ေအာင္လအန္ဆန္းကို အႏိုင္ယူၿပီး ကမာၻ႔ခ်န္ပီယံျဖစ္လာခဲ့သည့္ ဒီရစ္ဒါ ပထမအခ်ီတြင္ အလဲထိုးခံရၿပီး ခ်န္ပီယံခါးပတ္ လက္လႊတ္ခဲ့ရ
ONE Championship ကိုယ္ခံပညာသိုင္းေပါင္းစုံၿပိဳင္ပြဲ Mixed Martial Arts (MMA) လိုက္ဟဲဗီးဝိတ္ ကမာၻ႔ခ်န္ပီယံခါးပတ္လုပြဲတြင္ ရႈံးပြဲမရွိေသးသည့္
နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါသည္ ပထမအခ်ီ၌ပင္ အလဲထိုးခံရၿပီး ခ်န္ပီယံခါးပတ္ကို လက္လႊတ္လိုက္ရၿပီျဖစ္သည္။
ဒီဇင္ဘာလ ၃ ရက္တြင္ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕တြင္ ယွဥ္ၿပိဳင္ထိုးသတ္သြားခဲ့သည္ ONE MMA ပြဲတြင္ စိန္ေခၚသူ
႐ုရွားႏိုင္ငံသား အနာတိုလီ မာလိုင္ခင္က ဒီရစ္ဒါကို ပထမအခ်ီၿပီးခါနီး ၂၅ စကၠန႔္အလိုတြင္ အလဲထိုးျဖင့္ အႏိုင္ရရွိခဲ့ ျခင္းျဖစ္သည္။
ဒီရစ္ဒါသည္ ၎၏ပုံစံအတိုင္း ပြဲအစပိုင္း၌ မာလိုင္ခင္ကိုခ်ဳပ္ႏိုင္ရန္ အႀကိမ္ႀကိမ္ ႀကိဳးစားခဲ့ေသာ္လည္း
အနာတိုလီက အကပ္မခံဘဲ ေထာက္လက္သီး ၊ ဝိုက္လက္သီး၊ ပင့္လက္သီးမ်ားျဖင့္ ခ်ဳပ္ကြက္ကိုခုခံဟန႔္တားခဲ့သည္။
ပထမအခ်ီၿပီးရန္ စကၠန႔္ပိုင္းအလိုတြင္ အနာတိုလီ၏ လက္သီးခ်က္တခ်က္ ဒီေရဒါ၏မ်က္ႏွာကို ဒဲ့ထိမွန္လဲက်သြားခဲ့ၿပီး အနာတိုလီ၏
ေနာက္ဆက္တြဲလက္သီးထိုးခ်က္မ်ားကို ဒီေရဒါျပန္လည္မတုံ႔ျပန္ႏိုင္ေတာ့သည့္အတြက္ ဒိုင္ပြဲရပ္ျဖင့္ အနာတိုလီ မာလိုင္ခင္ အႏိုင္ရရွိခဲ့သည္။
အသက္ ၃၂ ႏွစ္အ႐ြယ္ ဒီရစ္ဒါ၏ ၁၆ ပြဲဆက္တိုက္ ရႈံးပြဲမရွိစံခ်ိန္ ယခုပြဲတြင္က်ိဳးပ်က္ခဲ့ရသည္။
ဒီေရဒါသည္ ONE Championship တြင္ ေအာင္လအန္ဆန္းကို ၂၀၂၀ ဒီဇင္ဘာလ မစ္ဒယ္ဝိတ္တန္း
ခ်န္ပီယံခါးပတ္လုပြဲႏွင့္ ၂၀၂၁ ဧၿပီလ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္လုပြဲတို႔၌ ႏွစ္ႀကိမ္စလုံး အႏိုင္ရရွိခဲ့သူျဖစ္သည္။
credit
Unicode
အောင်လအန်ဆန်းကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့သည့် ဒီရစ်ဒါ ပထမအချီတွင် အလဲထိုးခံရပြီး ချန်ပီယံခါးပတ် လက်လွှတ်ခဲ့ရ
ONE Championship ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ Mixed Martial Arts (MMA) လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲတွင် ရှုံးပွဲမရှိသေးသည့်
နယ်သာလန်နိုင်ငံသား ဒီရစ်ဒါသည် ပထမအချီ၌ပင် အလဲထိုးခံရပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်လိုက်ရပြီဖြစ်သည်။
ဒီဇင်ဘာလ ၃ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ယှဉ်ပြိုင်ထိုးသတ်သွားခဲ့သည် ONE MMA ပွဲတွင် စိန်ခေါ်သူ
ရုရှားနိုင်ငံသား အနာတိုလီ မာလိုင်ခင်က ဒီရစ်ဒါကို ပထမအချီပြီးခါနီး ၂၅ စက္ကန့်အလိုတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ ခြင်းဖြစ်သည်။
ဒီရစ်ဒါသည် ၎င်း၏ပုံစံအတိုင်း ပွဲအစပိုင်း၌ မာလိုင်ခင်ကိုချုပ်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း
အနာတိုလီက အကပ်မခံဘဲ ထောက်လက်သီး ၊ ဝိုက်လက်သီး၊ ပင့်လက်သီးများဖြင့် ချုပ်ကွက်ကိုခုခံဟန့်တားခဲ့သည်။
ပထမအချီပြီးရန် စက္ကန့်ပိုင်းအလိုတွင် အနာတိုလီ၏ လက်သီးချက်တချက် ဒီရေဒါ၏မျက်နှာကို ဒဲ့ထိမှန်လဲကျသွားခဲ့ပြီး အနာတိုလီ၏
နောက်ဆက်တွဲလက်သီးထိုးချက်များကို ဒီရေဒါပြန်လည်မတုံ့ပြန်နိုင်တော့သည့်အတွက် ဒိုင်ပွဲရပ်ဖြင့် အနာတိုလီ မာလိုင်ခင် အနိုင်ရရှိခဲ့သည်။
အသက် ၃၂ နှစ်အရွယ် ဒီရစ်ဒါ၏ ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ယခုပွဲတွင်ကျိုးပျက်ခဲ့ရသည်။
ဒီရေဒါသည် ONE Championship တွင် အောင်လအန်ဆန်းကို ၂၀၂၀ ဒီဇင်ဘာလ မစ်ဒယ်ဝိတ်တန်း
ချန်ပီယံခါးပတ်လုပွဲနှင့် ၂၀၂၁ ဧပြီလ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်လုပွဲတို့၌ နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့သူဖြစ်သည်။
credit