မြို့နယ် ၁၆ ခု မီးပေးမယ့်အချိန်ဇယားကို လျှပ်စစ်ဌာနထုတ်ပြန်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကနေ ဦးစားပေးအဆင့် (က) ထဲမှာပါတဲ့ မြို့နယ် ၁၆ ခုကို မီးအလှည့်ကျပေးမယ့် အချိန်ဇယား ဒီနေ့ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဦးစားပေး အဆင့် (က) မှာပါဝင်တဲ့မြို့နယ်တွေကတော့ ရန်ကုန်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တာမွေ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့မကြေညာခင်ကတည်းက ပျက်နေတာဆိုတော့ ကိုယ့်ဘာသာကိုယ် အမှတ်အသားထားရတယ်။ မနက် ၉ နာရီဆို မီးပျက်မယ်ဆို နေ့လယ် ၁ နာရီမှ လာမယ်ပေ့ါ။ မနက် ၉ နာရီ မီးလာရင်တော့ နေ့လယ် ၁ နာရီဆို ပျက်ပြီပေါ့။ အခုလိုထုတ်ပြန်တော့လည်း သိထားရတာပေါ့။ မီတာတွေဆောင်လည်း ပျက်တာက ပျက်မှာပါပဲ” လို့ လှိုင်မြို့နယ်က ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲဒီထဲကနေ အုပ်စု အေ၊ ဘီ ခွဲထားပြီး မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ အလှည့်ကျဓာတ်အားပေးမှာ ဖြစ်ပါတယ်။ ညနေ ၄ နာရီကနေ မနက် ၉ နာရီအထိကတော့ အားလုံးကို ဓာတ်အား ဖြန့်ဖြူးပေးမယ်လို့ သိရပါတယ်။

တောင်ဥက္ကလာစက်မှုဇုန်ကိုလည်း မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိသာ ဓာတ်အားပေးတော့မှာ ဖြစ်ပေမယ့် အဲဒီမြို့နယ်တွေထဲက ဆေးရုံတွေနဲ့ အရေးကြီးဌာနဆိုင်ရာတွေကိုတော့ ၂၄ နာရီ ဓာတ်အားပေး မှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

crd

Leave a Reply

Your email address will not be published. Required fields are marked *