ခတ်ခဲ့လို့အနည်းဆုံး ဆယ်ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
အဲဒီအထဲမှ အသက် (၁၁) နှစ်အရွယ် လေးတန်းကျောင်းသူ မခိုင်ခိုင်ဝင်း လည်းအပါအဝင်ပါ။
အခုဆိုရင် မခိုင်ခိုင်ဝင်း သေဆုံးခဲ့တာ (၄) လ ကျော်ခဲ့ပြီ ဖြစ်ပေမဲ့ ကျန်ရစ်ခဲ့တဲ့ မိဘနှစ်ပါးကတော့ ရင်နင့်အောင်ခံစားနေကြရတုန်းပါပဲ။
အဲဒီနေ့က ဖြစ်စဥ်အကြောင်း မခိုင်ခိုင်ဝင်း ရဲ့ မိဘနှစ်ပါး ပြောကြားချက် ရုပ်သံမှာကြည့်ပါ။


ဘီဘီစီမြန်မာပိုင်း