မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအတွက် အကျိုး စီးပွား ဖြစ်နေ သည့် ဦးပိုင် ကုမ္ပဏီ နှင့်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်လုပ်ငန်း များ အဖြစ် NUG အစိုးရက ကြေညာ
ရန်ကုန်၊ ဒီဇင်ဘာ ၆
မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီးများအတွက်သာ အကျိုးစီးပွားဖြစ်နေသော မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးတို့ကို အကြမ်း ဖက် အုပ်စု၏ စီးပွားရေးလုပ်ငန်းများ အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အကြမ်း ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန် ကြေ ညာလိုက်သည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့သည် မင်းအောင်လှိုင် ဦး ဆောင်သည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် စီးပွားရေးလုပ်ငန်းပေါင်းစုံအား လက်ဝါးကြီး အုပ်ချယ်လှယ်၍ နှစ်စဉ် ဘဏ္ဍာ ရန်ပုံ ငွေများစွာ ရှာဖွေထောက်ပံ့လျက်ရှိကြောင်း၊ အဆိုပါ ဘဏ္ဍာရန်ပုံ ငွေများ သည် အကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အရာရှိကြီး များ အတွက်သာ အကျိုး စီးပွားဖြစ်ထွန်းလျက်ရှိပြီး အောက်ခြေအကြပ်၊စစ်သည် များမှာ ခံစားခွင့်မရှိသလောက် နည်းပါးလျက် ရှိကြောင်း ယင်းထုတ်ပြန် ချက် တွင်ဖော်ပြထားသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက် မှုတိုက်ဖျက် ရေးဗဟို အဖွဲ့က အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူ ညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှု တိုက် ဖျက် ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မ ခွဲ (ဃ) အရ အကြမ်းဖက်အုပ်စုပိုင် ပစ္စည်း များအဖြစ် သတ်မှတ်၍ အများပြည်သူ အကျိုးစီးပွား အလို့ငှာ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နှင့်အညီ ထိန်းချုပ် စီမံခန့်ခွဲသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်ကြီးများ။
စစ္တပ္ပိုင္ ဦးပိုင္ကုမၸဏီကို အၾကမ္းဖက္အျဖစ္ NUG ေၾကညာ
မင္းေအာင္လွိုင္ႏွင့္ စစ္ဗိုလ္ခ်ဳပ္မ်ားအတြက္ အက်ိဳး စီးပြား ျဖစ္ေန သည့္ ဦးပိုင္ ကုမၸဏီ ႏွင့္ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းကို အၾကမ္းဖက္လုပ္ငန္း မ်ား အျဖစ္ NUG အစိုးရက ေၾကညာ
ရန္ကုန္၊ ဒီဇင္ဘာ ၆
မင္းေအာင္လွိုင္ႏွင့္ စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ားအတြက္သာ အက်ိဳးစီးပြားျဖစ္ေနေသာ ျမန္မာ့ စီးပြားေရး ဦးပိုင္လီမိတက္ ႏွင့္ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးတို႔ကို အၾကမ္း ဖက္ အုပ္စု၏ စီးပြားေရးလုပ္ငန္းမ်ား အျဖစ္ အမ်ိဳးသားညီညြတ္ေရး အစိုးရ(NUG) အၾကမ္း ဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕က ယေန႔ ဒီဇင္ဘာလ ၆ ရက္ေန႔တြင္ ထုတ္ျပန္ ေၾက ညာလိုက္သည္။
ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္ ႏွင့္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းတို႔သည္ မင္းေအာင္လွိုင္ ဦး ေဆာင္သည့္ အၾကမ္းဖက္စစ္အုပ္စု သက္ဆိုးရွည္ေစရန္ စီးပြားေရးလုပ္ငန္းေပါင္းစုံအား လက္ဝါးႀကီး အုပ္ခ်ယ္လွယ္၍ ႏွစ္စဥ္ ဘ႑ာ ရန္ပုံ ေငြမ်ားစြာ ရွာေဖြေထာက္ပံ့လ်က္ရွိေၾကာင္း၊ အဆိုပါ ဘ႑ာရန္ပုံ ေငြမ်ား သည္ အၾကမ္းဖက္စစ္တပ္၏ ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ အရာရွိႀကီး မ်ား အတြက္သာ အက်ိဳး စီးပြားျဖစ္ထြန္းလ်က္ရွိၿပီး ေအာက္ေျခအၾကပ္၊စစ္သည္ မ်ားမွာ ခံစားခြင့္မရွိသေလာက္ နည္းပါးလ်က္ ရွိေၾကာင္း ယင္းထုတ္ျပန္ ခ်က္ တြင္ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ အၾကမ္းဖက္ မႈတိုက္ဖ်က္ ေရးဗဟို အဖြဲ႕က အၾကမ္းဖက္မႈ တိုက္ ဖ်က္ေရးဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ(င) ႏွင့္ ပုဒ္မ ၇၂၊ ပုဒ္မခြဲ (ခ) ပါ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ ျပည္ေထာင္စု အစိုးရအဖြဲ႕၏ သေဘာ တူ ညီခ်က္ျဖင့္ ဤအမိန႔္ေၾကာ္ျငာစာကို ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ယင္းအၾကမ္းဖက္အဖြဲ႕အစည္းမ်ား၏ ပိုင္ဆိုင္မႈအားလုံးကို အၾကမ္းဖက္မႈ တိုက္ ဖ်က္ ေရး ဥပေဒပုဒ္မ ၃၊ ပုဒ္မ ခြဲ (ဃ) အရ အၾကမ္းဖက္အုပ္စုပိုင္ ပစၥည္း မ်ားအျဖစ္ သတ္မွတ္၍ အမ်ားျပည္သူ အက်ိဳးစီးပြား အလို႔ငွာ အၾကမ္း ဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ (ဌ) ႏွင့္အညီ ထိန္းခ်ဳပ္ စီမံခန႔္ခြဲသြားမည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ဓာတ္ပုံ- အၾကမ္းဖက္မင္းေအာင္လွိုင္ႏွင့္စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ား။