တော်လှန်ရေးကြီး အောင်ပြီးတဲ့အခါ ပရိသတ်အားလုံးနဲ့ ပြန်ဆုံချင်ပါသေးတယ်ဆိုတဲ့ မင်းသမီး ဖွေးဖွေး
ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေး ဟာ ချစ်ဖို့ကောင်းတဲ့သရုပ်ဆောင် မင်းသမီးချောပါ။




ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်နော်။
မိုးကုတ်သူလေးဖြစ်တဲ့ ဖွေးဖွေး ဟာ ဇာတ်ကားတိုင်းမှာ ပါဝင်တဲ့ကာရိုက်တာတိုင်းကို အကောင်းမွန်ဆုံး သရုပ်ဖော်တင်ဆက်နိုင်တာကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပါသေးတယ်။
မြန်မာနိုင်ငံရဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလဲ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေအချစ်ပိုကြရပြန်ပါတယ်။
မင်းသမီး ဖွေးဖွေး လောကကြီးရဲ့ တစ်နေရာမှာ အားလုံးနဲ့ပြန်ဆုံချင်ပါသေးတယ်လို့ ရင်ဖွင့်လိုက်ပါတယ်။




” အဖေ့အကြောင်းအိပ်မက်မက်တယ်…အရင်လိုပဲ သမီးကို ကားမောင်းပေးပြီး တူတူလျှောက် လည်နေကြတာ .. ပြုံးနေတာပဲ အဖေက အဲ့လိုနေ့တွေဆို အိပ်ပဲနေချင်တော့တယ် နိုးမလာချင်တော့ဘူး.. နိုးလာရင်လဲပို့ထားတဲ့
“ဖွေးကိုလွမ်းတယ်..“ ဆိုတဲ့ Message လေးတွေလိုက်ဖတ်ကြည့်မိပြီး ချစ်ရတဲ့ သူတွေကိုလွမ်းလွန်းလို့…ပန်းလေးတွေတွေ့တိုင်းလဲ…ကိုယ်မြတ်နိုးတန်ဖိုးထားခဲ့တဲ့ ရုပ်ရှင်တွေကို လွမ်းလွန်းလို့…
မထိတွေ့ရတာ ကြာခဲ့ပြီမို့.. . တနေ့နေ့တော့ လွမ်းတဲ့ အဲ့အကြောင်းလေးတွေ ပြန်ပြောပြခွင့် ရချင်ပါသေးရဲ့…လောကကြီးရဲ့ တနေရာမှာ…ပြန်ဆုံချင်ပါသေးရဲ့ …” လို့ဖွေးဖွေး ဟာ သူ့ရဲ့ လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။




ပုဒ်မ ၅၀၅ က ကြောင့် တိမ်းရှောင်နေရတဲ့ ဖွေးစိန် လေးကိုတော့ အားလုံးကလဲ လွမ်းနေကြပါတယ်။
ဖွေးစိန် လေးလဲ အနုပညာအလုပ်တွေ အမြန်ဆုံးပြန်လည်လုပ်ကိုင် နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Crd
Unicode












Crd