မင်းအောင်လှိုင်က လျှပ်စစ်မီးချွေတာရမည်ဟု ပြောဆိုပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ၂၄ နာရီပါး မီးပြတ်တောက်နေပြီး ပြည်သူများ အတိဒုက္ခရောက်နေရ
(ဘယ်မြို့တွေ မီးပြတ် ကြသေးလဲ ကွန်မန့်ရေး မန့်နိုင်ပါတယ်)
ရန်ကုန်၊ ဒီဇင်ဘာ ၄
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လျှပ်စစ်မီး ချွေတာရမည်ဟု စစ်ကောင်စီ အစည်း အဝေးတွင် ထုတ် ဖော်ပြောဆိုပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီးများ ၂၄ နာရီနီးပါး ပြတ်တောက်နေပြီး ပြည်သူများ အတိဒုက္ခရောက်နေရကြောင်း ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေး တွင် အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လိုအပ်ချက် ကြီးမားလာနိုင်၍ အလေ အလွင့် ဖြစ် စေမည့် ဓာတ်အားသုံးစွဲမှုများကို လျှော့ချကြစေလိုကြောင်း၊ ချွေတာရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ရန်ကုန်မြို့တော်၊ မန္တလေးမြို့၊ နယ်မြို့ကြီးများနှင့် မြို့နယ်အများစုတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နောက် ပိုင်း လျှပ်စစ်မီး ပြတ်တောက်မှု အလွန်ဆိုးဝါးနေကြောင်း သိရှိရသည်။
“မနက်လည်း မီးက ပြတ်တယ်။ ညလည်းမီးက ပြတ်တယ်။ ဘယ်အချိန်လာတာလဲမသိဘူး။ မနက် ဆိုရင် ၁ နာရီ လောက်လာပြီး ၅ နာရီလောက်ပြတ်သွားတယ်။ ညဆိုရင်လည်း ည ၁၀ နာရီလောက် ကပြတ်တာ မနက် ၈ နာရီ အထိ မလာဘူး။ အထပ်မြင့်တိုက်ဆိုတော့ ရေလည်းမရဘူး။ မအလ ပေးတဲ့ ဒုက္ခတွေ ပြည်သူတွေ ခါးစည်းခံနေရတယ်” ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
အလားတူ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ၊ ဧရာ၀တီတိုင်းတို့တွင်လည်း မီးများ ပြတ် တောက်မှု အခြေအနေ ဆိုးဝါးလာကြောင်း သိရှိရသည်။
“မီးကတော့ မလာတာများတယ်။ ညပိုင်းလေးတွေ ခဏလာတာမျိုးပဲရှိတယ်။ နေ့လည်း တြပ်တယ်။ ညလည်း ပြတ် တယ်။ အမြဲပြတ် ။ မီးလာတဲ့အချိန်က တစ်နေ့မှာ ၂၄ နာရှိရရင် နာရီ ၂၀ ကျော် လောက် မီးပြတ်နေတာ” ဟု မန္တလေး ဒေသခံတစ်ဦးကလည်းပြောဆိုသည်။
ယခုကာလသည် ဆောင်းတွင်းဟုဆိုသော်လည်း ညအချိန် အမြဲလိုလို ရာသီဥတု ပူအိုက်နေသဖြင့် မြို့ပြ ပြည်သူများမှာ မီးပြတ်ချိန် အတိဒုက္ခရောက်ကြပြီး ရေလည်း မရရှိကြောင်း သိရှိရသည်။
“ရေသန့် ၂၀ လီတာ ဗူးကြီးတွေပဲ ဗူး ၂၀ ၊ ၃၀ မှာပြီး သုံးနေရတယ်။ ဂျိုးဖြူရတဲ့အချိန် မီးကမလာ၊ အဝီစိရေကလည်း မီးလာချိန် ၀ိုင်းပြီး ရေတင်ကြတော့ ရေကြောခမ်းတယ်ထင်ပါတယ်။ အတော် အဆင်မပြေဘူး။ နယ်မှာ အိမ်မီးရှို့ခံနေရပြီး ထွက်ပြေးနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခနဲ့စာရင်တော့ ကျနော်တို့ ဒုက္ခက အဲဒီလောက်မဟုတ်ပါဘူး” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က လျှပ်စစ်ဓာတ်အားဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးများ ဖြစ်သည့် လျှပ်စစ်ကား၊ လျှပ်စစ်ရထားများကို အကောင်အထည်ဖော်မည်ဟု မကြာခဏ ထုတ် ဖော်ပြောဆိုနေပြီး ယခုလည်း ထပ်မံ၍ ၎င်း၏ အိပ်မက်ကို ယမန်နေ့ စစ်ကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားပြန်သည်။
ဓာတ်ပုံ- ရန်ကုန်တွင် ယခုရက်ပိုင်း မီးပြတ်နေသော မြို့နယ်တစ်ခု။
မင္းေအာင္လွိုင္က လၽွပ္စစ္မီးေခၽြတာရမည္ဟု ေျပာဆိုၿပီးေနာက္ ျမန္မာနိုင္ငံတစ္ဝန္း ၂၄ နာရီပါး မီးျပတ္ေတာက္ေနၿပီး ျပည္သူမ်ား အတိဒုကၡေရာက္ေနရ
ရန္ကုန္၊ ဒီဇင္ဘာ ၄
အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္က လၽွပ္စစ္မီး ေခၽြတာရမည္ဟု စစ္ေကာင္စီ အစည္း အေဝးတြင္ ထုတ္ ေဖာ္ေျပာဆိုၿပီးေနာက္ ျမန္မာနိုင္ငံတစ္ဝန္းတြင္ လၽွပ္စစ္မီးမ်ား ၂၄ နာရီနီးပါး ျပတ္ေတာက္ေနၿပီး ျပည္သူမ်ား အတိဒုကၡေရာက္ေနရေၾကာင္း ျပည္သူမ်ားက ရန္ကုန္ ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။
နိုဝင္ဘာလ ၂၄ ရက္ေန႔ ေနျပည္ေတာ္တြင္ ျပဳလုပ္ေသာ စစ္ေကာင္စီအစည္းအေဝး တြင္ အၾကမ္းဖက္ မင္းေအာင္လွိုင္က ျမန္မာနိုင္ငံတြင္ လၽွပ္စစ္ဓာတ္အားသုံးစြဲမႈ လိုအပ္ခ်က္ ႀကီးမားလာနိုင္၍ အေလ အလြင့္ ျဖစ္ ေစမည့္ ဓာတ္အားသုံးစြဲမႈမ်ားကို ေလၽွာ့ခ်ၾကေစလိုေၾကာင္း၊ ေခၽြတာရမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ရန္ကုန္ၿမိဳ႕ေတာ္၊ မႏၲေလးၿမိဳ႕၊ နယ္ၿမိဳ႕ႀကီးမ်ားႏွင့္ ၿမိဳ႕နယ္အမ်ားစုတြင္ နိုဝင္ဘာလ ၂၅ ရက္ေန႔ ေနာက္ ပိုင္း လၽွပ္စစ္မီး ျပတ္ေတာက္မႈ အလြန္ဆိုးဝါးေနေၾကာင္း သိရွိရသည္။
“မနက္လည္း မီးက ျပတ္တယ္။ ညလည္းမီးက ျပတ္တယ္။ ဘယ္အခ်ိန္လာတာလဲမသိဘူး။ မနက္ ဆိုရင္ ၁ နာရီ ေလာက္လာၿပီး ၅ နာရီေလာက္ျပတ္သြားတယ္။ ညဆိုရင္လည္း ည ၁၀ နာရီေလာက္ ကျပတ္တာ မနက္ ၈ နာရီ အထိ မလာဘူး။ အထပ္ျမင့္တိုက္ဆိုေတာ့ ေရလည္းမရဘူး။ မအလ ေပးတဲ့ ဒုကၡေတြ ျပည္သူေတြ ခါးစည္းခံေနရတယ္” ဟု တာေမြၿမိဳ႕နယ္မွ ျပည္သူတစ္ဦးက ေျပာသည္။
အလားတူ မေကြးတိုင္း၊ စစ္ကိုင္းတိုင္း၊ မႏၲေလးတိုင္း ၊ ဧရာ၀တီတိုင္းတို႔တြင္လည္း မီးမ်ား ျပတ္ ေတာက္မႈ အေျခအေန ဆိုးဝါးလာေၾကာင္း သိရွိရသည္။
“မီးကေတာ့ မလာတာမ်ားတယ္။ ညပိုင္းေလးေတြ ခဏလာတာမ်ိဳးပဲရွိတယ္။ ေန႔လည္း ၾတပ္တယ္။ ညလည္း ျပတ္ တယ္။ အျမဲျပတ္ ။ မီးလာတဲ့အခ်ိန္က တစ္ေန႔မွာ ၂၄ နာရွိရရင္ နာရီ ၂၀ ေက်ာ္ ေလာက္ မီးျပတ္ေနတာ” ဟု မႏၲေလး ေဒသခံတစ္ဦးကလည္းေျပာဆိုသည္။
ယခုကာလသည္ ေဆာင္းတြင္းဟုဆိုေသာ္လည္း ညအခ်ိန္ အျမဲလိုလို ရာသီဥတု ပူအိုက္ေနသျဖင့္ ၿမိဳ႕ၿပ ျပည္သူမ်ားမွာ မီးျပတ္ခ်ိန္ အတိဒုကၡေရာက္ၾကၿပီး ေရလည္း မရရွိေၾကာင္း သိရွိရသည္။
“ေရသန႔္ ၂၀ လီတာ ဗူးႀကီးေတြပဲ ဗူး ၂၀ ၊ ၃၀ မွာၿပီး သုံးေနရတယ္။ ဂ်ိဳးျဖဴရတဲ့အခ်ိန္ မီးကမလာ၊ အဝီစိေရကလည္း မီးလာခ်ိန္ ၀ိုင္းၿပီး ေရတင္ၾကေတာ့ ေရေၾကာခမ္းတယ္ထင္ပါတယ္။ အေတာ္ အဆင္မေျပဘူး။ နယ္မွာ အိမ္မီးရွို႔ခံေနရၿပီး ထြက္ေျပးေနရတဲ့ ျပည္သူေတြရဲ့ ဒုကၡနဲ႔စာရင္ေတာ့ က်ေနာ္တို႔ ဒုကၡက အဲဒီေလာက္မဟုတ္ပါဘူး” ဟု စမ္းေခ်ာင္းၿမိဳ႕နယ္၊ မင္းလမ္းတြင္ ေနထိုင္သူ ျပည္သူတစ္ဦးက ေျပာဆိုသည္။
အၾကမ္းဖက္ မင္းေအာင္လွိုင္က လၽွပ္စစ္ဓာတ္အားျဖင့္ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးမ်ား ျဖစ္သည့္ လၽွပ္စစ္ကား၊ လၽွပ္စစ္ရထားမ်ားကို အေကာင္အထည္ေဖာ္မည္ဟု မၾကာခဏ ထုတ္ ေဖာ္ေျပာဆိုေနၿပီး ယခုလည္း ထပ္မံ၍ ၎၏ အိပ္မက္ကို ယမန္ေန႔ စစ္ေကာင္စီအစည္းအေဝးတြင္ ထုတ္ေဖာ္ေျပာဆိုထားျပန္သည္။
ဓာတ္ပုံ- ရန္ကုန္တြင္ ယခုရက္ပိုင္း မီးျပတ္ေနေသာ ၿမိဳ႕နယ္တစ္ခု။
crd